မန်စီးတီး - အဲဗာတန်
အဲဗာတန်ကတော့အဝေးကွင်းမှာ ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်နေပါတယ်။မန်စီးတီးကတော့ အဝေး
ကွင်းညံ့သလောက် အိမ်ကွင်းကြတော့ တော်တော်လေး ကိုကောင်းတာ သတိပြုမိကြမှာပါ။ မန်
စီးတီးနှစ်ဂိုးပြတ်မယ့်ပွဲဖြစ်ပါတယ်။
ဆန်းဒါးလန်း - မန်ယူ
ဒီပွဲမှ မန်ယူအနိုင်မကစားနိုင်ရင် မိုယက်စ်ပြဿနာတွေ့တော့မှာဖြစ်ပါတယ်။ ဆန်းဒါးလန်းကလည်း
ဆက်တိုက်ရှုံးနေတာဆိုတော့ မန်ယူကစားအားတင်ရင် ရနိုင်ပါတယ်။မန်ယူဂိုးပြတ်နိုင်မယ့်ပွဲဖြစ်ပါ
တယ်။
နော်ဝစ်ချ် - ချယ်လ်ဆီး
မော်ရင်ညိုအတွက်အရေးပါတဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲမှအနိုင်ရအောင်မကစား နိုင်ဘူးဆိုရင် သူလည်းဖိအားကြံုသွားတော့မှာဖြစ်ပါတယ်။ နော်ဝစ်ချ်ခံစစ်က ကောင်းတဲ့ ဘက်မှာရှိနေပေမယ့်
တိုက်စစ်က ရုန်းကန်နေရတုန်းဖြစ်သလို ခြေကလည်းမငြိမ်သေးပါဘူး။ ချယ်လ်ဆီးအနိုင်ပြတ်သား
ပါလိမ့်မယ်။
၀က်စ်ဘရွန်း - အာဆင်နယ်
ဒီနှစ်သင်းဟာ လိဂ်ဖလားပွဲမှာ ၁-၁ သရေကျလို့ ပင်နယ်တီကန်သွားကြရပါ တယ်။ အခုပွဲမှာတော့
အာဆင်ဝင်းဂါးဟာ သတိထားပြီး ဦးစားပေးကစားသမား တွေနဲ့ ပွဲထုတ်လာပါလိမ့်မယ်။ အာဆင်
နယ်အနိုင်ရမယ့်ပွဲဖြစ်ပါတယ်။
စပါး - ၀က်စ်ဟမ်း
စပါးရဲ့ ဒုတိယမြောက်လန်ဒန်ဒါဘီပွဲဖြစ်ပါတယ်။အိမ်ကွင်းမှာ ရှုံးပွဲမရှိသေး တဲ့ စပါးအခုပွဲမှာလည်း
ရှုံးပွဲတွေ့ဖို့လမ်းမမြင်ပါဘူး။ ၀က်စ်ဟမ်းမှာ တိုက်စစ်ကောင်းမရှိဖြစ်နေပါတယ်။ စပါးရဲ့အနိုင်က
ပြတ်သားပါလိမ့်မယ်။
လီဗာပူး - ခရစ္စတယ်ပဲလေ့စ်
လီဗာပူးကတော့ ဆောက်သမ်တန်ပွဲလို အငိုက်မိမယ့်ပွဲမဟုတ်ပါဘူး။ ခရစ္စတယ်ဒုတိယပိုင်းရောက်
ရင် ကစားအားကျသွားတတ်တာကိုတွေ့နေရပါတယ်။ လီဗာပူးအနိုင်ပြတ်သားသွားပါလိမ့်မယ်။
ဆောက်သမ်တန် - ဆွမ်ဆီး
ပိုချက်တီနိုနဲ့ လောဒရပ်အားပြိုင်ကြမယ့်ပွဲဖြစ်ပါတယ်။ နှစ်သင်းစလုံးပြင်ဆင် အားကောင်းကြတဲ့
အသင်းတွေဖြစ်နေပါတယ်။ ကြည့်ကောင်းမယ့်ဒီပွဲမှာ အိမ်ရှင်ထက်ဆွမ်ဆီးကို ပိုကြိုက်ပါတယ်။
ဟားလ်စီးတီး - ဗီလာ
နှစ်သင်းစလုံးရလဒ်တွေကောင်းနေပါတယ်။ နှစ်ပွဲဆက်တိုက်နှစ်သင်းစလုံး အနိုင်ရနေကြပါတယ်။
ဗီလာဂိုးကောင်းနေတာကိုထည့်တွက်ရတော့မယ့်အချိန် ကိုရောက်လာပြီဖြစ်ပါတယ်။ ဗီလာကို
ကြိုက်ပါတယ်။
ဖူလ်ဟမ် - စတုတ်
ဖူလ်ဟမ်ကတော့ အခုထိအိမ်ကွင်းမှာ နိုင်ပွဲမရသေးတဲ့အသင်းဖြစ်ပါတယ်။ ကစားပုံကောင်း
သယောင်ရှိပေမယ့် အတွဲမမိသေးဘဲဖြစ်နေပါတယ်။ စတုတ် ကလည်း နှစ်ပွဲဆက်တိုက်ပြန်ရှုံးနေ
ပါတယ်။ ခြေမကွာတဲ့နှစ်သင်းပွဲမှာ အိမ်ရှင် ကိုပဲ ရွေးရမှာ ဖြစ်ပါတယ်။
ကာဒစ်ဖ် - နယူးကာဆယ်
ကာဒစ်ဖ်ရဲ့ အိမ်ကွင်းကစားပုံကထူးခြားပါတယ်။ ပရိသတ်အားပေးမှုလည်း ကောင်းပါတယ်။ အသင်းလိုက်စုစည်းမှုရှိနေတာလည်းတွေ့ရပါတယ်။အထူးသဖြင့် ထောင့်ကန်ဘောတွေကနေ ေ
ခါင်းတိုက်ဂိုးသွင်းရာမှာ အကောင်းဆုံး အသင်းဖြစ်နေပါတယ်။အိမ်ကွင်းမို့ဖိကစားထားပါလိမ့်မယ်။
နယူးကာဆယ်ကစားပုံမဆိုးပေမယ့် ခံစစ်မှာပဲ ဘောလုံးကများနေမယ့်ပုံမှာ ရှိနေပါတယ်။ ကာဒစ်ဖ်
ကိုကြိုက်ပါတယ်။














