ချယ်ရီမြေ - တိုကျိုက Ariake Coliseum မှာ ကျင်းပပြီးစီးခဲ့တဲ့ Pan Pacific Open
အမျိုးသားတင်းနစ်ပြိုင်ပွဲဟာ WTA Tour ရဲ့ ပွဲစဉ်တစ်ရပ်ဖြစ်သလို ထိပ်တန်းအဆင့် တင်းနစ်ငွေ
ကြယ်ပွင့် တွေ အများအပြား ၀င်ရောက်ယှဉ်ပြိုင် ကြစမြဲဖြစ်တာကြောင့် ပရိသတ် အားပေးမှုများ
ပြားတဲ့ အထင်ကရပွဲစဉ် တစ်ရပ်ပဲဖြစ်ပါတယ်။
အခုနှစ် ပင် ပစိဖိတ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကိုတက်ရောက်လာခဲ့သူ စတားတင်းနစ်မယ်နှစ်ဦး
က တော့ ဆီဒင် (၇)ရ ချက်ငွေကြယ်ပွင့် ကီဗစ်တိုဗာနဲ့ ဆီဒင်(၅)ရ ဂျာမနီ စတား အင်ဂျယ်လစ်
ကာကာတို့ပဲဖြစ်ပါတယ်။
ပရိသတ် တစ်သောင်းနီးပါး လာရောက်အားပေးခဲ့ကြတဲ့ ဒီဗိုလ်လု ပွဲဟာ စုစုပေါင်းကစားချိန် တစ်
နာရီ ၃၉ မိနစ်ပဲ ကြာမြင့်ခဲ့ပြီး ချက်တင်းနစ် မယ် ကီဗစ်တိုဗာက ၆-၂၊ ၀-၆၊ ၆-၃ နဲ့ အနိုင်ရရှိ ဗိုလ်စွဲ
ခဲ့တာကို ပရပ်ဂ်မီဒီယာတွေကလည်း ကောင်းချီးပေးမဆုံးဖြစ်နေရပါတယ်။ ၂၀၁၁ ၀င်ဘယ်လ်ဒန်
ဂရင်း ဆလမ်ဆုဖလားတစ်လုံးအား ပိုင်ဆိုင်ထားပေမယ့် ကမ္ဘာ့ အဆင့်(၁၁)နေရာမှာ ရပ်တည်ခဲ့
သူ ဘယ်သန်တင်းနစ်မယ်ဟာ အခုတိုကျိုမြေမှာ ချန်ပီယံဆုဖလားပိုင်ဆိုင်ခဲ့အပြီးမှာ ကမ္ဘာ့အဆင့်
(၇)နေရာ ကို လှမ်းတက်လာနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
၂၀၀၆ ကာလမှ ပရော်ဖက်ရှင်နယ်ဘဝ စတင် ခဲ့သူ ဗစ်တိုဗာဟာ အခု ပင်ပစိဖိတ် ဖလားအပါ
အဝင် ချန်ပီယံဆုဖလား ၁၁ လုံးတိတိ ပိုင်ဆိုင်ခွင့်ရထားပြီး ဂရင်းဆလမ် လေးလုံး အိပ်မက်
အကောင်အထည်ဖော်ဖို့ကတော့ ဩစတြေးလျအိုးပင်း၊ ပြင်သစ်အိုးပင်း နဲ့ နာမည်ကြီး ယူအက်စ်
အိုးပင်းတို့ကို ခက်ခက်ခဲခဲလှမ်းဆွတ်ရဦးမှာပဲ ဖြစ်ပါတယ်။
အခု တိုကျိုဗိုလ်လုပွဲမှာ ပြိုင်ဘက်နှစ်ဦး ဟာ လက်ရည်ချင်းညီခဲ့တာကြောင့် ပွဲက အကြိတ်
အနယ်ရှိခဲ့ပြီး တတိယအဆုံးအဖြတ်ပွဲစဉ်မှာမှ ချက်စတားမလေးက တည်တည်ငြိမ်ငြိမ် အမှား
အယွင်းကင်းကင်းနဲ့ ရိုက်နိုင်ခဲ့တာကြောင့် အခုလိုချန်ပီယံဆုဖလားနဲ့ ဆုကြေးဒေါ်လာ လေးသိန်း
သုံးသောင်းကို ပိုင်ဆိုင်ခွင့်ရခဲ့ခြင်းပဲဖြစ်ပါတယ်။
အခုနှစ် WTA ပြိုင်ပွဲမှာ ဒုတိယမြောက် ချန်ပီယံဆုဖလား ရယူနိုင်ခဲ့သူ ကီဗစ်တိုဗာက "ဗိုလ်လုပွဲ
မစခင်ကတည်းက ဒီပွဲဟာ ခက်ခက်ခဲခဲ ရုန်းကန်ရမယ်ဆိုတာ သဘောပေါက်ထားပါတယ်။ ကမ္ဘာ့
အဆင့်(၉)ကို အနိုင်ကစားဖို့ မလွယ်လှပေမယ့် နောက်ဆုံးပွဲစဉ်မှာ ကျွန်မအမှားအယွင်းနည်းခဲ့တာ
ကြောင့် အခုလိုဗိုလ်စွဲနိုင်ခဲ့ခြင်းပါပဲ။ ဂရင်းဆလမ်လေးလုံးအိပ်မက် အကောင်အထည်ဖော်ဖို့ လာ
မယ့် WTA ရာသီမှာ ကြိုးစားသွားရဦးမှာပါ။ လှိုက်လှိုက်လှဲလှဲအားပေး ခဲ့ကြတဲ့ ပရိသတ်တွေကို
ကျေးဇူး ကမ္ဘာပါ"လို့ ၀မ်းမြောက်ကြည်နူးစကားဆိုသွားပါတယ်။
ကမ္ဘာအဆင့်(၂)နေရာ ကို ၂၀၁၁ ကာလမှာ တက်လှမ်းနိုင်ခဲ့ဖူးသူ ချက်တင်းနစ်မယ် ဗစ်တိုဗာဟာ
ဘယ်သန်တင်းနစ်မယ်တွေထဲမှာ၊ထင်ရှားသူတစ်ဦးပဲဖြစ်ပါ တယ်။ အရပ် ခြောက်ပေမြင့်မား ပြီး
အားပါတဲ့ ဘယ်ရိုက်ချက်တွေက ပြိုင်ဘက်တွေကို အခက်တွေ့စေခဲ့ တာဖြစ်ပြီး ပရော်ဖက်ရှင်
နယ်ဘဝ တစ်လျှောက်မှာ ဆုကြေးဒေါ်လာ ၁၀ သန်းကျော်ပိုင်ဆိုင်ထားသူ ချက်နိုင်ငံဂုဏ်ဆောင်
အားကစားငွေကြယ်ပွင့်တစ်ပွင့်ပဲဖြစ်ပါတယ်။
ဂန္ထဝင် မာတီနာနာဗရာတီလိုဗာကို ငေးမောအားကျရင်း တင်းနစ်ကမ္ဘာကို ခြေချလာခဲ့သူ ဟာ
အခုနှစ် ဂရင်းဆလမ်ဖွင့်ပွဲ ဩစတြေးလျအိုးပင်းမှာတော့ ဆီဒင်(၈)ရခဲ့ပြီး ရာသီဦးဆုဖလားကို
တော့ ဒူဘိုင်းချန်ပီယံရှစ်ပြိုင်ပွဲမှာ ရယူနိုင် ခဲ့ပြီး ပြင်သစ်အိုးပင်းနဲ့ ယူအက်စ်အိုးပင်းတွေမှာတော့
တတိယပွဲစဉ်တွေအဆင့်ထိပဲ ရောက်ရှိခဲ့သူဖြစ်ပါတယ်။
Hardcourt ပြိုင်ပွဲတွေမှာ အနိုင်ရလေ့ရှိတတ်သူ ချက်တင်းနစ်မယ်ဟာ အခု Top 10 စာရင်းဝင်
လာခဲ့ပြီဖြစ် ပါတယ်။ ဒါကြောင့် ကမ္ဘာ့အဆင့်(၇)ချက်ငွေကြယ်ပွင့် ကီဗစ်တိုဗာရဲ့ WTA ပြိုင်ပွဲ
ပွဲစဉ်တွေကို စောင့်မျှော် အားပေးရင်း...။
















