ဒီတစ်ပတ်လည်း ရီးယဲလ်ကို ဆက်ပြီး ဆန့်ကျင်ထားမယ်

ဒီတစ်ပတ်လည်း ရီးယဲလ်ကို ဆက်ပြီး ဆန့်ကျင်ထားမယ်

လီဗန်တေး - ရီးယဲလ်မက်ဒရစ်
လာလီဂါမှာတော့ ရီးယဲလ်အတွက် စောစောစီးစီးပဲ ဖိအားတွေ ပြန်ဝင်လာ နေပါပြီ။ မော်ရင်ညို
လက်ထက်က ကြံုခဲ့တဲ့အဖြစ်ဆိုးတွေကို ပြောင်းလဲ ပစ်နိုင်ဖို့ အန်ဆယ်လော့တီနဲ့ အစား ထိုး၊
ကမ္ဘာ့စံချိန်တင်ကြေးတွေပေးပြီး ငွေတွေသုံးပြကာ ကစားသမားသစ် တွေခေါ် စတဲ့ပြင်ဆင်မှုမျိုး
တွေ ပြုလုပ် ပြခဲ့ပေမယ့်လည်း ရာသီအစမှာတော့ ရီးယဲလ်ရဲ့အနေအထားဟာ သိသာတဲ့ ပြောင်း
လဲမှုမျိုး မမြင်ခဲ့ရပါဘူး။

အခုဆိုရင် ရီးယဲလ်က ခုနစ်ပွဲကစား ပြီးချိန်မှာ တစ်ပွဲရှုံး၊ တစ်ပွဲသရေ၊ ငါးပွဲ နိုင် ကစားထားနိုင်
ပေမယ့် သူတို့ထက် ခြေစွမ်းပိုတည်ငြိမ်နေတဲ့ ဘာစီလိုနာနဲ့ အလက်တီကိုတို့ကြောင့် အခုဆိုရင်
အဲဒီထိပ်ဆုံး နှစ်သင်းနဲ့ ငါးမှတ်အထိ ကွာဟသွားခဲ့ပါပြီ။

ဒါဟာ ရီးယဲလ်အတွက် ဖိအားတွေဝင်လာဖို့ လမ်းစ တစ်ခု စတင်ပေါ်ပေါက်လာနေတာပါပဲ။
အလက်တီကိုနဲ့ပွဲမှာတောင် ရီးယဲလ်ပရိသတ်တွေက အန်ဆယ်လော့တီအပေါ် လှောင်ပြောင်
မှုတွေစပြီးပြုလုပ်ခဲ့ကြတာဟာ နည်းပြနဲ့ ကစားသမားတွေ အားလုံးအတွက် ဖိအားတွေ ပိုများ
လာစေခဲ့ပါတယ်။

အခုတစ်ပတ်လည်း လီဗန်တေးရဲ့ကွင်း ကိုသွားပြီး ကစားရဦးမှာဆိုတော့ ရီးယဲလ်အတွက် ခက်ခဲ
တဲ့ပွဲတစ်ပွဲကို ထပ်ပြီးကျော်ဖြတ်ပြရဦးမယ့် အနေ အထားမျိုးပေါ်နေပါတယ်။ ရီးယဲလ်ဟာ အန်
ဆယ်လော့တီ လက်ထဲမှာ တိုက်စစ်အားပြုပုံစံနဲ့ ပွဲထွက်လာနေတယ်ဆိုပေမယ့်လည်း အသင်းရဲ့
ကစားပုံက စုစည်းမှုပိုင်းမှာ လိုအပ်နေသေးသလို တိုက်စစ်ပိုင်းက ဂိုးသွင်းယူနိုင်မှုပိုင်းမှာလည်း
အားရ စရာသိပ်မရှိလှသေးပါဘူး။

အထူးသဖြင့် အဝေးကွင်းပွဲတွေမှာ ရီးယဲလ်ရဲ့ကစားပုံဟာ ရုန်းကန်နေရသေးတာကိုလည်း တွေ့
နေရပါတယ်။ လက်ရှိရီးယဲလ် အဝေး ကွင်းမှာရင်ဆိုင်ထားရတဲ့ပြိုင်ဘက် သုံးသင်းကိုကြည့်မယ်
ဆိုရင် ဂရန်နာဒါ၊ ဗီလာရီးယဲလ်နဲ့ အယ်လ်ချီတို့လိုအသင်းမျိုးတွေပဲ ရှိသေးတယ်။ ဒါပေမဲ့ ရီးယဲလ်
ဟာ အဲဒီသုံးသင်းစလုံးကိုအနိုင်ရဖို့ ခက်ခက်ခဲခဲကို ရုန်းကန်ခဲ့ ရတယ်။

ဂရန်နာဒါကို ၁-၀၊ အယ်လ်ချီ ကိုလည်း ပွဲပြီးခါနီးမှ ဒိုင်လူကြီးပေးတဲ့ ပင်နယ်တီလက်ဆောင်ကြောင့်
၂-၁ နဲ့ နိုင်ထားခဲ့ပြီး ဗီလာရီးယဲလ်နဲ့တော့ ၂-၂ သရေကျထားခဲ့တာကိုကြည့်ရင် ရီးယဲလ်ရဲ့အဝေး
ကွင်း ရုန်းကန်နေရမှု ဟာ ပိုပြီးပေါ်လွင်နေပါတယ်။ ကစား ခဲ့တဲ့ သုံးပွဲစလုံးမှာလည်း ရီးယဲလ်ဟာ
စိတ်ကြိုက်အသာစီးနဲ့ ဖိကစားနိုင်ခဲ့ တာမျိုး မလုပ်နိုင်ခဲ့ဘဲ အပြန်အလှန် ကစားခဲ့ပြီးမှသာ အမှတ်
တွေ ရခဲ့တာ ဖြစ်တယ်။

အခုရင်ဆိုင်ရမယ့် လီဗန်တေးက တော့ ရီးယဲလ်ကစားထားခဲ့တဲ့ ပြီးခဲ့တဲ့ အဝေးကွင်းပြိုင်ဘက်သုံး
သင်းထက် ပိုပြီးတည်ငြိမ်တဲ့ ခြေစွမ်းမျိုးရှိတဲ့ အသင်းလို့ပြောနိုင်တယ်။ ပွဲဦးထွက်မှာ ဘာစီလိုနာ
ကို ရ-၀ နဲ့ မရှုမလှအရေးနိမ့် ခဲ့ရပေမယ့်လည်း ကျန်တဲ့ခြောက်ပွဲ စလုံးမှာတော့ လီဗန်တေးဟာ
အရှုံးမရှိ အောင် ကစားထားနိုင်ခဲ့တာကိုတွေ့ရ တယ်။ ငွေကြေးပြဿနာတွေ ကြံုတွေ့ နေခဲ့ရပေ
မယ့်လည်း လီဗန်တေးဟာ ကစားပုံပိုင်းမှာ အပြောင်းအလဲမရှိဘဲ တိုးတက်မှုပြနိုင်ခဲ့တာကိုကြည့်
ရင် အသင်းရဲ့ စိတ်ဓာတ်ပိုင်းကောင်းမွန်မှု ကိုပါ တွေ့နိုင်ပါလိမ့်မယ်။

လက်ရှိ လီဗန်တေးအသင်းရဲ့ အင်အားကိုကြည့်မယ်ဆိုရင်လည်း ၀ါရင့်နည်းပြ၊ ၀ါရင့်ကစားသမား
တွေနဲ့ စုဖွဲ့ထားတာတွေ့ရတယ်။ ဒါကြောင့် လည်း အသင်းမှာသက်ကြီးကစား သမားတွေများပေ
မယ့်လည်း သူတို့ရဲ့ အတွေ့အကြံုတွေနဲ့ ပွဲတိုင်းကို ထိန်းပြီး ကစားနိုင်တာ တွေ့ရတယ်။

လက်ရှိနည်းပြ ကာပါရော့စ်ကလည်း လာလီဂါ ရဲ့ ၀ါရင့်နည်းပြတစ်ဦးပီပီ အသင်းကို တောင့်တင်း
အောင်တည်ဆောက်ထားနိုင်တယ်။ ကာပါရော့စ်ဟာ ခံစစ်ဗျူဟာပိုင်းကို အားသန်တဲ့နည်းပြတစ်ဦး
ပီပီ လီဗန်တေးအသင်းကိုလည်း ခံစစ် ပိုင်းမာကျောအောင် ပြင်ဆင်ပေးထား ပြီး တန်ပြန်တိုက်စစ်နဲ့
ဂိုးတွေရအောင် ဖန်တီးထားတာတွေ့ရတယ်။


 

အထူး သဖြင့် လီဗန်တေးနောက်တန်းမှ ဟွမ်ဖရန်၊ နာဗားရိုး၊ ဗန်ထရာ စတဲ့ ကစားသမားတွေဟာ
အတွေ့အကြံု များသူတွေပီပီ အသင်းရဲ့ခံစစ်ကြောင်း ကို အကောင်းဆုံးဦးဆောင်ပေးနေ ကြတယ်။
တိုက်စစ်ပိုင်းမှာ အနည်းငယ်အားနည်းမှုရှိပေမယ့်လည်း ဂိုးရ အောင် တန်ပြန်တိုက်စစ်ကနေ ထိထိ
ရောက်ရောက်အသုံးချနိုင်ကြတဲ့ဆာဂျီယိုပင်တို၊ ဇူမီထရာ၊ ဘာရယ်လ်၊ ပယ်လာဒိုတို့လိုကစား
သမားတွေလည်း ရှိနေတဲ့အချက်က ရီးယဲလ်ကို အကောင်းဆုံး ပြန်ပြီးဖိအားပေးနိုင် မယ့် အင်အား
တွေလို့ပြောနိုင်တယ်။

ရီးယဲလ်ကတော့ ဒီပွဲမတိုင်မီ ချန်ပီယံ လိဂ် အိမ်ကွင်းပွဲကစားထားရသေး တယ်။ အလက်တီကို၊
ကိုပေဟေဂင်တို့နဲ့ ဆက်တိုက်ကစားထားရတဲ့ ရီးယဲလ် ဟာ လီဗန်တေးကွင်းကို လာကစားတဲ့ ပွဲမှာ
ပွဲပန်းမှုမျိုးတွေရှိနေနိုင်တယ်။ ရီးယဲလ်ရဲ့ တိုက်စစ်ကစားပုံကလည်း လက်ရှိအချိန်ထိ ဂိုးရဖို့အစ္စကို
နဲ့ ရော်နာဒို နှစ်ယောက်လောက်ကိုပဲ အားကိုးနေရသေးပြီး ရာသီအစ ဂိုးတွေရခဲ့တဲ့ ဘန်ဇီမာရဲ့
ခြေစွမ်းဟာ နောက်ပိုင်းပွဲတွေမှာကစားရင်းကနေ ကျဆင်းလာနေတာကို တွေ့နေရတယ်။

ဒါကြောင့် မာကျောတဲ့ ခံစစ်ကြောင်းကိုတည်ဆောက်ထားတဲ့ လီဗန်တေးရဲ့ကစားဟန်ဟာ
ရီးယဲလ် တိုက်စစ်ဂိုးရဖို့ အတွက် အတားအဆီးတစ်ခုလိုဖြစ်နေတော့မှာသေချာတယ်။ နောက်ပြီး
လီဗန်တေးဟာ အိမ်ကွင်း မှာ မာမာကျောကျောနဲ့ကစားတတ်ပြီး လိုအပ်ရင်လိုအပ်သလို ကွင်း
လယ်နဲ့ ခံစစ်သမားတွေရဲ့ကစားပုံဟာ မာကျော မှုကနေ ကြမ်းတမ်းတဲ့အဆင့်အထိ ရောက်သွား
တတ်တယ်။

ဒါကြောင့် ဒီလိုသာကစားခဲ့မယ်ဆိုရင် ပွဲပန်းပြီး ရောက်လာတဲ့ ရီးယဲလ်အတွက် လီဗန် တေးကွင်း
မှာ အိမ်ရှင်ကို ကွင်းလယ် အသာစီးရဖို့ဆိုတာ ပိုပြီးခက်သွားနိုင် တယ်။ နောက်တစ်ချက်က ရီးယဲ
လ်ရဲ့ ခံစစ်ကစားပုံပါပဲ။ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီဟာ မာဆယ်လို မကစားနိုင်တဲ့ခံစစ်
ကြောင်းအတွက် စမ်းသပ်မှုတွေပြုလုပ်နေပြီး ပီပီကို ဦးစားပေးအသုံးပြုနေတာ တွေ့ရ တယ်။

ဒါပေမဲ့ ပီပီရဲ့ခြေစွမ်းဟာလည်း တည်ငြိမ်မှုလျော့နေတဲ့အပြင် ခံစစ်ကြောင်းကို ဦးဆောင်မှုသိပ်ပြီး
မလုပ်နိုင်တာတွေ့ရတယ်။ အထူးသဖြင့် ပီပီ-ရာမို့စ်အတွဲဟာ နှစ်ယောက်စလုံး အမှားတွေများ
တတ်ကြတဲ့သူတွေဖြစ် လို့ လက်ရှိအချိန်အထိ ခုနစ်ပွဲကစားပြီးချိန်မှာ ခုနစ်ဂိုးအထိ ပေးထားရတာ
တွေ့ရတယ်။

ဒီခံစစ်ကြောင်းဟာ အိမ်ကွင်းမှာ တန်ပြန်တိုက်စစ်ကို ထိထိရောက်ရောက်အသုံးချတတ်တဲ့ လီဗန်
တေးအသင်းရဲ့ တိုက်စစ်ပိုင်းကို ထိန်းချုပ်ရာမှာလည်း အခက်အခဲတွေ့နိုင်ဦးမယ့်ပုံပါပဲ။ လက်ရှိအ
ချိန် မှာ အသင်းဟာ ဖိအားတွေများနေတဲ့ အချိန်မျိုးဖြစ်လို့ လီဗန်တေးကွင်းမှာ ရီးယဲလ်ကို အပြည့်
အဝယုံကြည်ထား ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီပွဲအတွက် လီဗန်တေးနဲ့ ဂိုးအနည်း ကိုပဲ
ရွေးထားချင်ပါတယ်။

အခြားပွဲစဉ်များ
* ဗီလာရီးယဲလ် - ဂရန်နာဒါ
* မာလာဂါ - အိုဆာဆူနာ
အယ်လ်ချီ - အက်စ်ပန်ညို *
* ရာယို - ဆိုစီဒက်
* ဘာစီလိုနာ - ဗယ်လာဒိုးလစ်
* အလက်တီကို - ဆယ်လ်တာ
* ဆီဗီလာ - အယ်လ်မီရီယာ
ဂီတာဖေး - ဘက်တစ် *
* ဘီလ်ဘာအို - ဗလင်စီယာ



ဖတ်ရှုမှုအများဆုံး