ဆွာရက်ဇ်-စတားရစ်ချ်တိုက်စစ် အတွဲအား ဘရန်ဒန်ရော်ဂျာ ချီးကျူး

ဆွာရက်ဇ်-စတားရစ်ချ်တိုက်စစ် အတွဲအား ဘရန်ဒန်ရော်ဂျာ ချီးကျူး

ဆန်းဒါးလန်း - ပြီးခဲ့သည့် တနင်္ဂနွေနေ့ က ကစားခဲ့သော ဆန်းဒါးလန်းအသင်း နှင့်
ပွဲစဉ်တွင် အသင်းတွက် အနိုင်ဂိုး များသွင်းယူပေးခဲ့ကြသည့် တိုက်စစ်မှူး ဆွာရက်ဇ်နှင့် စတားရစ်ချ်
တို့အား ပရီမီယာလိဂ်တွင် အကောင်းဆုံး တိုက်စစ်အတွဲဖြစ်သည်ဟု လီဗာပူး မန်နေဂျာ ဘရန်ဒန်
ရော်ဂျာက ချီးကျူး ပြောကြားလိုက်သည်။

လီဗာပူးအသင်း မှ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာပြီးနောက်
ပထမဆုံးပါ၀င်ကစားခဲ့သည့် ပွဲစဉ်တွင်ပင် အသင်းတွက် ဂိုးနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

ဘရန်ဒန်ရော်ဂျာက "ဒီပရီမီယာ လိဂ်မှာ သူတို့တိုက်စစ်အတွဲထက် ကောင်းတဲ့တိုက်စစ်အတွဲမျိုး
မတွေ့ဖူး ဘူး"ဟု ပြောသည်။

ဆက်လက်၍ မန်ယူအသင်းမှာ ဗန်ပါစီနှင့် ရွန်နီတို့လို တိုက်စစ်အတွဲကို ပိုင်ဆိုင်ထားသော်လည်း
သူတို့ အသင်းက ပိုင်ဆိုင်ထားသည့် တိုက်စစ် အတွဲသာ အင်္ဂလန်တွင် အကောင်းဆုံး ဖြစ်ကြောင်း၊
လေ့ကျင့်ရေးအစီအစဉ် တွေမှာလည်း ကြိုးစားကြကြောင်း ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး