အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူဖို့ အားထုတ်မယ့် ရှော်လ်ကေး ဘွန်ဒက်စ်လီဂါပွဲစဉ်(၈)

အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူဖို့ အားထုတ်မယ့် ရှော်လ်ကေး ဘွန်ဒက်စ်လီဂါပွဲစဉ်(၈)

ဘွန်ဒက်စ်လီဂါပွဲစဉ် (၇) ပြီးသွားချိန်အထိ ဒေါ့မွန်ကတော့ တန်းစီဇယားကို ဦးဆောင်နေဆဲဖြစ်
ပါတယ်။ အဲဒီလိုပဲ ဘိုင်ယန်နဲ့ လေဗာကူဆင်တို့ကလည်း ထက်ကြပ်မကွာ လိုက်လံ ဖိအားပေးနေ
ဆဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ တန်းစီဇယားရဲ့ အောက်နားမှာရောက်နေတဲ့ ရှော်လ်ကေးက
အော့စ်ဘတ်ကို အနိုင်ကစားမယ်လို့ မျှော်လင့်ရပါတယ်။

ဟန်နိုဗာ -ဟာသာဘာလင် နောက်ဆုံးတွေ့ဆုံမှု
၁၈-၇-၁၂ ဟန်နိုဗာ ၀-၄ ဟာသာဘာလင်

ဟန်နိုဗာ အဝေးကွင်း နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး နောက်ဆုံးအိမ်ကွင်းပွဲ မှာတော့ အော့စ်ဘတ်
ကို ၂-၁ ဂိုးရလဒ် နဲ့ အနိုင်ရထားပါတယ်။အမှတ်ကွာဟ ချက် ကျဉ်းမြောင်းစွာ ရပ်တည်နေတဲ့
အသင်းနှစ်သင်းမို့ ပြိုင်ဆိုင်မှု ပြင်းထန် ပါလိမ့်မယ်။ ဟန်နိုဗာကို သေချာပေါက် အားပေးရလိမ့်မယ်။

မွန်ချင်ဂလက်ဘတ် -ဒေါ့မွန် နောက်ဆုံးတွေ့ဆုံမှု
၂၀-၇-၁၃ မွန်ချင်ဂလက်ဘတ် ၁-၀ ဒေါ့မွန်

မွန်ချင်ဟာ အိမ်ကွင်းကောင်းတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ဟန်နို ဗာကို ၃-၀၊ ၀ါဒါဘရီမင်ကို
၄-၁၊ ဖရန့်ဖတ်ကိုပါ ၄-၁ နဲ့ နိုင်ပွဲ အသီးသီး ရယူထားတဲ့ မွန်ချင်အနေနဲ့ အိမ်ကွင်း မှာ ဒေါ့မွန်ကို
ရှိန်နေမှာ မဟုတ်ပါဘူး။ ဒေါ့မွန်ကို လက်ရှောင်သင့်တယ်လို့ ယူဆပါတယ်။

စတုဂတ် -၀ါဒါဘရီမင် နောက်ဆုံးတွေ့ဆုံမှု
၉-၂-၁၃ စတုဂတ် ၁-၄ ၀ါဒါဘရီမင်
ပြီးခဲ့တဲ့ ရာသီကတော့ နှစ်ကျော့ စလုံး စတုဂတ် အသာစီးမရခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့
၂၀၁၀ နဲ့ ၂၀၁၂ ဘောလုံးရာသီတွေမှာ စတုဂတ်ဟာ အိမ်ကွင်း အနေအထားအရ ကောင်း
ကောင်း လွှမ်းမိုးနိုင်တာကို တွေ့ရပါ တယ်။ စတုဂတ် အိမ်ကွင်းမှာ အနိုင်ယူ ပါလိမ့်မယ်။


 

၀ုဖ်ဘတ် -ဘရောက်ချ် နောက်ဆုံးတွေ့ဆုံမှု
၁၄-၇-၁၃ ၀ုဖ်ဘတ် ၁-၂ ဘရောက်ချ်

တန်းတက် ဘရောက်ချ်ဟာ အဝေး ကွင်းခြေစွမ်းပိုင်း အရမ်းကို အားနည်း နေပါတယ်။ သူတို့မှာ
နိုင်ပွဲမရသေးတဲ့အပြင် အဝေးကွင်းမှာ ပေးရတဲ့ဂိုးက ပိုများနေပါတယ်။ ၀ုဖ်ဘတ်ဘက်က ကျိန်း
သေနေရမယ့်ပွဲ ဖြစ်ပါတယ်။

ဖရိုင်းဘတ် -ဖရန့်ဖတ် နောက်ဆုံးတွေ့ဆုံမှု
၂၃-၂-၁၃ ဖရိုင်းဘတ် ၀-၀ ဖရန့်ဖတ်

တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ဖရိုင်းဘတ်ဟာ အိမ်ကွင်းမှာ လုံးဝနိုင်ပွဲ မရှိသေးပါဘူး။ ဖရန့်ဖတ်က
အိမ်ကွင်း နဲ့ အဝေးကွင်း ပြောင်းပြန်ဖြစ်နေပါ တယ်။ အိမ်ကွင်းမှာ ခုချိန်ထိ နိုင်ပွဲမရ သေးပေမယ့်
အဝေးကွင်းခြေစွမ်းက ကျေနပ်လောက်စရာ ရှိပါတယ်။ ဖရန့် ဖတ်ကို ရွေးလိုက်ပါ။

ရှော်လ်ကေး -အော့စ်ဘတ် နောက်ဆုံးတွေ့ဆုံမှု
၂၆-၁-၁၃ အော့စ်ဘတ် ၀-၀ ရှော်လ်ကေး

ရှော်လ်ကေးဟာ အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့ပေမယ့် ရှော်လ်ကေးအနေနဲ့ တိုက်စစ်မှူး
ကောင်း များစွာကို ပိုင်ဆိုင်ထားပါသေးတယ်။ စတူအာဘူခါရက်လို အသင်းမျိုးကို သုံးဂိုးပြတ်နဲ့
နိုင်ခဲ့တာ မေ့လို့မရနိုင် ပါဘူး။ အိမ်ကွင်း အစဉ်အလာအရ ရှော်လ်ကေးနဲ့ နှစ်သင်းပေါင်း သွင်းဂိုး
အများကို ရွေးချယ်စေချင်ပါတယ်။

လေဗာကူဆင်-ဘိုင်ယန်မြူးနစ် နောက်ဆုံးတွေ့ဆုံမှု
၁၇-၃-၁၃ လေဗာကူဆင် ၁-၂ ဘိုင်ယန်မြူးနစ်

တန်းစီဇယားမှာ အထက်အောက် ရပ်တည်နေပြီး ထိပ်သီးစာရင်းဝင်ဖြစ် နေတဲ့ အသင်းနှစ်သင်း
တွေ့တာမို့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီပွဲစဉ်ဟာ အနေအထားအရ သရေကျသွားနိုင်တဲ့
ပွဲတစ်ခုဖြစ်တယ်ဆိုရင် အံ့ဩမနေပါနဲ့။

နုရင်ဘတ်-ဟမ်းဘတ် နောက်ဆုံးတွေ့ဆုံမှု
၂၀-၁-၁၃ နုရင်ဘတ် ၁-၁ ဟမ်းဘတ်

တန်းဆင်းဇုန်နားမှာ ကပ်နေတဲ့ အသင်းနှစ်သင်းမို့ ပြိုင်ဆိုင်မှုကတော့ ပြင်းထန်ဦးမှာ ဖြစ်ပါတယ်။
ရမှတ် ငါးမှတ်စီသာရပြီး နုရင်ဘတ်က အိမ်ကွင်း နိုင်ပွဲမရှိသလို ဟမ်းဘတ်ကလည်း အဝေးကွင်း
နိုင်ပွဲ မရှိတော့ ပွဲကလှနေ ပါတယ်။ ဟမ်းဘတ်ကို အကြိုက်တွေ့မိ ပါတယ်။

မိန့်ဇ် -ဟော့ဖန်ဟိမ်း နောက်ဆုံးတွေ့ဆုံမှု
၁၆-၃-၁၃ ဟော့ဖန်ဟိမ်း ၀-၀ မိန့်ဇ်
ရမှတ်ကိုးမှတ်ချင်း တူညီထားတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တဲ့အတွက် ဒီပွဲစဉ်ဟာ
လည်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်ဖြစ်ပြီး အိမ်ရှင်ဘက်က နေသင့်ပါတယ်။



ဖတ်ရှုမှုအများဆုံး