ပေကျင်း - လာမည့်အောက်တိုဘာ ၂၈ တွင် ဟိုင်နန်ကျွန်း၌ကျင်းပမည့် ဂေါက်သီး
စွမ်းရည်ပြိုင်ပွဲတွင် ကမ္ဘာကျော် ဂေါက်သီးသမားများဖြစ်သည့် တိုက်ဂါး ၀ုဒ်စ်၊ မက်အီရွိုင်းတို့နှင့်
အတူ အသက် ၁၄ နှစ်သာရှိသေးသည့် တရုတ်ဆယ်ကျော်သက်ကစားသမားလေးလည်း ၀င်
ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများက ပြောကြားသည်။
ယင်းပြိုင်ပွဲတွင် ကစားသမားသုံးဦး အနေနှင့် ကိုက် ၅၀၊ ကိုက် ၁၀၀ နှင့် ၁၂၅ ကိုက်အကွာရှိ
သတ်မှတ်နေရာများသို့ ရောက်အောင်ရိုက်ရသည့် ပြိုင်ပွဲအမျိုး အစားလည်း ပါ၀င်သည်။ တရုတ်
ဆယ်ကျော်သက်ကစား သမား ကွမ်တေလျန်းနှင့်ပတ်သက်၍ တိုက်ဂါးဝုဒ်စ်က "သူ့ရဲ့အနာဂတ်နဲ့
ပတ်သက်လို့ ကျွန်တော်အများကြီး စိတ်လှုပ်ရှားမိပါတယ်။ သူ တရုတ်နိုင်ငံရဲ့ ဂေါက်သီးအားက
စားနည်းအတွက် ဘယ်လောက်လုပ်ဆောင်ပေး နိုင်မလဲဆိုတာကိုပေ့ါ။ ဒီပြိုင်ပွဲမှာ သူလို လူငယ်
ကစားသမားလေးပါ၀င် တဲ့အတွက် ပွဲကလည်းပိုပြီးကြီးကျယ် သွားပါတယ်"ဟု သတင်းစာရှင်း
လင်းပွဲ တွင် ပြောကြားသွားသည်။ ကွမ်တေလျန်းကလည်း"ယခုနှစ်အတွင်း ကျင်းပခဲ့တဲ့ မာစတာ
ပြိုင်ပွဲ တစ်ပွဲမှာ တိုက်ဂါးဝုဒ်စ်နဲ့အတူ လေ့ကျင့်ဖူးပါတယ်။
သူဟာ ကျွန်တော် တို့ လူငယ်ကစားသမားတွေကို အကူ အညီတွေပေးတဲ့သူပါ။ သူ့လိုလူမျိုးနဲ့ နောက်တစ်ကြိမ်ထပ်တွေ့ရမှာ ဖြစ်တာ ကြောင့် ကျေနပ်ပါတယ်။ ရွိုင်းနဲ့တော့
တစ်ခါမှ မကစားဖူးပါဘူး။ ဒါပေမဲ့ မာစတာပြိုင်ပွဲမှာ ကျွန်တော်တို့ ဆွေးနွေမှုတွေ လုပ်ခဲ့ဖူးပြီး
ကျွန်တော့် ကို အကောင်းဆုံးအကြံဉာဏ်တွေ ပေးခဲ့ပါတယ်။ တိုက်ဂါးရော၊ ရွိုင်းပါ ကျွန်တော်
တို့ လူငယ်ကစားသမားတွေ အတွက် စံနမူနာထားရမယ့်သူတွေပါ" ဟု ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)














