အိမ်ရှင်အသင်းတွေကိုကြိုက်တယ် - အီတလီစီးရီးအေပွဲစဉ်(၇)

အိမ်ရှင်အသင်းတွေကိုကြိုက်တယ် - အီတလီစီးရီးအေပွဲစဉ်(၇)

ဘိုလော့နာ - ဗီရိုနာ
ရိုးမားကို ငါးဂိုးပြတ်ရှုံးလိုက်လို့ ဖိအားဝင်သွားတဲ့ ဘိုလော့နာဟာ အခုပွဲမှာ 'ညှစ်'မယ်လို့ ယူဆ
ရတယ်။ ဗီရိုနာကတော့ အဝေးကွင်းနိုင်ပွဲမရှိပေမယ့် ဂိုးသွင်းအားရှိတယ်။ ဗီရိုနာကို ပိုကြိုက်တယ်။

ကာတာနီးယား - ဂျီနိုအာ
ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ချီယေဗိုကို နှစ်ဂိုးပြတ်နိုင်ပြီး ကာတာနီးယားရဲ့ ခြေစွမ်း ပြန်လည်ပေါ်
လွင်လာတယ်။ ဂျီနိုအာကတော့ ခြေစွမ်းကျဆင်းနေလို့ နည်းပြသစ် ဂတ်စ်ပါရီနီနဲ့ အစားထိုးလိုက်
ရတယ်။ နည်ပြသစ်ရဲ့ပွဲဦးထွက်မှာ ဂျီနိုအာကို စောင့်ကြည့်ရမှာဖြစ်ပေမယ့် ကာတာနီးယားကို
ရွေးချယ်သင့်တယ်။

ချီယေဗို - အတ္တလန္တာ
အိမ်ကွင်းမှာ ယူဒီးနိစ်ကို နိုင်လိုက်တာလွဲပြီး ကျန်ပွဲတွေမှာ ချီယေဗိုခြေစွမ်းက မစွံပါဘူး။ အတ္တ
လန္တာကလည်း အဝေးကွင်းမှာ ဂိုးသွင်းအားရှိပေမယ့် နောက်တန်းစိတ်မချရဘူး။ ချီယေဗို အနည်း
ငယ်သာတယ်။

အင်တာမီလန် - ရိုးမား
အင်တာမီလန်ခြေစွမ်းကို လျှော့မတွက်ရဲပေမယ့် ပြီးခဲ့တဲ့ပွဲစဉ်မှာ ကက်ဂလီ ယာရီကို တစ်ဂိုး
အသာနဲ့ဦးဆောင်ပြီးမှ ၈၃ မိနစ်မှာ ချေပဂိုးပေးလိုက်ရတဲ့အချက်၊ အိမ်ကွင်းမှာ ထိပ်တန်းအသင်း
ကြီး ဂျူဗင်တပ်ကို ၁-၁ သရေကျခဲ့တဲ့အချက်တွေကို ပေါင်းလိုက်ရင် ရစ်သမ်မှန်ပြီး 'ကြွေ' တက်
နေတဲ့ ရိုးမားကို နိုင်ဖို့မလွယ် ဘူး။ တိုက်စစ်ခံစစ် စွယ်စုံကောင်းပြီး ကွင်းလယ်ကစားကွက် စေးစေး
ပိုင်ပိုင်ရှိတဲ့ ရိုးမားဘက်က အရဲစွန့်သင့်တယ်။

လာဇီယို - ဖီအိုရင်တီးနား
တိုက်စစ်မှူးကလိုဆေး ဒဏ်ရာရနေလို့ လာဇီယို တိုက်စစ်အားကို ထိခိုက်သွား တယ်။ ဒီရာသီမှာ
လာဇီယိုဟာ ထိပ်တန်းအသင်းကြီးတွေကို ရင်ဆိုင်ခဲ့တဲ့ပွဲတိုင်း ရှုံးထားတယ်။ ဖီအိုရင်တီးနားက
တော့ ရှုံးပွဲရှိပေမယ့် စပိန် ကစားဟန်အတိုင်း မြန်နှုန်းမြင့် တိုက်စစ်ဦးစားပေးလို့ ဂိုးသွင်းအားရှိ
တယ်။ လူစုံမပါနိုင်လို့ ဖီအိုရင်တီးနား နစ်နာပေမယ့် အခုပွဲမှာတော့ ဖီအိုရင်တီးနားကို ပိုကြိုက်
တယ်။

နာပိုလီ - လီဗော်နို
အိမ်ကွင်းမှာ တန်းတက်ဆော့စူလိုကို ပေါ့ပေါ့ဆဆကစားခဲ့ရာမှာ ၁-၁ သရေကျပြီးတဲ့နောက်
နာပိုလီတို့ ပွဲအပေါ်အာရုံစိုက်လာတယ်။ ပြီးခဲ့တဲ့ပွဲမှာ ကိုလံဘီယာ တိုက်စစ်မှူး ဒူဗန်ဇာပါတာ
ကိုပွဲထုတ်ခဲ့ပြီး အလှည့်ကျစနစ်ကို ကျင့်သုံးလာခြင်းနဲ့အတူ နာပိုလီခြေစွမ်း တက်ရိပ်ပြလာတယ်။
လီဗော်နို ကတော့ လူညီခြေညီ အသင်းကြီးတွေကို ခံကစားနိုင်တဲ့ ခြေစွမ်းမျိုး မရှိပါဘူး။ နာပိုလီ
အနိုင်ပြတ်သားဖွယ်ရှိတယ်။

ပါးမား - ဆော့စူလို
ပွဲစဉ်(၅)မှာ ပထမဆုံးနိုင်ပွဲ စတင်ရခဲ့တဲ့ ပါးမားလည်း ဒီရာသီမှာ ရုန်းကန် နေရတယ်။ တန်းတက်
ဆော့စူလိုကလည်း လေးပွဲရှုံးလို့ ဖိအားဝင်ပြီး 'ညှစ်' ကစားလာချိန်မှာ နာပိုလီကို ၁-၁၊ လာဇီယို
ကို ၂-၂ ဆက်တိုက် သရေကျထား တယ်။ ဆော့စူလိုကို လျှော့တွက်လို့ မရတော့ဘူး။

ဆမ်ဒိုးရီးယား - တိုရီနို
နိုင်ပွဲပျောက် တောက်လျှောက်စိုက်ဆင်းနေတဲ့ ဆမ်ဒိုးရီးယားဟာ ဂိုးသွင်းအားပါ လုံးဝကျဆင်း
သွားတယ်။ တိုရီနိုကတော့ နိုင်ပွဲနှစ်ပွဲသာရှိပေမယ့် ခြေစွမ်း 'မာကျော' ပြီး တိုက်စစ်အားရှိတယ်။
ပြီးခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ဘိုလော့နာကို ၂-၁ နဲ့ နိုင်ထားတယ်။အဝေးကွင်းဖြစ်ပေမယ့် တိုရီနို
မရှုံးနိုင်ဘူးလို့ ယူဆမိတယ်။

ယူဒီးနိစ် - ကက်ဂလီယာရီ
ယူဒီးနိစ်ခြေစွမ်းက ဒီရာသီမှာ မတည်ငြိမ်သေးပေမယ့် အိမ်ကွင်းသုံးပွဲ ကစား ပြီးရာမှာ ပါးမားကို
၃-၁၊ ဂျီနိုအာကို ၁-၀ နဲ့နိုင်ပြီး ဘိုလော့နာကို ၁-၁ သရေကျ ထားလို့ အိမ်ကွင်းခြေစွမ်းနဲ့ရလဒ်
တွေမှာ မဆိုးဘူးလို့ ဆိုရမှာပါ။ ကက်ဂလီယာရီ ကတော့ လေးပွဲဆက်တိုက် သရေကျထားတယ်။
ဒါကြောင့် ယူဒီးနိစ်ကွင်းမှာ တော့ အိမ်ရှင်အားသာချက်လည်းရှိကာ သမ္ဘာရှိပြီး အတွေ့အကြုံများ
တဲ့ ယူဒီးနိစ်ကိုပဲ ပိုကြိုက်တယ်။



ဖတ်ရှုမှုအများဆုံး