အိမ်ရှင်ဂျူဗင်တပ်ကိုပဲ ရွေးသင့်တယ်

အိမ်ရှင်ဂျူဗင်တပ်ကိုပဲ ရွေးသင့်တယ်

ဂျူဗင်တပ် - အေစီမီလန်
၂၀၁၃-၁၄ ရာသီ ပွဲစဉ်(၆)ပြီးဆုံးချိန်တွင် နာပိုလီ၊ ရိုးမားနှင့်အင်တာမီလန် တို့ 'ဟော့' ဖြစ်ခဲ့ကြ
သော်လည်း တကယ် တမ်းတွင် ခြေစွမ်းတည်တည်ငြိမ်ငြိမ်နှင့် (အင်တာမီလန်နှင့် ၁-၁ သရေကျ
သောပွဲမှ လွဲ၍) ပွဲတိုင်းကို အနိုင်ရ အောင် 'ညှစ်' ကစားခဲ့သောအသင်းမှာ ဂျူဗင်တပ် ဖြစ်သည်။

ချန်ပီယံလိဂ် ပွဲဦးထွက်တွင် ဒိန်းမတ် အသင်း ကိုပင်ဟေဂင်ကို ၁-၁ သရေ ကျပြီးနောက် ပြင်းထန်
သော ဝေဖန်မှု များကို ရင်ဆိုင်လိုက်ရပြီးနောက် ဂျူဗင်တပ်သည် စီးရီးအေပွဲများတွင် အာရုံစူးစိုက်
မှုကို ထပ်မံမြှင့်တင်လိုက် သည်ကို တွေ့ရသည်။

အဓိက ကွင်းလယ်ကစားသမား မာချီစီယို ဒဏ်ရာရပြီး ပါ၀င်ကစားနိုင်ခြင်းမရှိသော ပွဲစဉ်များ
အတွင်း ဂျူဗင်တပ်ကွင်းလယ် ရုန်းကန်ခဲ့ရ သော်လည်း ခြေတက်လာသော ပြင်သစ် လက်ရွေးစင်
ပေါ့ဂ်ဘာကို ထည့်သွင်း ထားခြင်းကြောင့် ခြေစွမ်းကွာဟမှု ကြီးကြီးမားမား မရှိခဲ့သော်လည်း မာချီ
စီယို-ဗီဒဲလ်-ပီယာလို 'သုံးယောက် ကွင်းလယ်အထိုင်' အနည်းငယ် ယိမ်း ယိုင်ခြင်းနှင့်အတူ ဂျူဗင်
တပ်ကစားကွက် အသာစီးရမှု အနည်းငယ် ကျဆင်း သွားခဲ့သည်။

တစ်ဖန် ပြီးခဲ့သော ရာသီတွေကတည်း က အရေးကြီးပွဲစဉ်များတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိသော
ကြောင့် ဝေဖန်ခံခဲ့ရ သော ဂျူဗင်တပ်တိုက်စစ်သည် ယခု ရာသီတွင် လာဇီယိုနှင့်ပွဲတွင် လေးဂိုး
သွင်းယူနိုင်ခြင်းမှလွဲပြီး ကျန်ပွဲတိုင်း တွင် ထူးထူးခြားခြား ခြေစွမ်းပြ ဂိုးသွင်း နိုင်ခြင်းမျိုး မရှိသေး
တာကို တွေ့ရ သည်။

ပွဲစဉ်(၄)တွင် ဗီရိုနာကို ၂-၁ ဖြင့်နိုင်ခဲ့ရာတွင် ပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းခြင်းခံရသော
စပိန် တိုက်စစ်မှူး လော်ရန်တေးသည် တစ်ဂိုး သွင်းနိုင်ခဲ့သော်လည်း ပွဲစဉ်(၅)တွင် ခြေစွမ်းပြနိုင်ခြင်း
မရှိကာ ဂိုးမသွင်းနိုင် ဘဲ ပြီးခဲ့သောပွဲစဉ်တွင်လည်း အရန်ခုံ ထိုင်ခဲ့ရသောကြောင့် နည်းပြ ကွန်တီ
အနေဖြင့် ၎င်းအပေါ် ယုံကြည်မှုမရှိဆို သော ဝေဖန်သံများ ထွက်ပေါ်လာ သည်။

အစောပိုင်းက ခြေစွာခဲ့သော ၀ါရင့်တိုက်စစ်မှူး ဗူစီနစ်သည်လည်း ခြေစွမ်း ပြန်ကျသွားသော
ကြောင့် နည်းပြ ကွန်တီသည် အာဂျင်တီးနားတိုက်စစ် မှူး တေဗက်ဇ်ကို 'တည်'ပြီး လော်ရန်
တေး၊ ဂျီယိုဗင်ကို၊ ကွာဂလီရဲလာ တို့ကို တစ်လှည့်စီ ပွဲထုတ်ခဲ့ရာ ကျေနပ် လောက်သော ခြေ
စွမ်းမျိုးမရသေးသောကြောင့် ဂျူဗင်တပ်ရှေ့ တန်းတွင် တည်ငြိမ်သော တိုက်စစ်တွဲဖြင့်အထိုင်
ချရန် အခက်အခဲရှိနေသေးကြောင်း တွေ့ရသည်။

သို့ရာတွင် ကွင်းလယ် စွမ်းဆောင်ရည်ကောင်းပြီး အသင်း လိုက် 'ညှစ်' အား၊ နိုင်လိုစိတ်ပြင်းပြမှု
အစရှိသည့်အချက်များဖြင့် 'ကျားကန်' ပေးထားနိုင်ခြင်းကြောင့်သာ ဂျူဗီတို့ နိုင်ပွဲများ ဆက်တိုက်
ရနေခြင်း ဖြစ် သည်။ တစ်ဖက်တွင် အေစီမီလန်သည် ချန်ပီယံလိဂ် 'တာထွက်'ကောင်းသလောက်
စီးရီးအေတွင် ရုန်းကန်နေရသည်။

အဓိကတိုက်စစ်မှူး ဘာလိုတယ်လီ သုံးပွဲပယ်ခံရခြင်းသည် နိုင်ပွဲ နှစ်ပွဲသာရသေးသော အေစီမီ
လန် အဖို့ 'အနာထဲသို့ သဲနှင့်ပက်ထည့်လိုက်' သကဲ့သို့ ရှိသည်။ စီးရီးအေခြောက်ပွဲ ကစားပြီးချိန်
တွင် ၁၁ ဂိုးသွင်းယူနိုင်သော အေစီမီလန်တိုက်စစ်ကို 'မဆိုးပါဘူး'ဟု ဆိုရ မည်ဖြစ်ပြီး ဂျူဗင်တပ်
သွင်းယူနိုင်ခဲ့ သော ၁၁ ဂိုးနှင့် တူညီနေသည်။

သို့ရာ တွင် အေစီမီလန် အများဆုံးပြဿနာ ပေးနေသောအပိုင်းမှာ ခံစစ်ကြောင်း ဖြစ်သည်။ ရှေ့
တန်းတွင် အီတလီတိုက်စစ်မှူး မာထရီကို ပုံမှန်ပွဲထုတ်သော်လည်း ၎င်းသည် ယခုချိန်ထိ ဂိုးသွင်း
ယူနိုင်ခြင်းမရှိသေးပေ။ အခြား အီတလီ တိုက်စစ်မှူး အဲလ်ရှာဝီမှာလည်း ခြေစွမ်း ပျောက်ဆုံးနေ
ခြင်းကြောင့် ဘာလို တယ်လီ ပွဲပယ်ခံထားရချိန်၌ အေစီမီလန်တိုက်စစ်တွင် မာထရီ-ရော်ဘင်ဟို
အတွဲကို ပုံမှန်ပွဲထုတ်နေရသည်။

အေစီမီလန်ကွင်းလယ်တွင်လည်း အင်ဒရီယာပိုလီနှင့် ဒီဂျောင်းတို့ကို သာ ပုံမှန်ပွဲထုတ်နိုင်ပြီး
အခြားကစား သမားများ ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်နေရသည်။ ခြံုကြည့်လျှင် အေစီမီလန်
သည် တိုက်စစ်အား ရှိသော်လည်း အဓိက တိုက်စစ်မှူး ဘာလိုတယ်လီ ပွဲပယ်ခံ ထားရခြင်း၊
နောက်တန်းတွင် လူစုံမပါ၀င်နိုင်ခြင်းတို့ ကြောင့် ဂျူဗင်တပ်ကွင်း သို့ သွားရောက်ကစားရသော
အခါ အိမ်ရှင်အသင်း၏ တိုက်စစ်ကို ကြံ့ကြံ့ခံ နိုင်ဖို့ အတော်ကြိုးစားရမည်ဖြစ်သည်။

အထူးသဖြင့် ကွင်းလယ်ကစားကွက် အသာစီးရမှုနှင့် ဘောလုံးပိုင်ဆိုင်မှုတို့ တွင် ဂျူဗင်တပ်ဘက်
က တစ်ပန်းသာနေသည်ကို အိမ်ရှင်အားသာချက်ပါ ထည့်မံပေါင်းထည့်လိုက်ပါ ယခုပွဲတွင် ဂျူဗင်
တပ်ကို ရွေးချယ်သင့်ပြီး ဂိုးများ သောပွဲ ဖြစ်လာနိုင်သည်။



ဖတ်ရှုမှုအများဆုံး