ပေါ်တူဂီအတွက် ပထမဆုံးအေတီပီ ဆုဖလားရရှိ

ပေါ်တူဂီအတွက် ပထမဆုံးအေတီပီ ဆုဖလားရရှိ

ကွာလာလမ်ပူ - ကျင်းပပြီးစီးသွားပြီ ဖြစ်သည့် မလေးရှားအိုပင်းတင်းနစ် ပြိုင်ပွဲတွင်
ပေါ်တူဂီတင်းနစ်ကစား သမား ဆိုဆာသည် ပြင်သစ်မှ ဂျူလီယံ ကို ၂-၆၊ ရ-၅၊ ၆-၄ ဖြင့် အနိုင်
ယူပြီး ပေါ်တူဂီနိုင်ငံအတွက် ပထမဆုံး အေတီပီဆုဖလားကြီးကို ရယူပေးသွား နိုင်ခဲ့သည်။

ဆိုဆာသည် နာမည်ကြီးကစား သမားတစ်ဦးမဟုတ်ဘဲ သာမန်အဆင့် သာရှိသည့် ကစားသမား
တစ်ဦးဖြစ်သော်လည်း ယခုလိုပြိုင်ပွဲတွင် ဗိုလ်စွဲ နိုင်ခဲ့သည့်အတွက် တင်းနစ်လောက တွင် ချီးကျူး
မှုများ ခံနေရသည်။

၎င်း သည် ကွာတားဖိုင်နယ်အဆင့်တွင် လည်း ကမ္ဘာ့အဆင့်(၄)တင်းနစ်သမား ဒေးဗစ်ဖာရာကို
လည်း အနိုင်ယူနိုင်ခဲ့ သည်။ ယခုပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆိုဆာ နှင့် ယှဉ်ပြိုင်ခဲ့သည့် ဂျူလီယံမှာ
အဆင့် သတ်မှတ်ချက်(၅)ရရှိထားသူဖြစ်ပြီး ဆိုဆာမှာ အဆင့်သတ်မှတ်ချက်ရှိသူ ပင် မဟုတ်
ပေ။

"အခုချိန်မှာ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ တကယ့်ကို မယုံကြည် နိုင်စရာပါပဲ။ ဗိုလ်လု
ပွဲကိုရောက်ဖို့ ပြီးခဲ့တဲ့ရက်သတ္တပတ် နှစ်ပတ်စလုံး အပြင်းအထန်ကြိုးပမ်းခဲ့ရပါတယ်။ အဲဒီမှာ
နာမည်ကြီး ကစားသမား ၁၀ ဦး ကို အနိုင်ယူပြီး ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို တက်ရောက်နိုင်
ခဲ့ပြီး ဆုဖလားလည်း ဆွတ်ခူးနိုင်ခဲ့တာပါ။

တင်းနစ်ကစားသမား ထိပ်သီး ၁၀၀ ရဲ့ အကောင်းဆုံးအသက်အရွယ်ဟာ ပျမ်းမျှ ၂၈ လောက်ရှိ
ပါတယ်။ ကျွန်တော် လည်း အဲဒီအသက်အရွယ်အပိုင်းအခြားထဲမှာ ရှိပါတယ် "ဟု ပွဲအပြီး သတင်း
စာရှင်းလင်းပွဲတွင် ပြောကြား သွားခဲ့သည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး