အာရှ ယူ - ၁၆ ခြေစစ်ပွဲအုပ်စု အဆင့်ဖြင့်သာ မြန်မာအသင်း ကျေနပ်ခဲ့ရ

အာရှ ယူ - ၁၆ ခြေစစ်ပွဲအုပ်စု အဆင့်ဖြင့်သာ မြန်မာအသင်း ကျေနပ်ခဲ့ရ

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ မှ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ၀ူဟန်းမြို့တွင် ကျင်းပ
ပြုလုပ်ခဲ့သော ၂၀၁၄ ခုနှစ် အာရှအသက် ၁၆ နှစ် အောက်အမျိုးသားဘောလုံးပြိုင်ပွဲ၏ ခြေစစ်ပွဲ
တွင် မြန်မာ ယူ၁၆ အသင်း သည် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ပွဲရှုံး၊ တစ်ပွဲနိုင်၊ ရမှတ်သုံးမှတ်ဖြင့်
အုပ်စုမှထွက်ခဲ့ရသည်။

မြန်မာ ယူ၁၆ အသင်းသည် ၂၀၁၄ ခုနှစ် အာရှ ယူ၁၆ ခြေစစ်ပွဲတွင် အုပ်စု(ဈ)၌ အိမ်ရှင်တရုတ်
အသင်း၊ မြောက်ကိုရီးယားအသင်း၊ မြောက် မာရီယားနားစ်ကျွန်းစုအသင်းများနှင့် တစ်အုပ်စုတည်း
ကျရောက်ခဲ့ပြီး အုပ်စု နောက်ဆုံးပွဲစဉ်တွင် မြောက်မာရီယား နားစ်အသင်းကို ၆၀ ဂိုးဖြင့် အနိုင်ရရှိ
ခဲ့ သော်လည်း တရုတ်အသင်းကို ၂၁ ဂိုး ဖြင့်လည်းကောင်း၊ မြောက်ကိုရီးယားအသင်းကို ၃၀ ဂိုး
ဖြင့်လည်းကောင်း ရှုံးနိမ့်ခဲ့သောကြောင့် ရမှတ်သုံးမှတ်သာရရှိခဲ့ပြီး အုပ်စုအဆင့်ဖြင့်သာ ကျေနပ်
ခဲ့ရသည်။

မြန်မာ ယူ-၁၆ အသင်းသည် မြန်မာ နိုင်ငံရှိ ဘောလုံးအကယ်ဒမီများမှ မွေးထုတ်ပေးသော
မျိုးဆက်သစ် လူငယ်ကစားသမားများဖြင့် ဖွဲ့စည်း ထားသော အသင်းတစ်သင်းလည်း ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး