ဒုတိယအကြိမ်မြောက် ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပပြုလုပ်မည်

ဒုတိယအကြိမ်မြောက် ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပပြုလုပ်မည်

First Myanmar Investment (FMI) နှင့် ရန်ကုန်စည်ပင်သာယာကော်မတီ (YCDC) တို့မှပူး
ပေါင်းစီစဉ်ကျင်းပ သော ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို လာမည့် ၂၀၁၄ ခုနှစ်၊
ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံ၌ ဒုတိယအကြိမ်မြောက်အဖြစ်
ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အပြည့်မာရသွန် (၄၂ ကီလိုမီတာ)၊ မာရသွန်(ခရီးဝက်) (၂၁ ကီလိုမီတာ)နှင့်
အပျော်တမ်း အပြေးပြိုင်ပွဲ အမျိုးအစားများပါ၀င်မည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လအတွင်း
ကျင်းပပြုလုပ်ခဲ့သော ပြိုင်ပွဲတွင် မာရသွန် (၄၂ ကီလိုမီတာ)၊ (၁၀ ကီလိုမီတာ)နှင့် (၃ ကီလိုမီ
တာ) ပြိုင်ပွဲများကို ထည့်သွင်း ကျင်းပပြုလုပ်ခဲ့သော်လည်း လာမည့် ဒုတိယအကြိမ်မြောက်ပြိုင်
ပွဲတွင် မာရသွန် (၄၂ ကီလိုမီတာ)အပြင် မာရသွန်(ခရီးဝက်) ပြိုင်ပွဲအဖြစ် (၂၁ ကီလိုမီတာ)ကို
ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ် သည်။

မာရသွန်(ခရီးဝက်)သည် တက်သစ်စ တာဝေးအပြေးသမားများ အတွက် ၄၂ ကီလိုမီတာကွာဝေး
သော မာရသွန်ပြိုင်ပွဲကို ယှဉ်ပြိုင်မည့်အစား မာရသွန်(ခရီးဝက်) ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်
ရန် ထည့်သွင်း ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ "ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော မာရသွန်ပြိုင်
ပွဲဖြစ်တဲ့ ဒီလိုအပြည်ပြည် ဆိုင်ရာပြိုင်ပွဲကြီးကို ထပ်မံကျင်းပခွင့် ရရှိတာကြောင့် ဂုဏ်ယူမိပါတယ်။

၂၀၁၄ ခုနှစ်ပြိုင်ပွဲမှာ ၂၀၁၃ ခုနှစ်ထက် ပါ၀င်ယှဉ်ပြိုင်သူဦးရေ ၁,၀၀၀ မှ ၃,၀၀၀ အထိတိုးမြှင့်ရန်
ရည်ရွယ်ထားပါတယ်။ ပထမအကြိမ်ကျင်းပတဲ့ပြိုင်ပွဲ မှာ အားရစရာကောင်းတဲ့ တုံ့ပြန်မှုများကြောင့်
လာမည့် ၂၀၁၄ ပြိုင်ပွဲမှာ ပါ၀င် ယှဉ်ပြိုင်သူအားလုံးအတွက် အတွေ့ အကြံုကောင်းများရရှိအောင်
စီစဉ်နေ ပါတယ်။အပြေးလမ်းကြောင်းကို အပြီးသတ်ဆုံးဖြတ်ပြီးသည်နှင့် အသိ ပေးကြေညာသွား
ပါမယ်"ဟု ရိုးမ၏ဥက္ကဋ္ဌဦးသိမ်းဝေက ပြောသည်။

ပြိုင်ပွဲဝင်ကြေးအဖြစ် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်များအတွက် ငွေကျပ် ၅,၀၀၀ သတ်မှတ်ထားပြီး နိုင်ငံ
တကာမှ ပြိုင်ပွဲဝင်များအတွက် ၂၀၁၄ ခုနှစ် အောက် တိုဘာ ၁၀ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့
အထိ စာရင်းပေးသွင်းသောပြိုင်ပွဲဝင် များသည် (၄၂ ကီလိုမီတာ)ပြိုင်ပွဲ အတွက် အမေရိကန်ဒေါ်
လာ ၄၂ ဒေါ်လာ၊ (၂၁ကီလိုမီတာ) ပြိုင်ပွဲ အတွက် ၃၅ ဒေါ်လာ၊ အပျော်တမ်း ပြိုင်ပွဲအတွက် ၂၂
ဒေါ်လာ၊ နိုဝင်ဘာ ၁၁ ရက်နေ့မှ ဒီဇင်ဘာ ၂၀ ရက်နေ့ အထိ စာရင်းပေးသွင်းသော ပြိုင်ပွဲဝင် များ
သည် (၄၂ ကီလိုမီတာ)ပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ ၅၅ ဒေါ်လာ၊ (၂၁ ကီလိုမီတာ) ပြိုင်ပွဲ
အတွက် ၄၅ ဒေါ်လာ၊ အပျော်တမ်း ပြိုင်ပွဲအတွက် ၃၀ ဒေါ်လာ စသည့်ဖြင့် နှစ်မျိုးသတ်မှတ်ထား
သည်။

အဆိုပါ ပြိုင်ပွဲမှ ရရှိသော ပြိုင်ပွဲဝင်ကြေးများ ကို ပရဟိတလုပ်ငန်းများသို့ ပေးအပ် လှူဒါန်းသွား
မည်ဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲအတွက် ပြည်တွင်း၊ ပြည်ပ အပြေးသမား ၃,၀၀၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု
ခန့်မှန်း ထားကြောင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်ခဲ့ သော ပထမ
အကြိမ်ပြိုင်ပွဲတွင် အား ကစားသမား ၁,၀၀၀ ကျော်ခန့် ၀င် ရောက်ခဲ့ကြသည်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့သောပြိုင်ပွဲတွင် အမျိုးသား
မာရသွန် (၄၂ ကီလိုမီတာ) ပြိုင်ပွဲ၌ ကင်ညာနိုင်ငံ သား Mr.Gitau Kariuki က ၂ နာရီ ၁၉ မိနစ်
၁၃ စက္ကန့်ဖြင့် အနိုင်ရဗိုလ်စွဲ ခဲ့ပြီး အမျိုးသမီးပွဲစဉ်တွင် မြန်မာနိုင်ငံမှ မိမိအေးက ၂ နာရီ၊ ၄၆ မိနစ်
ရ စက္ကန့် ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ အမျိုးသား ၁၀ ကီလိုမီတာ အပြေးပြိုင်ပွဲတွင် ကင်ညာနိုင်ငံ
သား Mr.Charles Kipkorir Kipsang က ၃၁ မိနစ် ၁၁ စက္ကန့်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး အမျိုးသမီး
ပွဲစဉ်တွင် မြန်မာနိုင်ငံမှ ဖြူဝါသက်က ၃၅ မိနစ် ၁၁ စက္ကန့်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။



ဖတ်ရှုမှုအများဆုံး