အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်တို့မှ ပူးပေါင်း၍ (၂၅)ကြိမ်
မြောက် မြန်မာ နိုင်ငံလုံးဆိုင်ရာ မသန်စွမ်းအားကစားပြိုင်ပွဲကိုလာမည့် အောက်တိုဘာလ ၁၂
ရက်နေ့မှ ၁၄ ရက်နေ့အထိ ရန်ကုန် မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအဖြစ် ပြေးခုန်
ပစ်အားကစား ပြိုင်ပွဲများကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် သုဝဏ္ဏအားကစားကွင်း၌ ကျင်း
ပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ ဘတ်စကက်ဘော၊ ဘောလီဘော၊ စစ်တုရင်
အစရှိသော အားကစားနည်း ၁၂ မျိုးပါ၀င်မည်ဖြစ်ပြီး မသန်စွမ်းအားကစားသမား ၄၀၀ ကျော်ခန့်
၀င်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ ပြိုင်ပွဲတွင် (၇)ကြိမ်မြောက် အရှေ့တောင်အာရှမသန်စွမ်း
အားကစားပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့် လျက်ရှိသော ပဏာမ မသန် စွမ်း အားကစားသ
မားများနှင့် အခြား သင်တန်းကျောင်းများမှ မသန်စွမ်းအားကစားသမားများ ၀င်ရောက် ယှဉ်ပြိုင်
ကြမည်ဖြစ်သည်။
ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ဖြင့်ပတ်သက်၍ "ဒီပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြင့်
လက်ရှိစခန်းသွင်းထားတဲ့ အားကစားသမားတွေရဲ့ စံချိန်တွေကိုတွေ့မြင် သုံးသပ်နိုင်မှာ ဖြစ်ပါ
တယ်။ နောက်ပြီးပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားတွေထဲက အရည်အချင်း
ရှိတဲ့ မသန်စွမ်း အားကစားသမားတွေရှာဖွေမွေးထုတ်နိုင်မှာဖြစ်ပါတယ်။အရည်အချင်းရှိတဲ့ ကစား
သမားဆိုရင် ကျွန်တော်တို့က စနစ်တကျစခန်းသွင်းလေ့ကျင့်ပေးမယ်။
ဒီလိုလုပ်ခြင်းအားဖြင့် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ မြန်မာ နိုင်ငံအတွက် ရွှေတံဆိပ်တွေဆွတ်ခူး
နိုင်တဲ့ နိုင်ငံဂုဏ်ဆောင်အားကစား သမားတွေကို မွေးထုတ်နိုင်မှာဖြစ်ပါ တယ်။ နောက်ပြီး လာ
မယ့် ၂၀၁၄ ပြိုင်ပွဲ ကျရင် ကျွန်တော်တို့အားကစားသမား တွေအနေနဲ့ ပြိုင်ပွဲဝင်ရာမှာ ဘယ်လို
အခက်အခဲတွေရှိလဲဆိုတာကို ပြန်လည်သုံးသပ်ပြီး ကြိုတင်ပြင်ဆင် နိုင်မှာဖြစ်ပါတယ်"ဟု မြန်
မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် အတွင်း ရေးမှူးဦးပီတာက မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းအားကစားပြိုင်ပွဲကို ၁၉၈၉ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်း
ပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၃ ခုနှစ်တွင် (၂၅) ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ် ခြင်းဖြစ်
ကြောင်းသိရသည်။
ပြိုင်ပွဲကို လာမည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၌ အိမ်ရှင် အဖြစ် လက်ခံကျင်းပပြု
လုပ်မည့် (၇) ကြိမ်မြောက်အရှေ့တောင်အာရှ မသန် စွမ်းအားကစားပြိုင်ပွဲအတွက်အကြို ပြင်
ဆင်မှုတစ်ရပ်အနေဖြင့် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။ ယခုပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး
ဆုတံဆိပ် စုစုပေါင်း ၆၀၀ ကျော်ခန့်ပေး အပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင်(၇)ကြိမ်မြောက် အရှေ့ တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲအတွက် မသန်စွမ်း
အားကစား သမား ၄၀၀ ခန့်ကို နည်းပြအင်အား ၅၀ ကျော်ခန့်ဖြင့် စခန်းသွင်းလေ့ကျင့် ပေးလျက်
ရှိပြီး ဆန်ခါတင်လူရွေး ချယ် မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ရေကူးအားကစားနည်း
အတွက် ဂျပန်လူမျိုးနည်းပြတစ်ဦးက ဒီဇင်ဘာလတွင် လာရောက်ကူညီ သင်ကြားပေးမည်ဖြစ်
သည်။
အိမ်ရှင် မြန်မာနိုင်ငံအနေဖြင့် လာမည့် (၇)ကြိမ်မြောက်ပြိုင်ပွဲတွင် မသန်စွမ်းအားကစားအင်အား
ကြီး နိုင်ငံများဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား အစရှိသော နိုင်ငံများဖြင့် အဓိ
ကယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ် ခဲ့သော (၆)
ကြိမ်မြောက်မသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၃ ခု၊ ငွေတံဆိပ်၁၉ ခု၊ ကြေးတံဆိပ်
သုံးခု ဆွတ်ခူးနိုင်ခဲ့့သည်။














