မွန်တီနီဂရိုးဆိုသော အသင်းကလေးအကြောင်း

မွန်တီနီဂရိုးဆိုသော အသင်းကလေးအကြောင်း

ဒီတစ်ပတ်မှာ အင်္ဂလန်အသင်းဟာ မွန်တီနီဂရိုးအသင်းနဲ့ အရေးပါတဲ့ပွဲစဉ် ကို ကစားရတော့မှာ
ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ယူရို ၂၀၁၂ ခြေစစ်ပွဲ ကာလတုန်းကလည်း ခြေစစ်ပွဲအုပ်စု အဆင့်မှာ
အတူတွေ့ခဲ့ပါတယ်။

အဲဒီတုန်းက အင်္ဂလန်ဟာ အုပ်စုအဆင့်မှာ နောက်ဆုံးပွဲစဉ်တွေအထိ အသေအလဲကစားသွားခဲ့
ကြရပါတယ်။ မွန်တီနီဂရိုးဟာ ကောင်းကောင်းဒုက္ခ ပေးသွားခဲ့ပါတယ်။ အခုလည်းအင်္ဂလန် နဲ့
တစ်အုပ်စုတည်းကျပြီး အရေးပါတဲ့ ပွဲကို ကစားရတော့မှာဖြစ်ပါတယ်။တကယ်တော့ မွန်တီနီဂရိုး
ဆိုတာ အင်္ဂလန်နဲ့ယှဉ်လိုက်ရင် ကျော်ကြားမှုမှာတော့ တကယ့်ပိစိကွေးလေး အဆင့် မှာပဲ ရှိတဲ့
အသင်းဖြစ်ပါတယ်။

ဘောလုံး အကြောင်းပြောလိုက်ရင် မွန်တီနီဂရိုး ဆိုတာ အနိမ့်သင်းလေးအဖြစ်ပဲအများစုက သတ်
မှတ်ထားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆို မွန်တီနီဂရိုး ဟာ ဆာ့ဘ်တွေထံက လွတ်မြောက်လာ
ခဲ့တာ ခြောက်နှစ်ကျော်ကျော်လေးပဲ ရှိသေးတာကြောင့် မွန်တီနီဂရိုးဟာဥရောပဘောလုံးလောက
မှာ မထင်မရှား ဘဝမှာပဲ ရှိနေခဲ့တာပဲဖြစ်ပါတယ်။ မွန်တီနီဂရိုးဟာ ယူဂိုဆလပ်ပြည်ထောင်စုကြီး
က အသီးသီးခွဲထွက် လွတ်မြောက်လာကြတဲ့နိုင်ငံတွေထဲမှာ နောက်ဆုံးလွတ်မြောက်ခဲ့တဲ့ နိုင်ငံ
ပဲဖြစ်ပါတယ်။

၂၀၀၆ ဇူလိုင်လမှာ မွန်တီနီဂရိုးနိုင်ငံဆိုပြီး ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ ယူဂိုဆလပ်က
ခွဲထွက်လွတ်မြောက်တဲ့ နိုင်ငံတွေထဲ မှာ ခရိုအေးရှားဟာ ၉၈ ပြင်သစ် ကမ္ဘာ့ ဖလားဘောလုံးပြိုင်
ပွဲမှာ အောင်မြင်မှု ရခဲ့ပြီး ကမ္ဘာကြီးက သတိထားမိသွား သလိုပဲ စလိုဗေးနီးယားလို ၂၀၁၀ ကမ္ဘာ့
ဖလားဝင်ခွင့်ရသွားခဲ့ပါတယ်။ ဘော့ စနီးယား ဟာဇီဂိုးဗီးနားဟာလည်း ဥရောပမှာတိုးတက်ထင်
ရှားလာတဲ့ အသင်းဖြစ်လာသလို သူတို့တွေဟာ လည်း ထင်ရှားချင်နေကြသူတွေပဲ ဖြစ်ပါတယ်။

ပြီးတော့ သူတို့မှာလည်း ထိပ်တန်းအဆင့်ကစားသမားတွေ ပိုင်ဆိုင်ခဲ့သူဖြစ်နေတာကြောင့်လည်း
ကမ္ဘာ့ဇာတ်ခုံပေါ်ကို တက်လှမ်းချင် နေကြတာပဲဖြစ်ပါတယ်။ လူဦးရေ ခုနစ်သိန်းနီးပါးသာရှိတဲ့
မွန်တီနီဂရိုး ဟာ နိုင်ငံလွတ်မြောက်မှု ခြောက်နှစ် ကျော်ကြာသာ ရှိခဲ့သော်လည်းပဲ ဥရောပ မှာ
တော့ ဆင်းရဲတဲ့နိုင်ငံမဟုတ်ပါဘူး။

လူလတ်တန်းစားတွေပေါများတဲ့ ဥရောပအရှေ့တောင်ပိုင်းက နိုင်ငံ ငယ်လေးပဲဖြစ်ပါတယ်။သူတို့
မှာ ယူဂိုဆလပ်ပြည်ထောင်စုကာလက ထင်ရှားတောက်ပခဲ့တဲ့ ဂန္ထဝင်ဘောလုံး သမားတွေရှိထား
တဲ့ ရေခံမြေခံကောင်း သူတွေရှိထားခဲ့ပါတယ်။ လက်ရှိမွန်တီ နီဂရိုးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒီဂျန်
ဆာဗီဆီဗစ်၊ အဖွဲ့ဝင်တွေဖြစ်တဲ့ မီဂျန် နစ်၊ မီလိုဆီဗစ်တို့ဟာ မွန်တီနီဂရိုး ဘောလုံးအသင်း
အောင်မြင်မှုရအောင် ကြိုးပမ်းနေကြသူတွေပဲဖြစ်ပါတယ်။ ဆာဗီဆီဗစ်ဆိုရင် စီးရီးအေကလပ်
အေစီမီလန်မှာ အဓိကကစားသမား၊ မီလန်နဲ့ အောင်မြင်မှုတွေရရှိခဲ့သူ တစ်ဦးပဲဖြစ်ပါတယ်။

မွန်တီနီဂရိုးဟာ ဆားဘီးယားကနေ လွတ်မြောက်သွား ခဲ့ပြီးမှာ မွန်တီနီဂရိုးအသင်းကို ဦးဆောင်
လာခဲ့သူပဲဖြစ်ပါတယ်။ သူနဲ့တွဲလုပ်နေ တဲ့ မီဂျန်နစ်ဆိုရင် ရက်စတားဘဲလ်ဂရိတ်၊ ရီးယဲလ်မက်ဒ
ရစ်တို့မှာ နည်းပြ အဖြစ် ကျင်လည်ခဲ့သူ၊ မီလိုဆီဗစ်ဆိုရင် လည်း အင်္ဂလန်မှာ ကျင်လည်ကစား
ခဲ့သူတွေပဲဖြစ်ပါတယ်။ မွန်တီနီဂရိုး ဖြတ်သန်းမှုတွေမှာ သူတို့သုံးဦးဟာထိပ်ပိုင်းမှာ အဓိကကျသူ
တွေပဲဖြစ်ပါ တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ခြင်း ဆိုတာ မွန်တီနီဂရိုးတို့ရဲ့ အားသာချက် ပဲဖြစ်
ပါတယ်။

ဒါကြောင့်လည်း မွန်တီ နီဂရိုးဟာ အုပ်စုမှာ အင်္ဂလန်၊ ယူကရိန်း၊ ပိုလန်တို့နဲ့အတူ ကျနေသည့်
တိုင်အောင် အခုရှစ်ပွဲကစားအပြီးမှာ ရမှတ် ၁၅ မှတ်နဲ့ ယူကရိန်းနဲ့အပြိုင် အုပ်စု ဒုတိယနေရာမှာ
ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ထိပ်ဆုံးက ဦးဆောင်နေတဲ့အင်္ဂလန်နဲ့ တစ်မှတ်ပဲ ကွာဟနေလို့
အခုအင်္ဂလန်နဲ့အတွေ့ဟာ အင်္ဂလိပ် တွေလိုပဲ သူတို့မှာလည်း အိပ်မက်ရှိနေ ခဲ့ကြပါတယ်။


 

မွန်တီနီဂရိုးအောင်မြင် တာ ဗူချီနစ်၊ ဂျိုဗီတစ်တို့ကြောင့်လို့ အထင်ရှိထားကြပေမယ့် တကယ်တမ်း
မှာတော့ သူတို့ရဲ့အသင်းလိုက်စိတ်ဓာတ်ကသာ အဓိကပဲဖြစ်ပါတယ်။ တိုက်စစ်မှာ ဗူချီနစ်၊ ဂျိုဗီ
တစ်အတွဲဟာ မွန်တီနီဂရိုးရဲ့ အကောင်းဆုံးတိုက်စစ် အတွဲဆိုတာ ထင်ရှားပေမယ့် ခံစစ်က
မကောင်းခဲ့ဘူးဆိုရင် အခုလို အကောင်း ဆုံးပုံစံကိုရရှိမှာ မဟုတ်ပါဘူး။ ယူဂို ဆလပ်ပြည်တွင်း
စစ်ကြီးထဲမှာ ကျင်လည်ဖြတ်သန်းခဲ့ကြတဲ့ ကျွန်တော်တို့တစ်တွေ အခုဘောလုံးကစားတဲ့ အခါ
မှာ ဘာကိုကြောက်နေရဦးမှာလဲ။ ဘယ်သူ့ကိုမှထိတ်လန့်ကြောက်ရွံ့နေကြမှာမဟုတ်ပါဘူး။

ဒီခံယူချက်နဲ့ပဲ မွန်တီနီဂရိုးဟာ ခြေစစ်ပွဲကိုဖြတ်သန်း လာခဲ့တာပဲဖြစ်ပါတယ်။ ယူရို ၂၀၁၂ ခြေစစ်
ပွဲတုန်းကလည်း မွန်တီနီဂရိုး ဟာ အင်္ဂလန်ကို နှစ်ကျော့စလုံးမှာ သရေတွေကစားသွားနိုင်ခဲ့ပါ
တယ်။ အခုလည်း မွန်တီနီဂရိုးမှာ သရေကစားထားခဲ့ပြီးပါပြီ။ အခုပွဲက ဒုတိယ အကျော့ဖြစ်ပါ
တယ်။ အင်္ဂလန်ကွင်း ဖြစ်လို့ အင်္ဂလန်အသာစီးရမယ်ထင် ထားကြမှာပါ။ ဂိုးပြတ်အနိုင်ရဖို့ဆိုတာ
အင်္ဂလန်ခက်ခက်ခဲခဲကစားရမှာ သေချာပါတယ်။ မွန်တီနီဂရိုးဟာအင်္ဂလန်ကွင်းမှာ ကစားထားပြီး
ဖြစ်ပါတယ်။ မကစားရသေးဘူးဆိုရင်တောင် မွန်တီ နီဂရိုးဟာ အင်္ဂလိပ်တွေကိုကြောက်ရွံ့ နေမှာ
မဟုတ်ပါဘူး။ မွန်တီနီဂရိုးဟာ ရှစ်ပွဲကစားအပြီး မှာ ယူကရိန်းနဲ့အမှတ်တူနေပါတယ်။ တစ်ပွဲပဲ ရှုံး
ထားသေးပြီး အခု အင်္ဂလန်နဲ့ ပွဲကစားပြီးရင် နောက်ဆုံးပွဲကို အိမ် ကွင်းမှာ ကစားရမှာဖြစ်လို့ ဒီပွဲ
မှာမွန်တီနီဂရိုးဟာ အကောင်းဆုံးဖြစ် အောင် ပြင်ဆင်လာမှာသေချာနေပါ တယ်။

နောက်ဆုံးကစားခဲ့တဲ့ ပိုလန်နဲ့ အဝေးကွင်းပွဲမှာ ၁ဪ၁ သရေကစား ခဲ့ပါတယ်။ အဝေးကွင်း
လေးပွဲကစား အပြီးမှာ မွန်တီနီဂရိုးဟာ ရှုံးပွဲမရှိသေး ပါဘူး။ သုံးပွဲနိုင်၊ တစ်ပွဲသရေကစား ထားခဲ့
တဲ့အသင်းဖြစ်ပါတယ်။အသင်း မှာ ဗူချီနစ်၊ ဂျိုဗီတစ်တို့ဟာ ထင်ရှား တယ်။ အဓိကကစားသမား
ျတွဖြစ် တယ်ဆိုပေမယ့် မွန်တီနီဂရိုးမှာ ဂိုး အများဆုံးသွင်းထားသူတွေက ဗူချီနစ်၊ ဂျိုဗီတစ်တို့မ
ဟုတ်ဘဲ ဘယ်လီဘက်ဆစ် လေးဂိုးနဲ့ ဒမ်ဂျာနိုဗစ်တို့ဖြစ်နေပါတယ်။ ဒီအချက်က မွန်တီနီဂရိုးရဲ့
အသင်းလိုက်စုစည်းမှုနဲ့ ကစားတယ်ဆိုတာကိုပြနေတာပဲဖြစ်ပါတယ်။ ဗူချီနစ်၊ ဂျိုဗီတစ်တို့ကိုမှီခို
မထားဘူးဆိုတာကို တွေ့လိုက်ရတဲ့အချက်လည်း ဖြစ်ပါတယ်။ အဝေးကွင်းမှာ သွင်းဂိုး ကိုးဂိုးရှိ
ထားပြီး ပေးဂိုးက တစ်ဂိုးပဲရှိထားတာကလည်း မွန်တီနီဂရိုးရဲ့အဝေးကွင်းအားသာချက်ဖြစ်နေပါ
တယ်။

နောက်ဆုံးကစားခဲ့တဲ့ ပိုလန်ကို အဝေးကွင်းမှာ ကစားခဲ့တဲ့ပွဲမှာဆိုရင် ဂျိုဗီတစ် ပါ၀င်ကစားနိုင်ခြင်း
မရှိပါဘူး။ ဗူချီနစ်ကို ဒမ်ဂျာနိုဗစ်နဲ့တွဲကစားစေခဲ့တာဖြစ်ပါတယ်။ "ပွဲတိုင်းကိုကျွန်တော်တို့
အကောင်းဆုံးစိတ်ဓာတ် နဲ့ အနိုင်ရဖို့အတွက်ချည်း ကစားနေကြ တာပါ။ အသင်းကိုကြည့်
လိုက်ရင်လူငယ်တွေအများစုနဲ့ ဖွဲ့စည်းထားတာပါ''လို့ ဂျိုဗီတစ်က ပြောဆိုထားတာတွေ့ရ
ပါတယ်။

မွန်တီနီဂရိုးဟာတိုးတက်လာနေတဲ့အသင်းဆိုတာကို အားလုံးသတိထားမိလာကြပါပြီ။ "ဒါက
အံ့ဩစရာမရှိပါဘူး။ ကျွန်တော်တို့မှာ အတွေ့အကြံုရင့်တဲ့ကစားသမားတွေရှိနေလို့သာပဲဖြစ်ပါ
တယ်" လို့လည်း လိုင်လီနောက်တန်းသမားဘာဆာကလည်း ထပ်ဆင့်ပြောဆိုထားတာကိုတွေ့
ရပါတယ်။

ဘော်လ်ကန်ဒေသမှာ ယူဂိုဆလပ်ပြည်ထောင်စု ကနေ နောက်ဆုံးပေါ်ထွက်ခဲ့တဲ့ မွန်တီ နီဂရိုး
အသင်းလေးဟာ ယူရို ၂၀၁၂ ခြေစစ်ပွဲမှာ အင်္ဂလန်နဲ့အတူကျခဲ့ပြီး အုပ်စုဒုတိယရခဲ့သလို အခု
လည်း အင်္ဂလန်နဲ့အတူပဲ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အဆုံးအဖြတ်ပေးမယ့်ကာလကိုရောက်
လာခဲ့ပြီဖြစ်ပါတယ်။

မြွေပွေးဟာ သေးသေး၊ ကြီးကြီး သေစေ နိုင်တဲ့အဆိပ်ရှိတာချင်းအတူတူပါ။ မွန်တီနီဂရိုးဟာ
မြွေပွေးသေးသေးလေး ပါ။ လျှော့တွက်ရင် သေစေနိုင်တဲ့အသင်း ဖြစ်ပါတယ်။အင်္ဂလန်မြေမှာ
ဘယ်လောက်အထိ တုံ့ပြန်နိုင်မလဲဆိုတာစိတ်ဝင်းစားစရာကောင်းနေပါရဲ့။



ဖတ်ရှုမှုအများဆုံး