ဂျနီဗာ - ကွင်းတွင်း၊ ကွင်းပြင် လူမျိုးရေး ခွဲခြားမှုများကို တိုက်ဖျက်ရန် ဘောလုံး
အားကစားနည်းက ဦးဆောင်လှုပ်ရှား သွားရမည်ဖြစ်ကြောင်း ယူအီးအက်ဖ်အေဘောလုံးအဖွဲ့ချုပ်
ဥက္ကဋ္ဌ ပလာတီနီ က ကုလသမဂ္ဂအစည်းဝေးတွင် ပြောကြားလိုက်သည်။ လူမျိုးရေးခွဲခြားမှုပြဿ
နာများ သည် အားကစားလောကတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ဘောလုံး အားက
စားနည်းတွင် အများဆုံးဖြစ် သည်။
ထို့ကြောင့် အားကစားလောက တွင် လူမျိုးရေးခွဲခြားသည့် ဖြစ်စဉ်များ ပပျောက်ရေးအတွက်
ဘောလုံးအားကစားနည်းက ဦးဆောင်တိုက်ဖျက် ရမည်ဟု ပလာတီနီကဆိုခြင်းဖြစ် သည်။
"အားကစားနည်းတွေထဲမှာ ဘောလုံး အားကစားနည်းဟာ ပရိသတ်စိတ်ဝင် စားမှုအများဆုံးပါ။
ဒီလိုပရိသတ်ကြားရေပန်းစားတဲ့ အားကစားနည်းမှာ လူမျိုးရေးခွဲခြားမှုတွေကလည်း ခဏ ခဏဖြစ်
ပွားလေ့ရှိပါတယ်။ ဒါကြောင့် ဘောလုံးအားကစားနည်းကို စံနမူနာ ထားပြီး လူမျိုးရေးခွဲခြားမှု
ပပျောက် အောင် တိုက်ဖျက်သွားရမှာပါ"ဟု ပလာတီနီက ပြောသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်
ဖီဖာက လည်း ပြီးခဲ့သည့် မေလက လူမျိုးရေး ခွဲခြားမှုဖြစ်စဉ်များကို ထိရောက်စွာ အရေးယူရန်
အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက် ပြီး ကွန်ကာကက်ဖ်ဇုန် ဘောလုံးဥက္ကဋ္ဌ ဂျက်ဖရီဝက်ဘ်ကို ဥက္ကဋ္ဌအဖြစ်
ခန့်အပ် ခဲ့သည်။
(အေအက်ဖ်ပီ)















