ခရိုအေးရှား -ဘယ်ဂျီယံ
အုပ်စု(က)မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့အတွက် အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံဒီပွဲမှာ သရေကစားနိုင်ရင် ခြေစစ်ပွဲအောင်မှာ ဖြစ်ပြီး ခရိုအေးရှားကဒီပွဲအနိုင်ရမှ
မျှော်လင့်လို့ရနိုင်တဲ့အဆင့်မှာပဲရှိနေပါသေး တယ်။ ခရိုအေးရှားက အိမ်ကွင်းကောင်းတဲ့အသင်း
ဖြစ်လို့ လျှော့တွက်လို့မရ ပါဘူး။ ဒီပွဲမှာသေချာတာက ဂိုးနည်းမှာပဲဖြစ်ပါတယ်။
ဒိန်းမတ် -အီတလီ
အုပ်စု(ခ)မှာ အီတလီခြေစစ်ပွဲအောင်သွားပြီဖြစ်လို့ ဒီပွဲမှာအာရုံစိုက်မှုလျော့ သွားနိုင်ပါတယ်။ ဒိန်း
မတ်ဒီပွဲနိုင်လိုက်ရင် ဘူဂေးရီးယားကိုအမီလိုက်နိုင်ပါသေးတယ်။ အိမ်ကွင်းမှာ ဒိန်းမတ်နိုင်ပွဲမရ
သေးပါဘူး။ ဒီပွဲကအဆုံးအဖြတ်ပွဲ လည်းဖြစ်နေတော့ ဒိန်းမတ်ကစားအားတင်မယ့်ပွဲဖြစ်လာနိုင်
ပါတယ်။ အီတလီ အသာရနိုင်မယ်ထင်ရပေမယ့် ဒီပွဲမှာအိမ်ရှင်နိုင်သွားနိုင်တဲ့ပွဲဖြစ်လာနိုင်ပါတယ်။
ဆွီဒင် -ဩစတြီးယား
အုပ်စု(ဂ)မှာ ဒီပွဲကအုပ်စုဒုတိယနေရာအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲ ဖြစ်ပါတယ်။ နောက်ဆုံး ကစားထားတဲ့အနေအထားမှာဆွီဒင်ဟာခြေကောင်း နေတာတွေ့ရပါတယ်။ ဩစတြီးယားက
အိမ်ကွင်းကစားပုံကောင်းပေမယ့် အဝေးကွင်းကစားအားမကောင်းတာတွေ့ရပါတယ်။ ဆွီဒင်အိမ်
ကွင်းဖြစ်ပြီး ဒီပွဲနိုင်ရင်အုပ်စုဒုတိယနေရာ သေချာမှာဖြစ်လို့ ဆွီဒင်ကိုရွေးရမှာဖြစ်ပါတယ်။
ဂျာမနီ -အိုင်ယာလန်
အုပ်စု(ဂ)မှာ ဂျာမနီဟာဒီပွဲနိုင်ရင် ခြေစစ်ပွဲတိုက်ရိုက်အောင်မှာ ဖြစ်ပါတယ်။ အခုပွဲက အိမ်ကွင်း
လည်းဖြစ်တယ်။ အိုင်ယာလန်က တော်တော်အားနည်းနေတဲ့ အသင်းလည်းဖြစ်ပါတယ်။ နည်းပြ
လည်းပြောင်းထားပါတယ်။ ဂျာမနီကွင်းမှာ သရေရဖို့တောင် မလွယ်ပါဘူး။ ဂိုးပြတ်မရှုံးအောင်ပဲပြင်
ဆင်ရမှာပါ။ ဂျာမနီ အနိုင်ရမှာသေချာပါတယ်။ အနည်းဆုံးနှစ်ဂိုးပြတ်ပါလိမ့်မယ်။
ဟော်လန် -ဟန်ဂေရီ
အုပ်စု(ဃ)မှာ ဟော်လန်ခြေစစ်ပွဲအောင်ပြီးသွားပါပြီ။ အခုပွဲမှာ ဟော်လန်ကစားအားလျှော့မယ်
ထင်ရပေမယ့် အိမ်ကွင်းဖြစ်နေလို့ ပေါ့ပေါ့ဆဆကစားမယ် မထင်ပါဘူး။ ဟန်ဂေရီဒီပွဲနိုင်ရင် အုပ်စု
ဒုတိယရဖို့ သေချာမှာဖြစ်ပေမယ့် မလွယ် ပါဘူး။ ဟော်လန်ကို ဟန်ဂေရီမယှဉ်နိုင်ပါဘူး။
ဟော်လန်နိုင်မှာ သေချာပါ တယ်။ ဂိုးတော့မပြတ်နိုင်ပါဘူး။
ပေါ်တူဂီ -အစ္စရေး
အုပ်စု(စ)မှာ ပေါ်တူဂီနဲ့ရုရှားတို့ ခြေစစ်ပွဲတိုက်ရိုက်အောင်ဖို့အတွက် အရေးပါ တဲ့ အချိန်ကိုရောက်
လာပြီဖြစ်ပါတယ်။ ပေါ်တူဂီအိမ်ကွင်းမှာ အစ္စရေးကို အနိုင်ရ မှာသေချာပါတယ်။ အသင်းအဆင့်
အတန်းချင်းက တော်တော်ကွာဟနေ ပါတယ်။ ရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီဟာ ဂရုတစိုက်ပြင်ဆင်ကစားလာပါလိမ့်မယ်။ပေါ်တူဂီဂိုးပြတ်အနိုင်ရမယ့်ပွဲဖြစ်ပါတယ်။
လူဇင်ဘတ် -ရုရှား
အုပ်စု(စ)မှာ ရုရှားက ပေါ်တူဂီနဲ့အပြိုင်ဖြစ်နေလို့ ဒီပွဲက ရုရှားအတွက်အရေးကြီးပါတယ်။ လူဇင်
ဘတ်နဲ့လည်း တွေ့နေလို့ ရုရှားပွဲချောင်နေပါတယ်။ ဂိုးကိုရနိုင်သလောက်သွင်းမယ့်ပွဲဖြစ်နေပါ
တယ်။ ရုရှား ဂိုးတွေအများအပြား သွင်းမယ့်ပွဲပါ။
ဂရိ -ဆလိုဗက်ကီးယား
ဘောစနီးယားနဲ့အပြိုင်ဖြစ်နေတဲ့ ဂရိရဲ့ပွဲကျပ်တစ်ပွဲဖြစ်ပါတယ်။ ဂရိခက်ခက် ခဲခဲကစားရမယ့်ပွဲဖြစ်
ပါတယ်။ ဆလိုဗက်ကီးယားခြေစစ်ပွဲမအောင်တော့ ပေမယ့်ဂရိက ယှဉ်နိုင်စွမ်းရှိကြောင်းပြသနိုင်
ပါတယ်။ ဆလိုဗက်မှာ ဟမ်ဆစ်၊ စပါရာ၊ ၀ီဆစ်တို့ ရှိနေလို့ဂရိမလွယ်ပါဘူး။ သရေကျသွားနိုင်ပါ
တယ်။
ယူကရိန်း -ပိုလန်
အုပ်စု(ဇ)ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ ပိုလန်ဟာ ခြေစစ်ပွဲအောင်ဖို့ အခွင့် အရေးရှိပါသေးတယ်။
ယူကရိန်းကတော့ ခြေစစ်ပွဲအောင်ဖို့ပိုနီးစပ်ပါတယ်။ ဒီပွဲဟာ ယူကရိန်းရဲ့ အရေးပါတဲ့ပွဲဖြစ်ပါတယ်။
ပိုလန်ကွင်းမှာတုန်းကလည်း ယူကရိန်းအနိုင်ရထားပါတယ်။ အကြိတ်အနယ်ဖြစ်မယ့်ပွဲဖြစ်ပါတယ်။
ယူကရိန်း ကိုသိပ်ပြီးယုံလို့မရပါဘူး။ သရေကျသွားနိုင်ပါတယ်။
အင်္ဂလန် -မွန်တီနီဂရိုး
အင်္ဂလန်ခြေစစ်ပွဲအောင်ဖို့အတွက် ဒီပွဲကအဆုံးအဖြတ်ပဲဖြစ်ပါတယ်။ ဒီပွဲနိုင် လိုက်ရင် တော်တော်
အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။ မွန်တီနီဂရိုးက လည်း ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်ရှိ
တဲ့အသင်းဖြစ်နေပါတယ်။ အင်္ဂလန် ခက်ခက်ခဲခဲကစားရမှာဖြစ်လို့ အင်္ဂလန်အနိုင်ရရင်တောင် ဂိုး
မပြတ်နိုင်တဲ့ပွဲဖြစ်ပါတယ်။
စပိန် -ဘီလာရုစ်
အုပ်စု(ဈ)မှာ စပိန်နဲ့ ပြင်သစ်အပြိုင်ဖြစ်နေပါတယ်။ ဘီလာရုစ်ကတော့ စပိန်နဲ့ အတွေ့အကြံုရှာ
တဲ့သဘောပဲဖြစ်ပါတယ်။ ဂိုးကွာခြားမှုက အရေးပါတဲ့အရာ ဖြစ်နေလို့စပိန် ဒီပွဲကိုဂရုတစိုက်နဲ့
အကောင်းဆုံးကစားလာမယ့်ပွဲဖြစ်ပါတယ်။ စပိန်ဂိုးတွေသွင်းပါလိမ့်မယ်။ စပိန်ကိုပဲ ရွေးချယ်ရမှာ
ဖြစ်ပါတယ်။














