လာလီဂါကို စိန်ခေါ်လာနိုင်သော အလက်တီကို

လာလီဂါကို စိန်ခေါ်လာနိုင်သော အလက်တီကို

အလက်တီကို အသင်း အတွက် ရလဒ်ကောင်းတွေ  ယူဆောင်ပေးနေသည့် နည်းပြဆီမြွန်နီ။

သူ့ကို အင်္ဂလန်မှဘက်ခမ်းပရိသတ်များ ကောင်းကောင်းမှတ်မိနေကြလိမ့်မည်။ ၁၉၉၈ ကမ္ဘာ့ဖလား
ကို အာဂျင်တီးနား နှင့် အင်္ဂလန်အသင်းတို့ရင်ဆိုင်တွေ့ ခဲ့စဉ်က ဘက်ခမ်းကို အနီကတ်ဖြင့်
အထုတ်ခံရရန် ဟန်ဆောင်ပြခဲ့သူ အဖြစ် အင်္ဂလန်ပရိသတ်များ၏ အမုန်း ပွားခြင်းခံခဲ့ရသူဖြစ်သည်။

အခုတော့ နည်းပြတစ်ယောက် အဖြစ် သူ၏အစွမ်းအစများကို အလက် တီကိုအသင်းနှင့်အတူ
ထုတ်ပြနေပြီ ဖြစ်သည်။ အလက်တီကိုမှာ လက်ရှိအချိန်တွင် လာလီဂါ၌ ရှစ်ပွဲကစားပြီး ရာတွင်
ရှစ်ပွဲစလုံး အနိုင်ရထားပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဘာစီလိုနာနှင့်အတူ ဦးဆောင်
နေနိုင် သည့်အပြင် ချန်ပီယံလိဂ်တွင်လည်း နှစ်ပွဲကစား၊ နှစ်ပွဲစလုံး အနိုင်ရကာ အုပ်စုတက်ရေး
အလားအလာကောင်း ကို ပိုင်ဆိုင်ထားပြီဖြစ်သည်။

အလက်တီကို အသင်း၏ ယခုလို ခြေစွမ်းပြနိုင်မှုများတွင် ဆီမြွန်နီ၏ ဦးဆောင်မှုများကလည်း
အဓိကကျနေ သည်။ သူ အလက်တီကို အသင်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် ရောက်ရှိလာ
စက အသင်းမှာ ရုန်းကန်နေရသေး သည့် အချိန်မျိုး ဖြစ်သည်။

ထို့ကြောင့် လည်း ထိုအချိန်ကနည်းပြမန်ဇာနိုကို ရာထူးမှ ဖယ်ရှားပြီး အသင်းကစား သမား
ဟောင်းဖြစ်သော ဆီမြွန်နီ လက်ထဲ အလက်တီကိုအသင်းကို ရဲရဲ ၀ံ့ဝံ့ထိုးအပ်လိုက်သည်က
အလက်တီကို အသင်းအတွက် အပြောင်းအလဲတစ်ခု အစဖြစ်ခဲ့သည်။

အလက်တီကိုမှာ ထိုရာသီအကုန် တွင် ယူရိုပါလိဂ်ပြိုင်ပွဲကိုဝင်ခွင့်ရခဲ့ပြီး ဆီမြွန်နီ၏ အစွမ်းအစ
များကိုစပြီး မြင်တွေ့ခွင့်ရခဲ့သည်။ အလက်တီကို မှာ လာလီဂါ၌ ခြေစွမ်းပုံမှန် အနေ အထား
သာရှိနေခဲ့သော်လည်း ယူရို ပါလိဂ်ဘက်တွင်မူ ခြေစွမ်းပြပြီး နောက်ဆုံးတွင် ချန်ပီယံဆုတစ်ဆု
ကို ရအောင်ယူနိုင်ခဲ့သည်။ အလက်တီကိုနှင့် ဆီမြွန်နီ၏ ပေါင်းစပ်မှုက အောင်မြင်မှုတစ်ခုဆီသို့
စတင်လျှောက် လှမ်းနေပြီဖြစ်ကြောင်းသတိပေးလိုက် သလိုပဲ ဖြစ်သည်။


 

အလက်တီကိုမှာလည်း ဆီမြွန်နီ၏ လက်ထဲတွင် တဖြည်းဖြည်းနှင့် တည်ငြိမ်လာခဲ့သည်။ နောက်
ရာသီ မစမီ ဥရောပစူပါဖလားပြိုင်ပွဲတွင် လည်း ချယ်လ်ဆီးကို ဂိုးပြတ်အနိုင် ကစားပြကာ ဥရောပ
စူပါဖလားကို ထပ်ယူပြနိုင်ခဲ့ပြီး အလက်တီကိုမှာ လာလီဂါဘက်ကို ပိုဦးစားပေးကာ ချန်ပီယံလိဂ်
၀င်ခွင့်ရရေးကို အဓိက ထား ယှဉ်ပြိုင်လာခဲ့ပုံရသည်။ ရာသီ တစ်ဝက်ခန့်အထိ ရီးယဲလ်နှင့် ဘာစီ
လိုနာအသင်းကို အကောင်းဆုံးဖိအား ပေးနိုင်ခဲ့သည့်အပြင် ရာသီကုန်ဆုံး ချိန်တွင်လည်း ယခင်
အဆင့်(၃)နေရာ ကိုယူနေကြ ဗလင်စီယာကို ကျော်ဖြတ် ကာ အဆင့်(၃) နေရာရအောင်ယူနိုင်
ခဲ့ သည်။

ထို့ပြင် ပြိုင်ဘက် ရီးယဲလ် မက်ဒရစ်ကိုကျော်ဖြတ်ကာ စပိန်ဘုရင့် ဖလားကိုလည်း ရယူနိုင်ခဲ့ပြန်
သည်။ အလက်တီကိုအတွက် ဆင်မြွန်နီ၏ လက်ထဲတွင် အောင်မြင်မှုများနှင့် တဖြည်းဖြည်း
၀င့်ကြွားနိုင်ခဲ့ပြီဖြစ် သည်။ အောင်မြင်မှုများရလာသည်နှင့် အမျှ အသင်းအတွင်း စုစည်းညီညွတ်
မှု များလည်း ပိုပြီးရှိလာခဲ့သည်။

နည်းပြ အပေါ် ယုံကြည်မှုများပိုလာခဲ့ကြသလို အသင်းလိုက်ကစားပုံကလည်း ဒီရာသီ တွင် ပိုပြီး
ထက်မြက် တည်ငြိမ်မှုရှိလာသည် ကိုပါ တွေ့နေရသည်။ အလက်တီကိုအသင်းမှာ ယခုရာသီမစ
မီအပြောင်း အရွှေ့ဈေးကွက်တွင် ပြီးခဲ့သည့်ရာသီက အသင်း အတွက် အားထားခဲ့ရသော တိုက်
စစ် မှူးဖြစ်သူ ဖယ်လ်ကာအိုကို စံချိန်တင်ကြေးဖြင့် ရောင်း ချခဲ့ပြီးနောက် အသင်း၏ အင်အားဖြည့်
တင်းမှုကို ထင်သလောက်ပြုလုပ် နိုင်ခြင်း မရှိခဲ့။ အသင်းတွင် လည်း ငွေကြေးအကျပ်အတည်းများ
ကြံုနေရ၍ စိတ်ကြိုက်ငွေသုံးစွဲနိုင်မှုမျိုး မပြုလုပ်နိုင်ခဲ့။

ဆင်မြွန်နီ ကိုယ်တိုင်အသင်း၏ အား ဖြည့်နိုင်မှုအပိုင်းကို ညည်းတွားခဲ့ ရသည်အထိ ဖြစ်ခဲ့ရသေး
သည်။ သို့သော်လည်း ဆီမြွန်နီလက်ထဲတွင် တစ်ရာသီပြီးတစ်ရာသီ အသားကျ လာပြီဖြစ်သော
အသင်းကစားပုံနှင့် အသင်းအတွက် လိုအပ်သလောက် ထပ်မံအားဖြည့်နိုင်မှုမျိုး ပြုလုပ်နိုင်ခဲ့ ခြင်း
က ရာသီစချိန်တွင် အလက်တီကို ကို ထင်မှတ်မထားနိုင်သောအခြေအနေမျိုးတစ်ခုအထိ မြင်
တွေ့ခွင့်ရခဲ့ ကြခြင်းဖြစ်သည်။

ဖယ်လ်ကာအိုကိုရောင်းလိုက်ရသော ငွေကြေးဖြင့် ရာယိုမှ ဘာတစ္စတာအိုနှင့် ဘာစီလိုနာ မှ ဒေး
ဗစ်ဗီလာတို့နှစ်ဦးကို တိုက်စစ် အတွက် အားပြန်ဖြည့်နိုင်မှုကလည်း အသင်းအတွက်အကျိုးရှိသွား
ခဲ့သည် ကို၊အားလုံးအမြင်ပဲဖြစ် သည်။ ထို့ကြောင့်လည်း အလက် တီကိုမှာ ယခုရာသီတွင် ပုံမှန်
အတိုင်း ဆက်ပြီးခြေစွမ်း အမှန်ကို ရထားခဲ့ခြင်းပင် ဖြစ်သည်။

ဆီမြွန်နီ၏ နည်း စနစ်များနှင့် အသင်းအံဝင် ခွင်ကျ ပိုဖြစ်လာသလို နောက် ထပ် အလက်တီကို
အတွက် အားရစရာအချက်က ဖယ်လ် ကာအိုမရှိတော့သည့်နောက် ဒီယေဂို ကော်စတာ တိုက်
စစ်တွင် ပိုခြေစွမ်းပြလာနိုင်သည့်အပြင် ကွင်းလယ်မှ လူငယ်ကစားသမားများ ဖြစ်သော ကိုကီ၊
အာဒန်တူရန်၊ ဂါဘီ တို့မှာလည်း အကောင်းဆုံးခြေစွမ်းမျိုး ကို ရလာချိန်ဖြစ်၍ အသင်း၏ကစား
ပုံ မှာ ပိုပြီးအားရှိလာခဲ့သည်ကိုလည်း တွေ့နေရသည်။ အထူးသဖြင့် ဆီမြွန်နီ ၏ နည်းစနစ်ပိုင်း
များက အလုပ်ပို ဖြစ်လာခဲ့သည်။ သူ၏နည်းစနစ်ပိုင်းနှင့်ပတ်သက်၍ ဝေဖန်မှုအချို့နှင့် ကြံုခဲ့ရ
သေး သည်။

အလက်တီကိုအသင်းကို ယခင် သူကိုင်တွယ်ခဲ့ဖူးသော အီတလီကလပ်အသင်းများကဲ့သို့ ခံစစ်
အားပြုပုံစံမျိုး ပုံသွင်းနေသည်ဟု စွပ်စွဲမှုများလည်းရှိခဲ့သည်။ သို့သော်လည်း ဆီမြွန်နီ ကတော့
ထိုအချက်ကို မဟုတ်မှန် ကြောင်း ပြန်တုံ့ပြန်ခဲ့သည်။ တကယ် လည်း အလက်တီကိုကစားနေ
ပုံမှာ ခံစစ်ကိုလုံးဝအားပြုထားသောပုံစံမျိုး မဟုတ်။ ပြိုင်ဘက်အသင်း၏အခြေ အနေပေါ်မူတည်
ပြီး အသင်း၏ကစားပုံ ကို အပြောင်းအလဲလုပ်ပြီး ကစားနေ သည့် ပုံစံမျိုးဖြစ်သည်။

သို့သော်လည်း အိမ်ကွင်းထက်စာလျှင် အဝေးကွင်း တွင်တော့ ခံစစ်ကိုပိုသတိထားကစား လေ့ရှိ
သည်။ ဒီရာသီ အလက်တီကိုအသင်း၏ ပေးဂိုးများကိုကြည့်လျှင် ပြီးခဲ့သည့်ရာသီကထက် ဂိုးပေး
ရမှုအပိုင်းတွင်မူ ပိုများလာသည်ကိုလည်း တွေ့နိုင်သည်။ ထိုအချက်က အလက်တီကိုမှာ ခံစစ်
အားပြုပုံစံဖြင့် ကစားနေသောအသင်း တစ်သင်းမဟုတ်ကြောင်း ပြသရာ ရောက်ခဲ့သည်။

အလက်တီကိုအတွက် ဒီရာသီ အဓိက တိုးတက်မှုရှိလာသည်က တိုက်စစ်ပိုင်းပဲ ဖြစ်သည်။
ယခင်ကဆိုလျှင် ဂိုးရရေး အတွက် ဖယ်လ်ကာအိုတစ်ယောက် တည်းကိုသာ အားကိုးနေခဲ့သော
အလက်တီကိုမှာ ယခုရာသီတွင် ဒီယေဂို ကော်စတာက ဖယ်လ်ကာအို အစား တာဝန်ဝင်ယူပေး
ထားသည့် အပြင် ဗီလာ၊ အာဒန်တူရန်၊ သီယာဂို တို့၏ ဂိုးသွင်းနှုန်းမှာလည်း ပိုပြီး အားရစရာ
ကောင်းလာခဲ့ခြင်းက အလက်တီကို တိုက်စစ်ပိုင်းအတွက် ပိုပြီးကျေနပ်စရာဖြစ်လာခဲ့သည်။

အဓိကအားဖြင့်တော့ အလက်တီကို ကစားပုံမှာ ကွင်းလယ်မာကျောမှုရှိပြီး ခံစစ်ကြောင်းကလည်း
မီရန်းတက်စ်၊ ဂိုဒင်၊ ဖိလစ်ပီတို့နှင့် တဖြည်းဖြည်း အထိုင်ကျနေသလို ဂိုးသမား ကော့ တွိုက်စ်၏
လက်စွမ်းကလည်း တစ် ရာသီပြီးတစ်ရာသီ တိုးတက်မှုပြလာ ခြင်းက အလက်တီကိုအတွက်
အကောင်းဆုံးအချိန်များ တစ်ပြိုင်နက်ရောက်လာခဲ့ခြင်းဟုပင် ဆိုနိုင်သည်။

လက်ရှိအလက်တီကို၏ ခြေစွမ်းက တော့ ဒီရာသီလာလီဂါ ချန်ပီယံဆု ကိုပင် စိန်ခေါ်နိုင်စွမ်းရှိနေ
သည်မှာ သေချာနေသည်။ ဒီခြေစွမ်းကို သူတို့ ဘယ်အထိဆက်ထိန်းထားနိုင်ကြမည် နည်း။ အလက်တီကို၏ခြေလှမ်းများက စောင့်ကြည့်ချင်စရာအခြေအနေသို့ ရောက်လာခဲ့ပြီဖြစ်သည်။



ဖတ်ရှုမှုအများဆုံး