ဟံသာဝတီက မကွေးကို ပင်နယ်တီဖြင့် အနိုင်ယူသွား
MNL cup 2013 ပြိုင်ပွဲ၏ ဆီးမီးဖိုင် နယ်ပွဲစဉ်တစ်ပွဲအဖြစ် မကွေးအသင်း နှင့် ဟံသာဝတီအသင်း
တို့ သည်ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့အောင်ဆန်း
အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ မကွေးအသင်းက ပင်နယ်တီ အဆုံးအဖြတ်ဖြင့်
ဟံသာဝတီအသင်းကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။
"ကျွန်တော်တို့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့အတွက် အထူးပဲ ၀မ်းသာမိပါတယ်။ ဒီပွဲကို
မကွေးကစား သမားတွေ အကောင်းဆုံးကြိုးစားကစား ခဲ့ကြတဲ့အတွက် အနိုင်ရရှိခဲ့တာပါ။
ဗိုလ်လုပွဲမှာတွေ့မယ့် ကမ္ဘောဇအသင်းဟာလည် အသင်းကြီးတစ်သင်းဖြစ်တာကြောင့်
ခက်ခဲနိုင်မယ့် ပွဲတစ်ပွဲဖြစ်ပါ တယ်" မကွေးအသင်း၏ နည်းပြချုပ် ဦးကြည်လွင်က ပြောသည်။














