အီတလီ-အသင်းမှာ ပါ၀င်ကစားခွင့်ရဖို့ဆိုရင်...

အီတလီ-အသင်းမှာ ပါ၀င်ကစားခွင့်ရဖို့ဆိုရင်...

 

စက်တင်ဘာ ၆ နှင့် ၁၀ ရက်များ၌ ကစား ခဲ့သော ၂၀၁၄ ကမ္ဘာ့ဖလား၊ ဥရောပဇုန် ခြေစစ်ပွဲ၊
အုပ်စု (B) ပွဲစဉ်များအတွင်း အီတလီသည် ဘူဂေးရီးယားကို ၁-၀၊ ချက်ကို ၂-၁ ဖြင့် အသီးသီး
အနိုင်ရပြီး နောက် ခြေစစ်ပွဲအောင်မြင်သွားပြီ ဖြစ် သည်။ သို့ရာတွင် ယင်းပွဲစဉ်နှစ်ပွဲ မတိုင်မီက
အီတလီအသင်းသည် ခြေစမ်းပွဲနှင့် ခြေစစ်ပွဲများ၌ သုံးပွဲ တိတိ နိုင်ပွဲပျောက်သွားသောကြောင့်
ဘောလုံးကျွမ်းကျင်သူအချို့၏ 'လျှော့ တွက်'ခြင်းနှင့် ဝေဖန်ခြင်းများကို ခံခဲ့ရ သေးသည်။

ကျွမ်းကျင်သူများက စွမ်းဆောင် ရည်ပိုင်းကျဆင်းကာ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားသော
အီတလီ အသင်းသည် အိမ်ကွင်း၌ ဘူဂေးရီးယား၊ ချက်တို့နှင့် ကစားမည့် ခြေစစ်ပွဲ များတွင်
တစ်ပွဲသာ အနိုင်ရအောင် 'ညှစ်'ပြီး ကျန်တစ်ပွဲကို သရေလောက် သာ ထိန်းကစားသွားမည်
ဟု တွက်ဆခဲ့ကြသည်။

သို့ရာတွင် အီတလီသည် နှစ်ပွဲစလုံးနိုင်ပြီး ခြေစစ်ပွဲ အောင်သွား သောအခါတွင် ဝေဖန်သူများ
အသံ တိတ်သွားကြသည်။ ၂၀၁၄ ကမ္ဘာ့ဖလား ၀င်ရောက်ခွင့်လက်မှတ်ရသွားပြီဖြစ်သော အီ
တလီအသင်းသည် ယခုတစ်ဖန် လက်ကျန်ခြေစစ်ပွဲများအဖြစ် အောက်တိုဘာ ၁၁ ရက်တွင်
ဒိန်းမတ်(အဝေးကွင်း)၊ အောက်တိုဘာ ၁၅ တွင် အာမေးနီးယား (အိမ်ကွင်း) ပွဲစဉ်များ ဆက်
တိုက် ကစားရမည်ဖြစ်သည်။ ယင်းပွဲစဉ်နှစ်ခု သည် အီတလီအသင်းအတွက် အရေး မကြီးတော့
သော်လည်း နည်းပြ ပရန် ဒယ်လီ အ တွက်မူ အတိုင်းအတာတစ်ခု ထိ အရေးပါနေသည်။

အောက်တိုဘာလ ၆ ရက်တွင် ကမ္ဘာ့ ဖလားခြေစစ် ပွဲဝင်မည့် အီတလီ အသင်း လူစာရင်းထွက်
ပေါ်လာသော အခါတွင် အီတလီမီဒီယာများအကြား 'ပွက်လောညံ' သွားသည်။ အထူးသဖြင့်
ခြေစွမ်းပြလာသော ရိုးမားတိုက်စစ်မှူး တော့တီကို ချန်လှပ်ထားခြင်းနှင့် ပတ်သက်ပြီး အီတလီ
နည်းပြ ပရန် ဒယ်လီသည် အတော်လေး ရှင်းပြလိုက် ရသည်။ ရိုးမားကို ခုနစ်ပွဲဆက်တိုက်နိုင်
ကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင် နိုင်အောင် အသင်းခေါင်းဆောင် တော့တီသည်
အဓိကအခန်းကဏ္ဍမှ ပါ၀င်ခဲ့သည်။

အထူး သဖြင့် ပူပူနွေးနွေး ကစားခဲ့သော အင်တာမီလန်နှင့်ပွဲ တွင် ပင်နယ်တီတစ်ဂိုး အပါအဝင်
နှစ်ဂိုး သွင်းယူခဲ့သော တော့တီခြေစွမ်းသည် အကောင်းဆုံးအနေအထားသို့ တစ် ကျော့ ပြန်
လည်ရောက်ရှိလာသည်ကို တွေ့ရသည်။ အသက် ၃၇ နှစ် ရှိပြီဆိုသော အချက်မှလွဲပြီး တော့
တီသည် အီတလီလက်ရွေးစင်အသင်းကို ကောင်းစွာ ဦးဆောင်မောင်းနှင်နိုင် စွမ်းရှိသည်ဟု ကျွမ်း
ကျင်သူအများစု က ထောက်ပြခဲ့ကြသည်။

အီတလီနည်းပြ ပရန်ဒယ်လီ ကိုယ်တိုင်ကလည်း ထိုအချက်ကို မငြင်းဘဲ လက်ခံကြောင်း ထုတ်
ဖော် ပြောဆိုသည်။ ပရန်ဒယ်လီ၏ ပြောဆိုချက်တွင် ၎င်းအနေဖြင့် ရိုးမားတိုက်စစ်မှူး တော့တီနှင့်
ပါးမား တိုက်စစ်မှူး ကာဆာနိုတို့ကို အမြဲတမ်း စောင့်ကြည့်နေကြောင်း၊ ၎င်းတို့သည် ပင်ကို ထူး
ချွန်ကြသောကြောင့် ယခုနှုန်းထားအတိုင်း ခြေစွမ်းကို ထိန်းထားနိုင်ပါက ဘရာဇီးလ်နိုင်ငံ တွင်
ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလား အတွက် တံခါးဖွင့်ထားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ပရန်ဒယ်လီအမြင်တွင် ၂၀၁၄ ကမ္ဘာ့ ဖလားအတွက် ရှစ်လသာ ကျန်တော့ သော်လည်း ထိုအချိန်
အတိုင်းအတာ အတွင်း ကစားသမားများသည် ခြေစွမ်း အတက်အကျ အမျိုးမျိုးရှိလာနိုင်သော
ကြောင့် ယခုအချိန်တွင် ပြောရ ခက်နေသေးသည်။ သို့ရာတွင် ပရန်ဒယ်လီ သည် ခြေ စွမ်းအား
ဖြင့် အကောင်းဆုံး အနေအထားသို့ ရောက်နေသော အီတလီလက်ရွေးစင် ကစားသမား ၂၂
ယောက်ကို ၂၀၁၄ ကမ္ဘာ့ဖလားသို့ ခေါ်ဆောင်သွားလိုသည်။

တစ်ဖန် အေစီမီလန်တိုက်စစ်မှူး မာရီယို ဘာလိုတယ်လီကို ပြန်လည် ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး
ပရန် ဒယ်လီသည် 'စောဒက'များကို ရင်ဆိုင် ကာ ဖြေရှင်းချက်များ ပေးခဲ့ရသေး သည်။ စည်းကမ်း
ချက်အတိုင်း ပရန်ဒယ်လီ သည် လိဂ်အမှတ်ပေးပွဲများတွင် ပွဲပယ်ခံထားရသော ကစားသမားများ
ကို လက်ရွေးစင်အသင်းထဲသို့ ခေါ်ယူခြင်း မရှိဘဲ ဘာလိုတယ်လီသည် ပြီးခဲ့သော ဂျူဗင်တပ် ၃-၂
အေစီမီလန်ပွဲစဉ်တွင် သုံးပွဲပယ်ပြစ်ဒဏ် ပြည့်သွားပြီဖြစ် သောကြောင့် ၎င်းကို အီတလီလက်ရွေး
စင်အသင်းသို့ ပြန်လည်ခေါ်ယူခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အီတလီအသင်း လူစာရင်းတွင် ဖီအိုရင်တီးနားတိုက်စစ်မှူး ဂူဆစ်ပီရော့စီ ပြန်လည်ပါ၀င်လာခြင်း
ကိုမူ ကျွမ်းကျင်သူအများစုက ချီးကျူး ထောက်ခံလိုက်ကြသည်။ ရော့စီသည် နည်းပြပရန်ဒယ်
လီ လက်ထက် အစောပိုင်းကာလ တစ် လျှောက်လုံး အီတလီအသင်းတွင် ပုံမှန် နေရာရခဲ့ပြီး
ပရန်ဒယ်လီ၏ 'လက်စွဲ' ဖြစ်ခဲ့သည်။ ပရန်ဒယ်လီသည် လူငယ်များဖြင့် အီတလီအသင်းကို ပြန်
လည် တည်ဆောက်ရာတွင် ၀ါရင့်ကစားသမားများဖြစ်ကြသော ပီယာလို၊ ကာဆာနို၊ ဒီရော့စီတို့
အပြင် တိုက်စစ် မှူး ဂူဆစ်ပီရော့စီတို့၏ 'အား'ကို အပြည့် အဝ ရယူခဲ့ရသည်။

သို့ရာတွင် ရော့စီသည် လပေါင်း များစွာ ဒဏ်ရာရပြီးနောက် မိခင် ကလပ်အသင်းတွင်ပင် ပွဲထွက်
ခွင့်ရအောင် ရုန်းကန်ခဲ့ရသောကြောင့် ပရန်ဒယ်လီ၏ လျစ်လျူရှုခြင်းကို နှစ်နှစ်နီးပါးခံခဲ့ရသည်။
ယခုရာသီတွင်မူ ရော့စီသည် ဖီအိုရင်တီးနားတိုက်စစ်ကို အဓိကဦးဆောင်နေပြီး ငါးဂိုးသွင်းယူ
ထားပြီဖြစ်သောကြောင့် အီတလီလက် ရွေးစင်အသင်းတွင် ပါ၀င်ခွင့်ရရှိရေး အိပ်မက်များ
အကောင်အထည် ပေါ် လာခြင်းဖြစ်သည်။

သို့ရာတွင် ယခုတစ်ခေါက် ရော့စီကို ရွေးချယ်လိုက်ခြင်းနှင့်ပတ်သက်ပြီး ပရန်ဒယ်လီက ၎င်းကို
ဖိအားများစွာ ပေးလိုခြင်း မရှိကြောင်း၊ ၎င်းနှင့် ဘာလို တယ်လီသာ တွဲကစားလိုက်ပါက အီတလီ
တိုက်စစ်တွဲသည် များစွာ အံ့ဩစိတ်ဝင်စားဖွယ်ရာကောင်းလာ မည်ဖြစ်ကြောင်း ပြောဆိုသည်။

စိတ်ဝင်စားစရာကောင်းသော အချက်တစ်ခုမှာ ရိုးမားတွင် ခြေစွမ်း ပြလာသော တောင်ပံခံစစ်မှူး
ဘာဇာ ရက်တီကို ခေါ်ယူလိုက်ခြင်း ဖြစ်သည်။ မှတ်တမ်းများအရ ဘာဇာရက်တီသည် ၂၀၁၂၊
နိုဝင်ဘာလထဲတွင် အီတလီ အသင်း ခြေစမ်းပွဲကစားခဲ့ရာ၌ ပထမ ဆုံးအBကိမ် ခေါ်ယူခြင်းခံခဲ့
ရသည်။


ထိုနောက်ပိုင်းတွင် လက်ရွေးစင် အသင်းနှင့် ဝေးကွာခဲ့ပြီးယခုတစ်ခေါက် တွင်မှ ပြန်လည်ပါ၀င်
လာခြင်းဖြစ် သည်။ လေ့လာသူများက အီတလီနောက်တန်းတွင် အေစီမီလန်နှင့် ဂျူဗင်တပ်က
စားသမားများဖြင့်သာ 'အထိုင်ချ' ထားပြီး၊ ယခုတစ်ဖန် အင်တာမီလန် နောက်ခံလူ ရာနိုချီယာ
လည်း ပြန်လည် ပါ၀င်လာပြီ ဖြစ်သောကြောင့် ဘာဇာ ရက်တီအနေဖြင့် ပွဲထွက်ကစားခွင့် ရရှိ
ရန် မလွယ်ကူကြောင်း သုံးသပ်ကြ သည်။ ဘူဂေးရီးယား၊ ချက်တို့နှင့် ကစားခဲ့သော ခြေစစ်ပွဲ
များအတွင်း နည်းပြ ပရန်ဒယ်လီသည် အီတလီ နောက်တန်းကို သူအထိုင်ချထားပြီး သော
ဘောလုံးသမားများဖြင့်သာ ပွဲထွက်စေပြီး မငျု ယူကာ လူသစ်များ ထည့်သွင်းခြင်း မရှိခဲ့ကြောင်း
ကျွမ်းကျင်သူများက ထောက်ပြသည်။

သို့ရာတွင် တစ်ဖက်ကလည်း ယခု လာမည့် ခြေစစ်ပွဲများသည် အရေးBကီး ပွဲစဉ်များ မဟုတ်
သောကြောင့် အီတလီ နောက်တန်းတွင် လူသစ်အချို့ကို မြင်ရ ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူ
များက ခန့်မှန်းထားကြသည်။ ရိုးမားကွင်းလယ်လူ ဒီရော့စီသည် ဒဏ်ရာကြောင့် ယခုတစ်ခေါက်
ခြေစစ် ပွဲစဉ်များကို လွဲချော်ဖွယ်ရှိသည်။

သို့ရာ တွင် ယခင်ပွဲစဉ်များကို လွဲချော်ခဲ့သော ဂျူဗင်တပ်ကွင်းလယ်လူ မာချီစီယို ပြန်လည်ပါ၀င်
လာပြီ ဖြစ်သည်။ တစ်ဖန် နည်းပြပရန်ဒယ်လီသည် ပီအက်စ်ဂျီ ကွင်းလယ် လူနှစ်ယောက်ဖြစ်
သော သီယာဂိုမော့တာနှင့် မာကိုဗာရက်တီတို့ကိုလည်း ခေါ်ယူထားသည်။

သီယာ ဂို မော့တာသည် ပြီးခဲ့သော ခြေစစ်ပွဲစဉ် များအတွင်း အံ့အားသင့်ဖွယ် အနီးကပ်မှ ခေါ်
ယူခြင်းကို ခံခဲ့ရသည်။ သို့ရာတွင် ယခု တစ်Bကိမ် အီတလီ ကွင်းလယ်တွင် ဒီရော့စီ မှလွဲပြီး ခြေ
စွမ်းထက် မြက်သူများ ပါ၀င်လာ ခြင်းကြောင့် သီယာဂိုမော့တာအနေဖြင့် ပွဲထွက် ကစားခွင့်ရန်
မသေချာ သော အနေအထားတွင်ရှိကြောင်း ကျွမ်းကျင် သူများက ထောက်ပြသည်။

အီတလီကွင်းလယ်တွင် ဂျူဗင်တပ်မှ ပီယာလိုနှင့် မာချီစီယိုအပြင် ပြီးခဲ့သော ခြေစစ်ပွဲနှစ်ပွဲအတွင်း
ပွဲထွက်ခွင့်ရပြီး ခြေစွမ်းပြခဲ့သော ကန်ဒရီဗာ (လာဇီယို) နှင့် ဂျီယာချီရီနီ(ဆန်းဒါးလန်း)တို့လည်း
ပါ၀င်လာသည်။

နည်းပြ ပရန်ဒယ်လီအနေဖြင့် ဘူဂေးရီးယား၊ ချက်တို့နှင့် ကစားခဲ့ရာတွင် သုံးစွဲခဲ့သော ၃-၄-၂-၁
ကစားကွက်ကိုသာ ယခု တစ်ခေါက်တွင် အသုံး ပြုမည်ဆိုပါက ကန် ဒရီဗာနှင့် ဂျီယာချီရီနီတို့ကို
သေ ချာပေါက်နီးပါး ထည့်သွင်းအသုံး ပြုရမည်ဖြစ် သည်။

သို့ရာတွင် ဘယ်ခြမ်းတိုက်စစ်နေရာ တွင် ရိုးမား၌ တစ်ဟုန်ထိုး ခြေစွမ်းတက် လာသော ဖလိုရန်ဇီ
ကိုလည်း ထည့်သွင်း စဉ်းစားနေရပြီ ဖြစ်သည်။ ဖလိုရန်ဇီ သည် ရိုးမားတွင် ဘယ်ခြမ်းနှင့် ညာခြမ်း
တိုက်စစ်နှစ်ခုစလုံးကို စနစ်တကျ ရွှေ့ပြောင်းကစားနိုင်စွမ်းရှိသူ ဖြစ်ရုံသာမက လိုအပ်ပါက တဒင်္ဂ
အားဖြင့် 'အထောင်တိုက်စစ်မှူး' အဖြစ် ကစားနိုင် ကာ ဂိုးများသွင်းယူထားသည်။

အေစီမီလန် အသင်းခေါင်းဆောင် မွန်တိုလီဗိုနှင့် ဖီအိုရင်တီးနား ၀ါရင့်ကွင်းလယ်လူ အကွီလာနီ
တို့လည်း ယခုတစ်ခေါက် ခြေစစ်ပွဲကစားမည့် အီတလီအသင်း လူစာရင်းတွင် ပါ၀င်လာသည်။
တစ်ဖန် ဘိုလော့နာတွင် တစ်ကိုယ်တော် ခြေစွမ်းပြနေသော ဒီယာမန်သီနှင့် အေစီမီလန်ရောက်
ပြီး ခြေစွမ်းရော အတွေ့အကြံုပါ မြင့်မား လာသည့် အင်ဒရီယာပိုလီတို့လည်း ယခုတစ်ခေါက်
ပါ၀င်လာခြင်းကြောင့် အီတလီကွင်းလယ်တွင် ပွဲထွက်ကစား ခွင့်ရဖို့ အကြိတ်အနယ် ပြိုင်ဆိုင်
ရဖွယ် ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ် ကြသည်။ အီတလီရှေ့တန်းတွင် ပြီးခဲ့သော ခြေ
စစ်ပွဲစဉ်များကို လွဲချော်ခဲ့သူ ဆောက်သမ်တန်တိုက်စစ်မှူး အော့စ ဗဲလ်ဒို ပြန်လည်ပါ၀င်လာသည်။

တစ်ဖန် နာပိုလီတွင် ခြေစွမ်းပြလာ သော တိုက်စစ်မှူး အင်ဆစ်ဂနီကိုလည်း ခေါ်ယူထားသည်။ ပြီး
ခဲ့သော ခြေစစ် ပွဲစဉ်များကလည်း အင်ဆစ်ဂနီကို ခေါ်ယူခဲ့သော်လည်း ပွဲထွက်ကစား သမားအဖြစ်
ထည့်သွင်းခဲ့ခြင်း မရှိတာ ကို တွေ့ရသည်။

အေစီ မီလန်တွင် ခြေစွမ်းပျောက်နေသော တိုက်စစ်မှူး အဲလ်ရှာဝီကိုမူ ချန်လှပ်ထားပြီး ဂျီနိုအာ
ရှေ့တန်းမှ ၀ါရင့်တိုက်စစ်မှူး ဂီလာဒီနို နှင့် တိုရီနိုတိုက်စစ်မှူး ကာချီတို့ကို ခေါ်ယူထားသည်။ ဂီ
လာဒီနိုသည် ဘူဂေးရီးယား၊ ချက် တို့နှင့် ခြေစစ်ပွဲ ကစားခဲ့သော အီတလီအသင်း၏တိုက်စစ်
ကို ဦးဆောင်ပြီး အရေးပါသောဂိုး သွင်းယူပေးနိုင်ခြင်း ကြောင့် ၎င်းကိုလည်း ထည့်စဉ်းစားရ
သည်။

သို့ရာတွင် ဘာလိုတယ်လီနှင့် အော့စဗဲလ်ဒိုတို့ ပါ၀င်လာခြင်းကြောင့် ၎င်းအတွက် နေရာရဖို့
များစွာအခက်အခဲရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။ ကျွမ်းကျင်သူအချို့က နည်းပြ
ပရန် ဒယ်လီအနေဖြင့် လူသစ်များကို ပွဲထွက် ကစားသမားအဖြစ် ထည့်သွင်းစမ်းသပ် နိုင်ခြေ ၅၀
ရာခိုင်နှုန်းသာရှိကြောင်း ခန့်မှန်းကြသည်။

၎င်းတို့အမြင်တွင် ဖီအိုရင်တီးနားတွင် ခြေစွမ်းပြန်ပြလာ သော 'တပည့်အရင်းခေါက်ခေါက်' ဂူဆစ်
ပီဒီရော့စီ၊ အေစီမီလန်တိုက်စစ် မှူး ဘာလိုတယ်လီနှင့် ဆောက်သမ်တန် တိုက်စစ်မှူး အော့စဗဲလ်
ဒိုတို့ သုံးယောက် ထဲတွင်ပင် မည်သူ့ကို ရွေးချယ်ရမည်ဆိုသည်မှာ နည်းပြပရန်ဒယ်လီ အတွက်
ရှုပ်ထွေးသော မေးခွန်းတစ်ခု ဖြစ်သည်။ အကယ်၍ ၃ဪ၄ဪ၂ဪ၁ ကစားကွက် သာ
အသုံးပြုပါက 'အထောင်တိုက်စစ်မှူး' နေရာတွင် ဘာလိုတယ်လီသည် ပွဲထွက် ခွင့်ရဖွယ်ရှိသည်။

ထိုသို့ဖြစ်လာပါက ဘယ်ခြမ်းနှင့် ညာခြမ်းတိုက်စစ်နေရာ များတွင် မည်သူတို့ကို ထည့်သုံးမည်
နည်းဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်လာသည်။ ပြီးခဲ့သော ခြေစစ်ပွဲနှစ်ပွဲတွင် ကန်ဒရီဗာ (လာ
ဇီယို) နှင့် ဂျီယာချီရီနီ (ဆန်းဒါးလန်း)တို့ကို ဘယ်ခြမ်းနှင့် ညာခြမ်း တိုက်စစ် (တငိနာညေ) နေ
ရာတွင် ထည့်သွင်းသုံးစွဲခဲ့သည်။

တစ်ဖန် ထိုသို့သာ တငိနာညေ များသာ ထည့်သွင်းသုံးစွဲပါကလတ်တလော နာပိုလီတွင် ခြေ
တက်နေသော အင်ဆစ်ဂနီနှင့် ရိုးမားတွင် ခြေစွမ်းပြနေသော ဖလိုရန်ဇီ တို့သည် ဘယ်ခြမ်းနှင့်
ညာခြမ်းတိုက်စစ် နှစ်ဖက်စလုံးတွင် ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်စွမ်းရှိ သည်။

၎င်းတို့ကို ထည့်သွင်းခြင်းအားဖြင့် အီတလီအသင်း၏ 'တိုက်စစ်ဝါပါ' မြင့်တက်လာနိုင်သည်ဟု
ကျွမ်းကျင်သူများက ယူဆကြသည်။ ကွင်းလယ်ကစားသမားလေးယောက် နှင့် ဘယ်ခြမ်း၊ ညာ
ခြမ်းတိုက်စစ်သမား နှစ်ယောက်တို့ ပူးပေါင်းချိတ်ဆက် ကစားပါက အီတလီအသင်းသည် တောင်
ပံတိုက်စစ်ကို ထိရောက်စွာကစားလာနိုင်ဖွယ်ရှိသည်။ ဆိုရပါလျှင် အီတလီအသင်းသည် ၂၀၁၄
ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ အဖြစ် ယခုတစ်ခေါက်တွင် ဒိန်းမတ်၊ အာမေးနီးယားတို့နှင့် ကစားရ
မည် ဖြစ်ပြီး အကောင်းဆုံးခြေစွမ်းရှိသူ ၂၂ ယောက်ကိုသာ ၂၀၁၄ ကမ္ဘာ့ဖလားပွဲသို့ ခေါ်ဆောင်
သွားလိုသော နည်းပြ ပရန် ဒယ်လီအနေဖြင့် ယခုပွဲများမှ ထွက်ပေါ်လာသော ကစားသမားတစ်ဦ
ချင်းစီ ၏ စွမ်းဆောင်ရည်များကို အလေးထား ရတော့မည် မဟုတ်ပါလား။



ဖတ်ရှုမှုအများဆုံး