၂၀၀၄ ဘရာဇီးလ် ကမ္ဘာ့ဖလားကိုသွား ဖို့ မီဒီယာတွေရဲ့ ခေါင်းတပ်ပုံတွေက အရမ်းလှပါတယ်။
ဘရာဇီးလ်သွားချင် ရင် ဒီပွဲနိုင်အောင်ကန် (ဒါမှမဟုတ်) ဘရာဇီးလ်သွားဖို့ မီးကုန်ယမ်းကုန် တိုက်
ပွဲများ (ဒါမှမဟုတ်) ဘရာဇီးလ်သွားဖို့ လက်မှတ်တစ်စောင် စသဖြင့်ပေါ့လေ။
ကျွန်တော်ကတော့ ဆမ်ဘာမြေရဲ့ တေးသံတွေကို နားဆင်ဖို့ အလည်တစ်ခေါက် သွားရောက်မယ့်
သူများလို့ ကင်ပွန်းတတ်ချင်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားကို ဘရာဇီးလ်လ်နိုင်ငံမှာ ၂၀၁၄ ဇွန်လ
၁၂ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ ကျင်းပဖို့ရှိပါ တယ်။ အခုဆိုရင် ပြိုင်ပွဲတွေဟာ အဆုံးသတ်
အပိုင်းကို ရောက်ရှိလာပြီး တချို့ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင် သွားတဲ့ အသင်းတွေလည်း ပေါ်
ထွက် လာခဲ့ပြီဖြစ်ပါတယ်။ ဂျပန်၊ ဩစတြေး လျ၊ အီရန်၊ တောင်ကိုရီးယား၊ နယ်သာ လန်၊ အီတ
လီ၊ ကော်စတာရီကာ၊ အမေ ရိကန်၊အာဂျင်တီးနားတို့ဟာ တိုက်ရိုက်ခြေစစ်ပွဲ အောင်သွားကြပြီပဲ
ဖြစ်ပါတယ်။
ဒါကြောင့် ဒီတစ်ပတ် အောက်တိုဘာ ၁၁ နဲ့ ၁၅ ရက်တို့မှာ ယှဉ်ပြိုင်ကစားမယ့် ပွဲတွေမှာ ဘယ်
အသင်း တိုက်ရိုက်ခြေစစ်ပွဲ အောင်မလဲ ဆိုတာ စဉ်းစားကြည့်ချင်စရာကောင်း လာပါတယ်။ ဒီနေ
ရာမှာ အားလုံး စိတ်ဝင်စားတဲ့ ဥရောပဇုန် ခြေစစ်ပွဲများကို တင်ပြ လိုက်ပါတယ်။
အုပ်စု(က)
ဘယ်လ်ဂျီယံနဲ့ ခရိုအေးရှားတို့ဟာ ဒီအုပ်စုမှာ အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲအောင်ဖို့ အပြိုင်ဖြစ်နေ
တာကို သတိပြုဖို့လိုပါတယ်။ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယံတို့
ထိပ်တိုက်တွေ့နေတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဘယ်လ်ဂျီ ယံသာ နိုင်သွားခဲ့လို့ကတော့ တိုက်
ရိုက် ခြေစစ်ပွဲအောင်ပြီလို့ ပြောနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ဟာ အုပ်စု(က)
အတွက် ဂရုထား ပြီး စောင့်ကြည့်ရမယ့် ပွဲစဉ်ဖြစ်နေပါ တယ်။
အုပ်စု(ခ)
အီတလီဟာ ခြေစစ်ပွဲအောင်မြင်ပြီး ဖြစ်လို့ သူ့ပွဲစဉ်တွေဟာ စိတ်ဝင်စား စရာ မကောင်းတော့ပါဘူး။
ဒါပေမဲ့ ဘူလ်ဂေးရီးယားရဲ့ အနေအထားက စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူ့ကို ဒိန်းမတ်က
၁၂ မှတ်နဲ့ တစ်မှတ် အကွာ ကနေ ဖိအားပေးနေပါတယ်။ ဒိန်းမတ် ဟာ အီတလီကို အိမ်ကွင်းမှာ
ရင်ဆိုင် ရမှာဖြစ်ပြီး ဘူလ်ဂေးရီးယားက ချက်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်
အဲဒီပွဲစဉ်တွေရဲ့ အဖြေဟာ အုပ်စု ဒုတိယနေရာအတွက် အဆုံး အဖြတ် အဖြေတွေ ဖြစ်ပါတယ်။
အုပ်စု(ဂ)
ဂျာမနီဟာ ခြေစစ်ပွဲအောင်ဖို့ အလားအလာ အကောင်းဆုံး အနေ အထားမှာ ရှိပါတယ်။ ဒါပေမဲ့
အခု ကစားရမယ့် အိုင်ယာလန်နဲ့ပွဲကို အနိုင် ကစားထားနိုင်ပြီဆိုရင် တိုက်ရိုက် ခြေစစ်ပွဲ အောင်ပြီ
လို့ ပြောနိုင်ပါတယ်။ဒုတိယနေရာက ဆွီဒင်ကလည်း ဩစတြီးယားကို အနိုင်ကစားနိုင်ရင် အဲဒီအုပ်
စုရဲ့ အဆုံးအဖြတ်တွေက ပိုပြီးလှသွားမှာ ဖြစ်ပါတယ်။ ဂျာမနီ ဟာ အိမ်ကွင်းမှာ အိုင်ယာလန်ကို
အနိုင်ယူပြီး တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်လိမ့်မယ်လို့ ထင်နေမိပါတယ်။
အုပ်စု(ဃ)
ဒီအုပ်စုမှာတော့ နယ်သာလန်ဟာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်
သူတို့ရဲ့ လိမ္မော် ရောင် ပွဲတွေကတော့သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းတော့ပါဘူး။ ပြီးတော့ နယ်
သာလန်ဟာ ဟန်ဂေရီကို အိမ်ကွင်းမှာ ဧည့်ခံရမှာမို့ အခက်အခဲ မရှိလောက်မှာကိုလည်း လေ့လာ
သုံးသပ် တွေ့ရှိရပါတယ်။အဓိက ကတော့ ဟန်ဂေရီပါပဲ။ သူသာ နယ်သာလန်ကို အနိုင်မကစား
နိုင်ခဲ့ရင် တူရကီကသာ အက်စတိုးနီးယားကို အဝေးကွင်းမှာ နိုင်ခဲ့ရင် ဟန်ဂေရီ ချောက်ကျမယ့်
အပေါက်တစ်ပေါက် ဖြစ်ပါတယ်။
အုပ်စု(င)
ဆွစ်ဇာလန်ရော အိုက်စလန်ပါ အခွင့်အရေး ရှိနေဆဲဖြစ်ပါတယ်။ ဆွစ်ဇာလန်က အဝေးကွင်းမှာ
အယ်လ်ဘေးနီးယားကို ရင်ဆိုင်ရမှာဖြစ်ပြီး အိုက်စလန်က ဆိုက်ပရပ်စ်ကို အိမ်ကွင်း မှာဧည့်ခံရမှာ
ဖြစ်နေပါတယ်။အိုက် စလန် အခြေအနေ ကောင်းနိုင်ပြီး ဆွစ်ဇာလန်ကတော့ အဝေးကွင်းမှာ ခက်
ခက်ခဲခဲ ရုန်းကန်ရနိုင်ပါတယ်။
အုပ်စု(စ)
ကာပယ်လိုရဲ့ ရုရှားဟာ စီရော်နယ်ဒို ပါ၀င်နေတဲ့ ပေါ်တူဂီနဲ့ ထိပ်
တိုက် အပြိုင် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ အမှတ်ကွာဟချက် တစ်မှတ်
သာ ရှိနေတဲ့ အသင်းနှစ်သင်း ဖြစ်လို့ပါပဲ။ ရုရှားဟာ လူဇင်ဘတ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင် ရမှာဖြစ်ပြီး ပေါ်
တူဂီကတော့ အစ္စရေး ကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ပေါ်တူဂီအနေနဲ့ ခြေစစ်
ပွဲအောင်ချင်ရင်တော့ အိမ်ကွင်း မှာ အစ္စရေးကို အနိုင်ကန်ရမှာ ဖြစ်တယ် လို့ သုံးသပ်မိပါတယ်။
အုပ်စု(ဆ)
ဒီအုပ်စုမှာ ဘော့စနီးယား-ဟာဇီဂိုးဗီးနားအသင်းဟာ ရှစ်ပွဲကစားပြီး ၁၉ မှတ် ရထားပါတယ်။
ဂရိကတော့ အဲဒီအုပ်စုမှာ အုပ်စု ဒုတိယအနေအထားနဲ့ ဂိုးကွာခြားချက်အရသာ အမှတ်တူ ၁၉
မှတ်နဲ့ ဒုတိယနေရာကို ထိန်းချုပ် ထားတာပါ။ ဘော့စနီးယားရော၊ ဂရိပါ အိမ်ကွင်းတွေမှာ လက်
ချင်စတိန်းနှင့် ဆလိုဗက်ကီးယားကို ဧည့်ခံရမှာမို့ အလွယ်တကူ အနိုင်ရမယ်လို့ မျှော်လင့် ရပါ
တယ်။အုပ်စု(ဆ) ရဲ့ ပြိုင်ပွဲတွေက တော့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ရဦးမယ်လို့ သုံးသပ်
မိပါတယ်။
အုပ်စု(ဇ)
အင်္ဂလန်-မွန်တီနီဂရိုး ပွဲစဉ်ဟာ ဒီအုပ်စုရဲ့ ၀ိညာဉ်၊ ဒီအုပ်စုရဲ့ အဆုံး အဖြတ်၊ ဒီအုပ်စုရဲ့
အသည်းနှလုံး ဖြစ်ပါတယ်။ တကယ်လို့ အင်္ဂလန်သာ နိုင်သွားခဲ့လို့ကတော့ ပွဲကပြီးသွားပါပြီ။
ဒီလိုမှမဟုတ်ဘဲ မွန်တီနီဂရိုးကို သရေ ကျရင်၊ ဒါမှမဟုတ် ရှုံးသွားရင် ပွဲက တော့ နောက်ဆုံးပွဲစဉ်
တွေအထိ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်သွားနိုင် ပါတယ်။ ဒါကြောင့် အင်္ဂလန်ဪမွန်တီ
နီဂရိုးပွဲစဉ်နဲ့ ယူကရိန်းဪပိုလန် ပွဲစဉ်တွေ ဒီအုပ်စု (ဇ) ရဲ့ အသက်အဝင်ဆုံး ပွဲစဉ်တွေ ဖြစ်လို့
နေပါတယ်။
အုပ်စု(စျ)
စပိန်နှင့် ပြင်သစ် အမှတ်တူ ၁၄ မှတ် နဲ့ အပြိုင်ဖြစ်နေတဲ့အတွက် ဒီအုပ်စုဟာလည်း စိတ်ဝင်စား
စရာကောင်းတဲ့ အုပ်စုဖြစ်နေပါတယ်။ စပိန်ဟာ ဘီလာရုစ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာမို့ အခွင့်
အရေးကောင်းနေပြီး၊ ပြင်သစ်အနေနဲ့ တစ်ပွဲပို ကစားထားတာက ပြဿနာ ဖြစ်နေပါတယ်။
စပိန် မရှုံးနိုင်တဲ့အတွက် ပြင်သစ်တိုက်ရိုက် ခြေစစ်ပွဲအောင်ဖို့ဆိုတာ သိပ်ခဲယဉ်းလွန်းပါတယ်။
ပြင်သစ်အနေနဲ့ အကောင်းဆုံး အုပ်စုဒုတိယနေရာကိုသာ မျှော်မှန်းပြီး ဏူပေ သ်် ကစားဖို့ ပြင်
ဆင်ရတော့မှာပါ။ ပရိသတ် စိတ်အဝင်စားဆုံး ၂၀၁၄ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲတွေ
ကတော့ ပိတ်သိမ်းချိန်နဲ့အတူ စိတ် ၀င်စားမှု အထွတ်အထိပ်ကို ရောက်ရှိ လာပြီ ဖြစ်ပါတယ်။
ဒီနေရာမှာ ဘယ် အသင်းတွေ တိုက်ရိုက် ခြေစစ်ပွဲအောင် မလဲ၊ ဘယ်အသင်းတွေက ထပ်ကျော့
ခြေစစ်ပွဲကစားဖို့ အခွင့်အရေးရပြီး ဘယ်အသင်းတွေက ကြေကွဲစွာ လက်ပြ နှုတ်ဆက်ရမလဲ ဆို
တာကိုတော့ မကြာ မီရက်အတွင်း ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက်စောင့်ကြည့်ကြပါစို့။















