ကိုလံဘတ်စ် - ပြီးခဲ့သည့် တနင်္ဂနွေနေ့ က ကျင်းပပြီးစီးခဲ့သည့် President Cup
ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန် အသင်းက နိုင်ငံတကာကစားသမား များပါ၀င်သည့်အသင်း
ကို အနိုင်ရရှိပြီး ဆုဖလားရယူနိုင်ခဲ့သည့်အတွက် ရိုက်ဒါ ဖလားပြိုင်ပွဲတွင်လည်း ဆက်လက်အနိုင်
ရမည်ဟု အမေရိကန်အသင်းသားများက ယုံကြည်လျက်ရှိသည်။
အမေရိကန်အသင်းသည် ပြီးခဲ့သည့် ရိုက်ဒါဖလားပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင် ဆုဖလား
ပြန်လည်ရယူရန် ကြိုးစားနေခြင်းဖြစ်သည်။ ယခုအခါ ဏမနျငိနညအ ဃကစ အသင်းလိုက်ပြိုင်ပွဲ
တွင် အနိုင်ရရှိခြင်းကြောင့် ၎င်းတို့အသင်း၏ အနေအထားကို ကျေနပ်နေခြင်းလည်းဖြစ်သည်။
"ပြီးခဲ့တဲ့ ပြိုင်ပွဲက အရှုံးဟာ အခု ချိန်ထိ ကျွန်တော်တို့ရင်ထဲမှာ ရှိနေတုန်း ပါပဲ။ အဲဒီပြိုင်ပွဲတုန်းက
ပါ၀င်ခဲ့တဲ့ ကစားသမားတိုင်းကို မေးကြည့်ရင် သူတို့အားလုံးဟာ ဒီနှစ်မှာ ရိုက်ဒါ ဖလားကို ပြန်လို
ချင်နေကြပါတယ်။
ဒီလိုစိတ်ဓာတ်တွေကြောင့်လည်း အခု ပြိုင်ပွဲမှာ ကျွန်တော်တို့အသင်း ဆု ဖလားရယူနိုင်ခဲ့တာပါ။
လာမယ့် ရိုက်ဒါ ဖလားပြိုင်ပွဲမှာ ဆုဖလား ပြန်လည်ရယူနိုင်ဖို့ ကျွန်တော်တို့အားလုံး တစိုက်မတ်
မတ် ကြိုးပမ်းသွားရတော့ မှာပါ"ဟု အမေရိကန်အသင်းမှာ စထရစ်ကာကပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)















