လာမည့်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် (၂၇)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲအတွက် အကြို
ပြင်ဆင်မှုပြုလုပ်သည့်အနေဖြင့် တရုတ်နိုင်ငံ တွင် ပူးတွဲလေ့ကျင့်မှုပြုလုပ်လျက်ရှိသော မြန်မာ
စားပွဲတင်တင်းနစ် အားကစားသမားများနှင့်အနောက်တိုင်းလှေအားကစားသမားများသည် ပြီးခဲ့
သည့် အောက်တိုဘာလ ရ ရက်နေ့က မြန်မာ နိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
မြန်မာစားပွဲတင် တင်းနစ်အားကစားအဖွဲ့ သည် အမျိုးသားအားကစားသမားနှစ်ဦး၊အမျိုး သမီး
အားကစားသမားနှစ်ဦးဖြင့် တရုတ်နိုင်ငံ တွင်သုံးလကြာ သွားရောက်လေ့ကျင့်ခဲ့ကြခြင်း ဖြစ်ပြီး
အနောက်တိုင်းလှေလှော်အဖွဲ့သည် အားကစားသမား ၂၀ ၀န်းကျင်ခန့်ဖြင့် ရ၇ ရက်ကြာ သွား
ရောက်လေ့ကျင့်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါပူးပေါင်းလေ့ကျင့်မှုများကို လာမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုတစ်ရပ် အနေဖြင့်
သွားရောက်ခဲ့ကြခြင်းဖြစ်ပြီး မြန်မာ နိုင်ငံက အားကစားသမားများ၏ အရည်အသွေး များ တိုးတက်
လာကြောင်းသိရသည်။ "ကျွန်တော်တို့အားကစားသမားတွေ အရည်အသွေး အများကြီးတိုးတက်
လာခဲ့ပါ တယ်။
နောက်ပြီး ပြည်ပကစားသမားတွေ၊ နည်းပြတွေဆီက နိုင်ငံတကာပြိုင်ပွဲအတွေ့ အကြံုတွေ
အများကြီးရရှိခဲ့ပါတယ်။ မကြာခင်မှာပဲ နေပြည်တော်ကို သွားရောက်ပြီး ဆီးဂိမ်း မတိုင်ခင်အထိ
ဆက်လက်လေ့ကျင့်သွားမှာပါ။ ဆီးဂိမ်းပြိုင်ပွဲမှာ နိုင်ငံအတွက် ရွှေတံဆိပ်တွေ ဆွတ်ခူးနိုင်အောင်
အကောင်းဆုံးကြိုးစားသွား မှာပါ"ဟု မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ ချုပ်မှ နည်းပြချုပ်
ဦးအေးကျော်က မြန်မာတိုင်း(မ်) ကို ပြောသည်။
မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်အနေဖြင့် လက်ရှိအားကစားသမား စုစုပေါင်း ၁၈ ဦးကို
စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိပြီး လာမည့်ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသားငါးဦးနှင့်အမျိုးသမီးငါးဦး
စုစုပေါင်းစားပွဲတင် တင်းနစ်အားကစားသမား ၁၀ ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း
သိရသည်။
ဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံအနေဖြင့် စားပွဲတင် တင်းနစ်အင်အားကြီးနိုင်ငံများဖြစ်သော
ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံက
အနောက်တိုင်းလှေလှော်အဖွဲ့ သည် တရုတ်နိုင်ငံတွင် ရ၇ ရက်ကြာလေ့ကျင့်မှု များပြုလုပ်ခဲ့ကြပြီး
မြန်မာ့အားကစားသမား များသည် ကျန်းမာသန်စွမ်းမှုရှိလာပြီး စံချိန် များတိုးတက်လာကြောင်းသိ
ရသည်။
"ကျွန်တော်တို့အဖွဲ့က အမျိုးသမီးအသင်းအနေနဲ့ လက်ရည်အထူးတိုးတက်ကောင်းမွန် လာပါတယ်။
နောက်ပြီး အမျိုးသားနှစ်ယောက် တွဲပြိုင်ပွဲအမျိုးအစားတွေမှာလည်း စံချိန်တွေတက်လာသလို
လက်ရည်လည်းတိုးတက်လာပါ တယ်။ တရုတ်နိုင်ငံက နည်းပြတွေက အလွန် စည်းကမ်းတိကျပြီး
အလွန်လည်းဂရုစိုက်လေ့ ကျင့်ပေးခဲ့ပါတယ်။ သူတို့အနေနဲ့ တရုတ်နိုင်ငံ မှာ ကျင်းပပြုလုပ်တဲ့ပြိုင်ပွဲ
တွေမှာလည်း ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကူညီပေးခဲ့ပြီး အထောက်အကူပြုပစ္စည်းတွေနဲ့ နည်းစနစ်ပိုင်း
တွေကို အကောင်းဆုံးကူညီပေးခဲ့ပါတယ်။ ပြိုင်ပွဲဝင် ပြည်ပနိုင်ငံတွေရဲ့ အရည်အသွေးတွေ ကိုလည်း လေ့လာခွင့်ရရှိခဲ့ပါတယ်"ဟု မြန်မာ နိုင်ငံလှေလှော်အဖွဲ့ချုပ်မှ နည်းပြဦးကျော်ဝင်း က
မြန်မာတိုင်း(မ်)ကိုပြောသည်။
မြန်မာအနောက်တိုင်းလှေလှော်အဖွဲ့အနေ ဖြင့် နေပြည်တော်တွင် ဆက်လက်လေ့ကျင့်မှု များ
ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် အနောက်တိုင်းလှေလှော် အမျိုးသား အား
ကစားသမား ၁၇ ဦးနှင့်အမျိုးသမီး ၁၅ ဦး ကို စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်း သိရှိရသည်။















