၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေကစားတာဟာ အခု ဆိုရင် ပန်းဝင်တော့မယ့်
အချိန်ကို ရောက်ရှိလို့နေပါပြီ။ သက်ဆိုင်ရာ တိုက်ကြီးတွေမှာ ကစားနေတဲ့ ခြေစစ်ပွဲတွေဟာ
ပြီးဆုံးဖို့ လက်ကျန်နှစ်ပွဲပဲကျန်ပါတော့တယ်။ ဒီအချိန်မှာတော့ ဘရာဇီးလ်မှာကျင်းပမယ့် ပြိုင်ပွဲ
ကို ၀င်ရောက်ခွင့်ရတဲ့အသင်းတချို့ ထွက်ပေါ်ပြီးဖြစ်သလို တချို့အသင်း တွေကလည်း ပွဲစဉ်
အားလုံး ကစားပြီးချိန် မှ အဖြေထွက်မယ့် အနေအထားမျိုး တွေလည်း ရှိနေပါတယ်။
အဲဒီထဲက တောင်အမေရိကတိုက် မှာ ကစားနေတဲ့ အသင်းတွေထဲမှာ ဥရုဂွေးအသင်းကလည်း
နောက်ဆုံးပွဲစဉ်ရလဒ်အထိ စောင့်ကြည့်ရမယ့် အနေအထားဖြစ်နေပါတယ်။ ယခု ကျင်းပမယ့်
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ဟာ တောင်အမေရိကတိုက်ထဲက ဘရာဇီးလ်နိုင်ငံမှာ ကျင်းပမှာဖြစ်
လို့ အိမ်ရှင်အသင်းက ခြေစစ်ပွဲကစားစရာမလိုပါဘူး။ ဒါကြောင့် တောင်အမေရိက က အသင်း
ကိုးသင်းသာ ခြေစစ်ပွဲကစားကြရပါတယ်။
ဥရုဂွေးအသင်းအနေနဲ့ ခြေစစ်ပွဲ ၁၆ ပွဲကစားဖို့ရှိတာ မှာ ၁၄ ပွဲ ကစားပြီးချိန်အထိ ရမှတ် ၂၂
မှတ်နဲ့ အဆင့်ငါးနေရာမှာ ရပ်တည်နေပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိက
ဇုန်က ခွဲတမ်းရတဲ့ အရေအတွက်ဟာ လေးနေရာခွဲသာ ရှိတဲ့အတွက် အဆင့်တစ်ကနေ လေး
အထိသာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မှာ ဖြစ်ပြီး အဆင့် ငါးရတဲ့အသင်းကတော့ အာရှတိုက်က
အဆင့် ငါးရတဲ့ အသင်းနဲ့ ဏူပေသ်် ထပ်ကစားရဦးမှာပါ။
ဒါကြောင့် ဥရုဂွေးအသင်းအတွက် လက်ကျန်ပွဲစဉ်နှစ်ပွဲဟာ တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့အတွက်
အရေးပါနေတယ်လို့ပဲ ဆိုရမှာပါ။ ဥရုဂွေးအသင်းကစားရမယ့် နောက်ဆုံးပွဲစဉ်နှစ်ပွဲမှာ ပထမဆုံး
တွေ့ဆုံ ယှဉ်ပြိုင်ရမှာကတော့ အီကွေဒေါ အသင်းနဲ့ပါ။ အီကွေဒေါအသင်းဟာ ဥရုဂွေးအသင်းနဲ့
ရမှတ်တူရရှိထားပေမယ့် ဂိုးကွာခြားချက်ကြောင့် လက်ရှိ အချိန်မှာ အဆင့်လေးနေရာမှာ ရပ်တည်
နေတဲ့အသင်းပါ။
ပြီးတော့ ကစားရမှာကလည်း အီကွေဒေါကွင်း မှာပါ။ ဒါကြောင့် အီကွေဒေါအသင်းနဲ့ ပွဲဟာ ဥရုဂွေး
အသင်းအတွက် ပိုပြီး အခရာကျတယ်လို့လည်း ဆိုနိုင်ပါ တယ်။ ဒီနှစ်သင်း ပထမအကျော့ ဥရုဂွေး
ကွင်းမှာ ကစားခဲ့စဉ်တုန်း ကတော့ တစ်ဖက် တစ်ဂိုးစီသရေကျ ခဲ့ပါတယ်။
အခုနောက်တစ်ကြိမ် ကစား ရမှာက အီကွေဒေါ အသင်းအိမ်ကွင်းမှာဆိုတော့ ဥရုဂွေးအသင်း
အတွက် ပိုပြီးခက်ခဲနိုင်ပါတယ်။ နောက်ပြီး ဥရုဂွေးအသင်းရဲ့ အဝေး ကွင်းရလဒ်ကလည်း မကောင်း
ပါဘူး။ ၁၄ ပွဲကစားပြီးချိန်မှာ ခြောက်ပွဲနိုင်၊ လေးပွဲသရေ၊ လေးပွဲရှုံး ရလဒ်ထွက်ထားပြီး ရှုံးထားတဲ့
လေးပွဲစလုံးဟာ အဝေးကွင်းမှာချည်းပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဘိုလစ်ဗီးယား၊ ချီလီအသင်း တွေ
ကိုတောင် အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာပါ။
ဒါ့ပြင် ပေးဂိုးကလည်း များပါတယ်။ ဥရုဂွေးအသင်းဟာ အီကွေဒေါနဲ့ ပွဲစဉ်ပြီးရင် နောက်ဆုံးပွဲစဉ်
အဖြစ် ခြေစစ်ပွဲအောင်သွားပြီဖြစ်တဲ့ နာမည်ကြီး အာဂျင်တီးနားအသင်းကို အိမ်ကွင်းမှာ လက်ခံ
ကစားရမှာပါ။ ဒီပွဲကလည်း ဥရုဂွေးအတွက် မလွယ် လောက်ပါဘူး။ အာဂျင်တီးနားဟာ ခြေစစ်ပွဲ
အောင်သွားပြီ ဖြစ်ပေမယ့် ကျန်တဲ့ပွဲစဉ်တွေကစားဖို့ ကစားသမား ရွေးချယ်ရာမှာ အဓိကကစား
သမားအားလုံးကို ပြန်လည် ခေါ်ယူထားပါ တယ်။
အာဂျင်တီးနားနည်းပြအနေနဲ့ လက်ကျန်ပွဲတွေမှာ သူ့ရဲ့အဓိက ကစား သမားတွေကို ပိုပြီးအထိုင်
ကျအောင် စမ်းသပ်သုံးစွဲချင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့်လည်း ဥရုဂွေး အသင်း
အနေနဲ့ အိမ်ကွင်းမှာ ကစားရ မှာဖြစ်ပေမယ့်လည်း ရစ်သမ်မှန်နေတဲ့ အာဂျင်တီးနားသာ လူစုံ
ထုတ်ခဲ့ရင် ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေပါတယ်။ ပြီးတော့ ဒီနှစ်သင်း အာဂျင်တီးနား ကွင်းမှာ
ကစားတော့ အိမ်ရှင်က သုံးဂိုး ပြတ်နဲ့ နိုင်ခဲ့တာဆိုတော့ အသင်းအနေ အထားခြင်းကလည်း
ကွာဟလွန်း ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာ ဥရုဂွေးအတွက် ဖြေသိမ့်စရာတစ်ခုကတော့ လီဗာပူးအသင်းက တိုက်
စစ်မှူး ဆွာရက်ဇ် ပုံမှန်ခြေစွမ်းပြန်ရပြီး ဂိုးတွေသွင်းနေခြင်းပါပဲ။ အခုခြေစစ်ပွဲ တွေမှာလည်း ဆွာ
ရက်ဇ်ခြေစွမ်းပြ နိုင်ခဲ့ရင် ဥရုဂွေးအတွက် မျှော်လင့်စရာ လေးတွေရှိလာမှာပါ။ ဥရုဂွေးအသင်းဟာ
ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး စတင်ကျင်းပတဲ့ ၁၉၃၀ ပြည့်နှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အစဉ် အလာရှိအသင်း
တစ်သင်းပါ။ ၁၉၅၀ ပြိုင်ပွဲမှာလည်း ဒုတိယအကြိမ်ဗိုလ်စွဲ ခဲ့ဖူးပါတယ်။
နောက်ဆုံး ၂၀၁၀ ပြည့်နှစ် က တောင်အာဖရိကမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာလည်း စတုတ္ထရခဲ့တဲ့
အသင်း လည်း ဖြစ်ပါတယ်။ ဒီလိုအစဉ်အလာ ကောင်းတွေရှိခဲ့တဲ့ ဥရုဂွေးအသင်း အနေနဲ့ တိုက်
ရိုက်ခြေစစ်ပွဲအောင်ဖို့ အတွက် ရုန်းကန်ရမယ့်အချိန်ရောက် နေပါပြီ။ ဒီလိုအချိန်မှာ ဥရုဂွေးအသင်း
အနေနဲ့အကောင်းဆုံးရလဒ်တစ်ခုရဖို့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မိ ပါတယ်။















