မိုယက်စ်ကို ကျဆုံးအောင် လုပ်နေ

မိုယက်စ်ကို ကျဆုံးအောင် လုပ်နေ

လန်ဒန် - မန်ယူအသင်းသည် ၁၉၈၉ ဘောလုံးရာသီနောက်ပိုင်း ရာသီအစ ပွဲစဉ်များတွင်
အဆိုးရွားဆုံးရလဒ်များ နှင့်ရင်ဆိုင်ခဲ့ရပြီးနောက် အသင်းမှကစားသမားအချို့သည် နည်းပြသစ်
မိုယက်စ်အား ကျဆုံးအောင် တမင် တကာ လုပ်ဆောင်နေသလိုဖြစ်နေ သည်ဟု တိုက်စစ်မှူးရွန်နီ
က ပြော ကြားလိုက်သည်။

မန်ယူအသင်းသည် ပွဲစဉ် ခုနစ်ပွဲကစားပြီးချိန်တွင် ရမှတ် ၁၀ မှတ်သာရရှိထားပြီး အမှတ်ပေးဇယား
ထိပ်ဆုံးမှ ဦးဆောင်နေသည့် အာဆင်နယ်အသင်းနှင့် ခြောက်မှတ်ကွာဟလျက်ရှိသည်။

မိုရက်စ်အနေဖြင့် မန်ယူအသင်းကို အောင်မြင်မှုများစွာရယူပေးခဲ့သည့် ဖာဂူဆန်၏နေရာကို ဆက်
ခံခဲ့ရသည့် အတွက် ဖိအားများစွာရှိနေသည်ဟု လည်း ရွန်နီက ယုံကြည်နေသည်။ ရွန်နီက "ကျွန်
တော်တို့အသင်းရဲ့ ရလဒ်တွေအရ နည်းပြမိုယက်စ်ကို ကျဆုံးအောင်လုပ်နေသလိုဖြစ်နေပါတယ်။
ဒါကို သူ့အနေနဲ့လည်း ဖိအားဝင်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နည်းပြနဲ့လက်တွဲပြီး အခုလို
အကျပ်အတည်းကနေ လွတ်မြောက်အောင် လုပ်ဆောင်ဖို့လိုပါတယ်။ နည်းပြသစ်တစ်ယောက်ရဲ့
ကွဲပြားတဲ့နည်းစနစ် ပိုင်းတွေကြောင့် အသင်းဟာ ပြောင်းလဲ မှုတွေ ဖြစ်နေပါတယ်။ ဒါကို အသင်း
သားတွေအားလုံးက အမြန်ဆုံး တည် ငြိမ်အောင် ကြိုးစားရမှာပါ။ အရေးကြီး ဆုံးက ဒီထက်
ကောင်းတဲ့ ရလဒ်တွေရအောင် လုပ်ဆောင်ရမှာပါ"ဟု ပြော ကြားသွားသည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး