ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏ ဘောလုံးကွင်း၌
နိုင်ငံတကာ ခြေစမ်းပွဲ အဖြစ်ယှဉ်ပြိုင်ကစားခဲ့ကြသော မြန်မာ ယူ-၂၃ အသင်းနှင့် ဗီယက်နမ်
ယူ-၂၃ အသင်းတို့၏ပွဲစဉ်တွင် ဗီယက်နမ်အသင်းက ဒုတိယပိုင်းသွင်းဂိုးများနှင့် အတူ မြန်မာ
အသင်းကို ၃၁ ဂိုးဖြင့်ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်သည် လာမည့် ဒီဇင်ဘာ လတွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်
မည့် (၂၇) ကြိမ် မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ
အတွက် အကြိုပြင်ဆင်မှုတစ်ရပ်အနေ ဖြင့် ဆီးဂိမ်းအတွက် ပြင်ဆင်လေ့ကျင့် လျက်ရှိသော
ယူ၂၃ အသင်းများက ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။
မြန်မာ ယူ၂၃ အသင်းသည် အသင်း ၏ အမာခံကစားသမားများဖြစ်သော ကျော်ကိုကို၊
ကြည်လင်း၊ ကျော်ဇေ ယျာ၊ ဇော်မင်းထွန်းအစရှိသောကစားသမားများနှင့် လူငယ်ကစားသမား
များဖြစ်သော အောင်သူ၊ ရဲလင်းအောင်၊ စဝ်ဖြိုးဝေတို့ကို တွဲဖက်ကစားစေခဲ့ပြီး ဗီယက်နမ်အသင်း
ကို ရင်ဆိုင်ခဲ့သည်။
ပထမပိုင်းတွင် မြန်မာအသင်းက ကစားကွက်အသာစီးရရှိခဲ့ပြီး ဂိုးသွင်းခွင့်အချို့ကို ဖန်တီးနိုင်ခဲ့
သည်။ မိနစ် ၃၃ မိနစ်တွင် ကျော်ကိုကို ကို ဗီယက် နမ် နောက်ခံလူကစားပုံကြမ်းတမ်းခဲ့သဖြင့်
မြန်မာအသင်းပင်နယ်တီရရှိ ခဲ့သည်။ အဆိုပါပင်နယ်တီကို ကြည်လင်းက ကန်သွင်းယူခဲ့ပြီး
မြန်မာအသင်းကို ဦးဆောင်စေခဲ့သည်။
ဗီယက် နမ်ယူ၂၃ အသင်းက ပထမပိုင်းတွင် အဓိကကစားသမားအချို့ကို အနား ပေးထားခဲ့ပြီး
မြန်မာအသင်းကို ရင်ဆိုင် ခဲ့သည်။ ဒုတိယပိုင်းတွင် ဗီယက်နမ်အသင်း က ကစားသမားငါးဦး
အထိ အလဲ အလှယ် ပြုလုပ်ခဲ့ပြီး ချေပဂိုးရရှိရန်ကြိုးပမ်းခဲ့သည်။
တိုက်စစ်မြှင့်တင်ခဲ့သော ဗီယက်နမ်အသင်းအတွက် ချေပဂိုးကို ၅၂ မိနစ် လူစားဝင်တိုက်စစ် မှူး
ငုယင်ဗန်ကွက်က မြန်မာဂိုးသမား ပြည့်ဖြိုးအောင်၏ ညာထောင့်ကို ကန်သွင်းယူခဲ့သည်။
မြန်မာအသင်း၏ အသင်းခေါင်း ဆောင် ကျော်ဇေယျာဝင်း ဒဏ်ရာ ရရှိခဲ့၍ ပွဲချိန်ပြည့် ပါ၀င်
မကစားနိုင် ခဲ့ခြင်းသည် မြန်မာအသင်းအတွက် များစွာထိခိုက်စေခဲ့ပြီး တိုက်စစ်သို့ ပံ့ပိုးပေးမည့်
ကစားသမားမရှိခြင်း ကြောင့် ဒုတိယပိုင်းတွင် ဗီယက်နမ်က ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ကျော်ဇေယျာဝင်းအစား ၀င်ရောက်လာသော လူငယ်ကစားသမားစိုးကျော်ကျော် အနေဖြင့် မြန်မာ
အသင်းအတွက် ကောင်းစွာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ အခွင့် အရေးအချို့ကို ဖြုန်းတီးခဲ့သည်။ အသင်း၏
အဓိကကစားသမားများ ဖြစ်သော ကျော်ကိုကိုနှင့် ကြည်လင်းတို့သည်လည်း ပုံမှန်ခြေစွမ်းအောက်
ကျဆင်းနေသလို မြန်မာနောက်ခံလူ များ အမှားများနေသောကြောင့် မြန်မာ အသင်းသည် ဒုတိယ
ပိုင်းတွင် ဗီယက် နမ်အသင်း၏ ချေပဂိုးနှင့် ဦးဆောင်ဂိုး များကို ပေးခဲ့ရပြီး ဂိုးပြတ်အရှုံးဖြင့် ရင်ဆိုင်
ခဲ့ရခြင်းဖြစ်သည်။
ဗီယက်နမ်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၈၀ မိနစ်တွင် ထရန်ဖီဆန်းကလည်းကောင်း၊ ပွဲချိန်
၈၅ မိနစ်တွင် လီကွမ် ဟွမ်းက ပင်နယ်တီမှတစ်ဆင့်သွင်းယူ ပေးခဲ့သည်။ တစ်ဦးချင်းကစားပုံနှင့်
အသင်းလိုက်ကစားပုံ အထူးကောင်းမွန် သော ဗီယက်နမ်ကစားသမားများ၏ ဒုတိယပိုင်းကစားပုံ
သည် မြန်မာ အသင်းအတွက် များစွာအခက်အခဲ ကြံုတွေ့ခဲ့ရသည်။
"မြန်မာအသင်းဟာ ဒီနေ့ပွဲမှာ ပထမပိုင်းကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ကျွန်တော်တို့အသင်းက
ဒုတိယပိုင်း မှာ ကစားကွက်အသာစီးရရှိခဲ့ပြီး အခုလို ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။မြန်မာ
အသင်းရဲ့ကစားပုံ အရင်ထက် အများကြီး တိုးတက်ကောင်းမွန်လာပါတယ်"ဟု ဗီယက် နမ်
ယူ-၂၃ အသင်းနည်းပြ ဟောင်ဗန် ဖတ်က ပြောကြားခဲ့သည်။















