MNL Cup 2013 ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်အဖြစ် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့က
ကမ္ဘောဇအသင်းနှင့် မကွေး အသင်းတို့သည် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်
ကစားခဲ့ကြ ရာ ကမ္ဘောဇအသင်းက ၁၀ ဂိုးဖြင့်အနိုင်ရဗိုလ်စွဲခဲ့သည်။
အဆိုပါပွဲစဉ်သည် ဗိုလ်လုပွဲစဉ်ဖြစ် သောကြောင့် နှစ်သင်းစလုံး အမှားနည်း အောင် သတိထား
ယှဉ်ပြိုင်ခဲ့ကြသော ကြောင့် ပွဲသည် ထင်ထားသလောက် အကြိတ်အနယ်မရှိခဲ့ဘဲ ကမ္ဘောဇ
အသင်းက တိုက်စစ်မှူး စိုးမင်းဦး၏ ၃၄ မိနစ်တွင် သွင်းယူခဲ့သော တစ်လုံး တည်းသော ဂိုးဖြင့်
အနိုင်ရရှိခဲ့ပြီးMNL Cup 2013 ပြိုင်ပွဲ၏ ဖလားကို သိမ်းပိုက် နိုင်ခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ဗိုလ်စွဲခဲ့သော ကမ္ဘောဇအသင်းကို ကျပ်သိန်း ၂၀၀ ချီးမြှင့်ခဲ့ပြီး ဒုတိယရရှိခဲ့သော
မကွေးအသင်းကို ကျပ်သိန်း ၁၀၀ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့သော ကမ္ဘော
ဇအသင်းနှင့် မကွေးအသင်း တို့သည် အုပ်စုတွင်း၌တွေ့ဆုံခဲ့ပြီး ဂိုးမရှိ သရေကျခဲ့သည်။
ချန်ပီယံဖြစ်ခဲ့သော ကမ္ဘောဇအသင်းသည် အုပ်စုပွဲစဉ်တွင် ွင်္ဗ၊ မကွေး၊ ဆောက်သမ်းမြန်မာအသင်း
များနှင့် ကျရောက်ခဲ့ပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ်ခုနစ်မှတ်ရရှိကာ အုပ်စုပထမနေရာဖြင့်
ကွာတားဖိုင်နယ် သို့တက်ရောက်နိုင်ခဲ့သည်။ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဧရာဝတီအသင်းကို
အနိုင်ရရှိကာ ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း နာမည်ကြီးရတနာပုံအသင်းကိုကျော်ဖြတ်နိုင်ခဲ့ပြီး
ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။
ဗိုလ် လုပွဲစဉ်တွင် အုပ်စုတွင်းပြိုင်ဘက် မကွေးအသင်းနှင့် တွေ့ဆုံခဲ့ပြီး တိုက်စစ်မှူး စိုးမင်းဦး၏ဂိုးဖြင့်
အနိုင်ရရှိကာဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။















