ဆောက်သမ်တန်ဆိုတာ မနှစ်က တန်းတက်လာတဲ့အသင်း၊ တန်းပြန် ဆင်းသွားနိုင်တယ်လို့
သတ်မှတ်ခံရ တဲ့အသင်း၊ ဒါပေမဲ့ နောက်ဆုံးမှာ စိန့်လို့ခေါ်တဲ့ ဆောက်သမ်တန် တန်းတက်
အသင်းလေးဟာ ပရီမီယာလိဂ်မှာ ရုန်းကန်ရခြင်းမရှိဘဲ လွတ်လွတ်ကျွတ်ကျွတ်နဲ့ တင်ကျန်
သွားခဲ့ပါတယ်။
၂၀၁၃ ဇန်နဝါရီမှာ မန်နေဂျာပြောင်းလဲလိုက်ခြင်းက သူတို့တွေ ပရီမီယာလိဂ်မှာ တင်ကျန်သွား
စေတာပဲ ဖြစ်ပါတယ်။ ဆောက်သမ်တန်ကို တန်းတက်အောင် စွမ်းဆောင်နိုင်ခဲ့သူနိုင်ဂျယ်အက်ဒ်
ကင်မှာ ပရီမီယာလိဂ် ကို လျှောက်လှမ်းနိုင်တဲ့ စွမ်းဆောင် ရည်မျိုး သူ့မှာမရှိခဲ့လို့ ဆောက်သမ်
တန်အာဏာပိုင်တွေဟာ နောက်ဆုံး မှာ မန်နေဂျာပြောင်းလဲလိုက်ပြီး ဆောက်သမ်တန်ကို ကယ်
တင်ကြိုးစား စီမံလိုက်ခြင်းက ဆောက်သမ်တန် ဒီနှစ်မှာ ပရီမီယားလိဂ်မှာ မြင်တွေ့ရဖို့ ဖြစ်သွား
စေခဲ့တာပဲဖြစ်ပါတယ်။
အဲဒီလို စွမ်းဆောင်ပေးလိုက်သူက ပိုချက်တီနို ဆိုတဲ့ အာဂျင်တီးနား မန်နေဂျာပဲ ဖြစ်ပါတယ်။
နိုင်ဂျယ်အက်ဒ်ကင်ဟာ ပရီမီယာလိဂ် ပွဲစဉ် (၂၂) အထိ ကိုင်တွယ်ခဲ့သော်လည်းရမှတ်က ၂၂
မှတ်ပဲရခဲ့လို့ တစ်ပွဲကိုတစ်မှတ်နှုန်း သာ ရယူထားခဲ့တာကြောင့် နောက်ဆုံး မှာ ပိုချက်တီနိုနဲ့
ပြောင်းလဲလိုက်ရ တာဖြစ်ပါတယ်။
အက်ဒ်ကင်ကိုသာအားနာပြီး ဆက်ထားလိုက်မယ်ဆိုရင် တော့ ဆောက်သမ်တန်ဟာ ဒီနှစ်မှာ
ပရီမီယာလိဂ်မှာ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ ဒီအကျိုးဆက်က အခုနှစ် မှာတော့ ဆောက်
သမ်တန်ဟာ မနှစ်က ထက် ပြောင်းပြန် ထိပ်တန်းအသင်းမျိုး ဘဝကို ပြောင်းလဲလာနိုင်ခဲ့ပါပြီ။
ပရီမီယားလိဂ်ရှစ်ပွဲကစားပြီးချိန်မှာ ဆောက်သမ်တန်ဟာ ဘယ်အဆင့်ရောက်နေပြီလည်း ကြည့်
လိုက်တော့ အဆင့် (၄) နေရာမှာ ရပ်တည်နေပြီ ဖြစ်ပါတယ်။ မန်ယူ၊ မန်စီးတီးတို့ရဲ့ အထက်ကို
ရောက်ရှိနေခဲ့တာ ဖြစ်ပါ တယ်။ ဆောက်သမ်တန်အနေနဲ့ဒီအဆင့်ကို ရပ်တည်လိမ့်မယ်လို့ ဘယ်
သူမှ ထင်မှတ်ထားခဲ့ကြတာ မဟုတ်ပါဘူး။ ရမှတ်ကို ကြည့်လိုက် ပြန်ရင်လည်း ချယ်လ်ဆီးနဲ့
အမှတ်တူ ၁၄ မှတ် ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ လေးပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးဆိုပြီး ချယ်လ်ဆီး
လိုမျိုး ကစားထားခဲ့တာဖြစ်ပါတယ်။
သွင်းဂိုးမှာ ချယ်လ်ဆီး လောက် မများခဲ့ပေမယ့် ပေးဂိုးမှာတော့ ပရီမီယာလိဂ်မှာ ထိပ်ဆုံးအဆင့်
မှာ ရှိနေတဲ့အသင်း ဖြစ်နေခဲ့ပါတယ်။ပရီမီယာလိဂ်ရဲ့ ထိပ်သီးအသင်းတွေရဲ့ ခံစစ်ဟာ ဆောက်
သမ်တန်ရဲ့ ခံစစ် လောက် မကောင်းသေးဘူး ဆိုတာကို တွေ့နေရပြီဖြစ်ပါတယ်။
အော့စ်ဗဲလ်ဒို၊ ၀မ်ယာမာ၊ လိုဗ်ရန်ဆိုတဲ့ ကစားသမား တွေလောက်ကိုပဲ ခေါ်ထားပေမယ့်၊ အရေ
အတွက်မှာ နည်းနေပေမယ့်အရည်အချင်းမှာတော့ ဆောက်သမ် တန် ဖြည့်လိုက်တဲ့ ကစားသမား
တွေက ထိပ်တန်းအဆင့်ကို သွားနေတဲ့ ကစားသမားတွေ ဖြစ်နေခဲ့ပါတယ်။
ဆောက်သမ်တန်ကို တန်းတက်အောင် စွမ်းဆောင်ပေးတဲ့ အက်ဒ်ကင်ကို ထုတ်ပယ်လိုက်စဉ်က
မကျေမနပ်ဖြစ် ခဲ့တဲ့ ပရိသတ်တွေဟာ အခုအခါမှာ တော့ တိတ်ဆိတ်နေပါပြီ။ အက်ဒ်ကင်ဟာ
ဆောက်သမ်တန်ကို ရိုးစင်းတဲ့ကစားဟန်နဲ့ ပရီမီယာလိဂ် ကို ဖြတ်သန်းခဲ့ပေမယ့် ပိုချက်တီနိုက
တော့ နည်းစနစ်ကို အခြေခံပြီး ဖြတ်သန်းသွားတာက ပြောင်းလဲခြင်းရဲ့အဓိက အစိတ်အပိုင်းပဲ
ဖြစ်ပါတယ်။
Passing game ကစားဟန်ကို အမြန် နှုန်း ပေါင်းစပ်ပြီး ဆောက်သမ်တန် ကို ဖြတ်သန်းစေခဲ့တာ
ဖြစ်ပါတယ်။အက်ဒ်ကင် လက်ထက်မှာ စိန့်ရဲ့ ဘောလုံးပိုင်ဆိုင်မှုဟာ ၄၉ ရာခိုင်နှုန်း သာရှိခဲ့ပေ
မယ့် ပိုချက်တီနိုလက်အောက် ရောက်တဲ့အခါမှာတော့ ဆောက်သမ်တန်ရဲ့ ဘောလုံးပိုင်ဆိုင်မှု
ဟာ ၅၆ ဒသမ ၂၅ ရာခိုင်နှုန်း အထိကို တိုးတက်ပြောင်းလဲ သွားခဲ့ပါတယ်။
ဒါဟာ ပိုချက်တီနိုရဲ့ ပထမဆုံး တိုးတက် ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။ ဒါကိုအသားကျသွားပြီးတဲ့
အခါမှာတော့ အခုအခါမှာ သူဟာ ဂိုးသွင်းစွမ်းရည် တိုးတက်ရေးဘက်ဆီကို သွားနေပြီ ဖြစ်ပါ
တယ်။ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးထားခြင်းအောက်မှာ ခံစစ် က တော်တော်ငြိမ်သွားခဲ့လို့
ပရီမီယာ လိဂ်မှာ ပေးဂိုးအနည်းဆုံး ဖြစ်နေခဲ့ ရတာပဲဖြစ်ပါတယ်။ အသအေူ စေျျနျ တစ်ပွဲပျမ်းမျှ
ဟာ ၅၀၀ ကျော်မှာ ရှိနေခဲ့ ပါတယ်။
အဲဒီအထဲမှာ short pass တစ်ပွဲပျှမ်းမျှ ၄၁၄ ရှိထားခဲ့လို့ ဆောက်သမ်တန်ဟာ ထိပ်တန်းအဆင့်
ဆီကို သွားနေတယ်လို့ သတ်မှတ်နေခဲ့ တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ အိမ်ကွင်း
ပွဲတွေဆိုရင် ေျငေ ့ညေိငခစေ ကြေးတွေက များနေတာပဲဖြစ်ပါတယ်။ မနှစ်က ပိုချက်တီနို ကိုင်ပြီး
တဲ့နောက် ပြောင်းလဲစပြုလာတဲ့ ဆောက်သမ်တန်ဟာ သူတို့အိမ်ကွင်း မှာ လီဗာပူ၊ မန်စီတီး၊
ချယ်လ်ဆီးတို့ ကို အနိုင်တွေ ရခဲ့တာပဲဖြစ်ပါတယ်။
ဒီနှစ်မှာလည်း ထိပ်သီးအသင်းတွေစိန့်မေရီကွင်းရောက်သွားရင် မနှစ်က ထက် ပိုခက်ခဲနိုင်တာ
သေချာပါတယ်။ ဒီနှစ်မှာ လီဗာပူးကွင်းမှာလည်းအနိုင်ရထားခဲ့ပြီး ဖြစ်ပါတယ်။ အနိုင်ဂိုးသွင်းသွား
တဲ့ နောက်တန်း အတွင်းလူ လိုဗ်ရန်ဆိုရင် ပြင်သစ် ကလပ် လီယွန်ကနေ ပြောင်းလာတဲ့ ခရိုအေး
ရှား လက်ရွေးစင်ဖြစ်ပါတယ်။
သူ့ရဲ့ rating က တစ်ပွဲကို ပျမ်းမျှ ၈၆ ဒသမ ၄ ရာခိုင်နှုန်းအထိ မနှစ်က လီယွန်မှာ ရှိခဲ့ပါတယ်။
မနှစ်ကထက် စိန့်နောက်တန်း မာကျောတောင့်တင်းနေခြင်းမှာ လိုဗ်ရန်ရောက်လာခြင်းဟာ
အချက်တစ်ခုပဲ ဖြစ်ပါတယ်။
နည်းစနစ်ပိုင်းမှာ ဆောက်သမ်တန် ဟာ မနှစ်ကထက်ပိုပြီး ကြွယ်ဝလာတဲ့ပုံမှာ ရှိနေပါတယ်။
ဆွမ်ဆီးကို ၂-၀နဲ့အနိုင်ရတဲ့ပွဲမှာဆိုရင် ပိုချက်တီနိုဟာ Long passes တွေကို သုံးသွားလို့ အံ့
အားသင့်စရာ ဖြစ်သွားခဲ့ပါတယ်။ မန်ယူ၊ စပါးတို့ပြီးရင် တတိယ အကောင်းဆုံး အသင်းလို့
တောင်သတ်မှတ်ထားတာ တွေ့ရပါတယ်။
ရစ်ကီလမ်းပတ်ဟာ မနှစ်က အဓိက ပစ်မှတ်ထဲက တိုက်စစ်မှူး ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာ အော့စ်ဗဲလ်
ဒို ရောက်လာတဲ့ အတွက် တိုက်စစ်ဟာ မနှစ်ကထက် နေရာလွတ်တွေ ပိုရလာပြီ ဖြစ်ပါတယ်။
အောစ်ဗဲလ်ဒိုဟာလည်း အစပိုင်းမှာ ဂိုးမသွင်းနိုင်ပေမယ့် ခရစ္စတယ်ပဲလေ့စ် နဲ့ပွဲကစပြီး ဂိုးသွင်း
လာနိုင်တာက ဆောက်သမ်တန်ကို ပိုပြီးသတိထားစရာ ဖြစ်လာနေပါတယ်။
အခုဆိုရင် ပိုချက်တီနိုဟာ ဆောက်သမ်တန်ကိုကိုင်တာ ပရီမီယာ လိဂ်ပွဲ ၂၃ ပွဲရှိထားပြီ ဖြစ်ပါ
တယ်။ အက်ဒ်ကင်က ၂၂ ပွဲ ကိုင်ထားပါ တယ်။ ရမှတ်အနေနဲ့ ကြည့်လိုက်ရင် ပိုချက် တီနိုဟာ
၃၃ မှတ်ရထားပြီး အက်ဒ်ကင် ဟာ ၂၂ မှတ်ပဲရယူနိုင်ခဲ့ပါတယ်။ သွင်းဂိုးမှာ ပိုချက်က ၃၆ ဂိုး
အက်ဒ်ကင် က ၃၀ ရှိထားပါတယ်။
ဒီနေရာမှာတော့ သိပ်ပြီးမကွာပေမယ့် ပေးဂိုးမှာတော့ အတော့်ကိုကွာဟနေပါတယ်။ ပိုချက် တီ
က ၂၂ ဂိုးပဲပေးရချိန်မှာ အက်ဒ်ကင် က ၄၀ ပေးခဲ့ရပါတယ်။ ဒါဟာ ဆောက်သမ်တန်ရဲ့အတော့်
ကို တိုးတက် လာတဲ့ ခံစစ်အပြောင်းအလဲပဲ ဖြစ်ပါ တယ်။ လက်ရှိက စားပြီးသွားတဲ့ အသင်း တွေ
က ၀က်စ်ဘရွန်း (နိုင်)၊ ဆန်းဒါး လန်းနဲ့ ၀က်စ်ဟမ်း (သရေ)၊ ခရစ္စတယ် (နိုင်)၊ ဆွမ်ဆီး (နိုင်)၊
နော်ဝစ်ချ် (ရှုံး)၊ လီဗာဗူး (နိုင်) တို့ပဲဖြစ်ပါတယ်။
ဒီစနေ မှာ လက်ရှိချန်ပီယံ မန်ယူနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတော့မှာ ဖြစ်ပါ တယ်။ လီဗာဗူး
ကို အဝေးကွင်းမှာနိုင်ခဲ့ တဲ့ ဆောက်သမ်တန်အတွက် ဒီပွဲက မှတ်ကျောက်တင်ခံမယ့်ပွဲမျိုး ဖြစ်
နေပါ တယ်။
၀က်စ်ဘရွန်းက အိုးလ်ထရက် ဖို့ဒ်မှာ အနိုင်ယူခဲ့တော့ မိုယက်စ်ဟာ အခုပွဲကိုတော့ လျှော့တွက်
ပြင်ဆင် လာတော့မှာ မဟုတ်တာကို ဆောက် သမ်တန် ကြံုတွေ့ရတော့မှာ ဖြစ်ပါ တယ်။ ဘယ်
လိုပဲဖြစ်နေနေလိဂ်တစ်ခု ရဲ့ အနေအထားမှာ အသင်းတိုင်းဟာ တောက်လျှောက် ရစ်သမ်မှန်သွား
မယ် ဆိုတာကတော့ မဖြစ်နိုင်တဲ့အရာ ဖြစ် ပါတယ်။
တစ်ရာသီလုံးအတွက် ခြံုလိုက် ရင်တော့ဆောက်သမ်တန်ဟာ မနှစ်က ထက် ပိုကောင်းတဲ့အသင်း
ဖြစ်နေတာ ကိုတော့ မေ့ထားလို့ မရပါဘူး။ မနှစ်က ဆွမ်ဆီး၊ ၀က်စ်ဘရွန်းတို့ အကောင်းဆုံး ပုံစံ
ဖြစ်ခဲ့သလိုပဲ ဒီနှစ်မှာ တိုးတက် ပြောင်းလဲလာတဲ့ ဆောက်သမ်တန်က သတိထားစရာ ဖြစ်လာ
နေပါရဲ့။















