မန်ယူကို စောင့်ကြည့်ရမယ် - ပရီမီယာလိဂ်ပွဲစဉ်(၈)

မန်ယူကို စောင့်ကြည့်ရမယ် - ပရီမီယာလိဂ်ပွဲစဉ်(၈)

အာဆင်နယ် -နော်ဝစ်ချ်
ဒီပွဲမှာ အာဆင်နယ်အနိုင်ရမှာ သေချာပါတယ်။ တိုက်စစ်အားကောင်း နေပြီး စိတ်ဓာတ်လည်း
တက်နေလို့ပါ။ ဒါပေမဲ့ စဉ်းစားရမှာက အာဆင်နယ် ဂိုးပြတ်အနိုင်ရပါ့မလားဆိုတာပဲဖြစ် ပါတယ်။
အဝေးကွင်း ခံစစ်ပိုင်းမှာတော့ နော်ဝစ်ချ်ဟာ အလယ်အလတ်အဆင့် မှာရှိနေပါတယ်။ အာဆင်
နယ်ရဲ့ အိမ်ကွင်းခံစစ်ကလည်း အကောင်း ချည်းမဟုတ်ပေမယ့် တိုက်စစ်က ထိပ်တန်းအဆင့်မှာ
ရှိနေပါတယ်။ အာဆင်နယ် နှစ်ဂိုးပြတ်တော့ အနိုင်ရ သွားနိုင်ပါတယ်။

ချယ်လ်ဆီး -ကာဒစ်ဖ်
ချယ်လ်ဆီးရဲ့ယုံကြည်မှုပြန်ရလာပြီ လို့ယူဆပါတယ်။ နော်ဝစ်ချ်ကွင်းမှာ အကောင်းဆုံးကစားသွား
တာက ချယ်လ်ဆီးကို သတိထားစရာပဲဖြစ်ပါ တယ်။ ကာဒစ်ဖ်က တန်းတက်အသင်းဖြစ်ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာလည်း ရှုံးထားပါတယ်။ အဝေးကွင်း မှာ ဂိုးသွင်းမခံရတဲ့ပွဲလည်းမရှိဘဲ
ပွဲတိုင်း ဂိုးသွင်းခံထားရပါတယ်။ ချယ်လ်ဆီးအနိမ့်ဆုံးနှစ်ဂိုးပြတ်နဲ့ အနိုင်ရပါလိမ့်မယ်။ ဒီတစ်ပတ်ရဲ့
အကြိုက်ဆုံးပွဲဖြစ် ပါတယ်။

မန်ယူ -ဆောက်သမ်တန်
မန်ယူရဲ့စွမ်းဆောင်ရည်တက်လာပြီးလားဆိုတာကို စောင့်ကြည့်ရပါမယ်။ ဆောက်သမ်တန်က
တော့ အကောင်းဆုံးတိုက်စစ်ပုံစံ၊ အကောင်းဆုံး ခံစစ် ပုံစံတွေနဲ့ ကစားနေပါတယ်။ ပရီမီယာ
လိဂ်မှာ ခံစစ်အကောင်းဆုံးအသင်းက ဆောက်သမ်တန်ဖြစ်ပါတယ်။ ဒေးဗစ်မိုယက်စ် အခုပွဲ
ကိုတော်တော်လေး ပြင်ဆင်ထားပါလိမ့်မယ်။ ဆောက်သမ် တန်ရဲ့ မှန်နေတဲ့ရစ်သမ် ဒီပွဲမှာ
ပျက် သွားပါလိမ့်မယ်။ မန်ယူပရိသတ်တွေ ကျေနပ်မယ့်ပွဲပါ။

၀က်စ်ဟမ်း -မန်စီးတီး
ပြီးခဲ့တဲ့အပတ်က ၀က်စ်ဟမ်းဟာစပါးကို အဝေးကွင်းမှာ မထင်မှတ်ဘဲ သုံးဂိုးပြတ်နဲ့တောင် အနိုင်
ရသွားပါတယ်။ အခုရော လုပ်ပြနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။ မန်စီးတီးက အခုထိအဝေး
ကွင်းမှာ နိုင်ပွဲမရသေးတဲ့ ထိပ်တန်းအသင်းဖြစ်ပါတယ်။ မန်စီးတီးတိုက်စစ်က ကောင်းနေခဲ့ပြီး ခံစစ်
က ဆိုးရွားနေတာဖြစ်ပါတယ်။ ဒီပွဲမှာ ကွန်ပနီမပါနိုင်လို့ မန်စီးတီးနောက်တန်း အားတော့ နည်းနေ
ပါတယ်။ ၀က်စ်ဟမ်း ဒီပွဲမှာ ခံစစ်ကစားမှာမဟုတ်ပါဘူး။ မန်စီးတီးအနေနဲ့လည်း အဝေးကွင်း နိုင်ပွဲ
လိုချင်နေတာကြောင့် ဒီပွဲကို ဂရုစိုက်ပါလိမ့်မယ်။ မန်စီးတီးနိုင်မှာ သေချာပါတယ်။

အဲဗာတန် -ဟားလ်စီးတီး
နောက်ဆုံး နှစ်ပွဲမှာ အဲဗာတန် ငါးဂိုး အသွင်းခံထားရပါတယ်။ ဟားလ်စီးတီး ဟာ ချယ်လ်ဆီးကို
ဂိုးပြတ်မရှုံးခဲ့သလို မန်စီတီးကိုလည်း ကောင်းကောင်း ကစားနိုင်တာက ဒီပွဲမှာ ပြန်ပြီးသတိပြု ရ
မှာဖြစ်ပါတယ်။ အဲဗာတန်ကွင်းဖြစ် ပေမယ့်ဟားလ်စီးတီးကို လျှော့တွက် လို့မရပါဘူး။ နယူးကာ
ဆယ်ကို အဝေး ကွင်းမှာ အနိုင်ကစားသွားခဲ့ပါတယ်။ အခုလည်း အဲဗာတန်ခက်ခက်ခဲခဲ ကစားရ
ပါလိမ့်မယ်။ နိုင်မယ်ဆိုရင် တောင် အဲဗာတန်ဂိုးမပြတ်ပါဘူး။

ဗီလာ -စပါး
ပြီးခဲ့တဲ့အပတ်က စပါးဟာအိမ်ကွင်း မှာ ၀က်စ်ဟမ်းကို မထင်မှတ်ဘဲရှုံးသွား လို့ နစ်နာသွားခဲ့
ပါတယ်။ အဲဒီအတွက် ဒီပွဲမှာ ကစားအားတင်လာပါလိမ့်မယ်။ ဗီလာကလည်း နောဝစ်ချ်ကိုနိုင်၊
မန်စီး တီးကိုနိုင်၊ ဟားလ်စီးတီးကိုသရေနဲ့ရလဒ်တွေကောင်းနေပါတယ်။ ဒါပေမဲ့ ဒီနှစ်သင်းဟာ
မကြာသေးခင်က လိဂ် ဖလားပွဲမှာ တွေ့ထားကြပြီး စပါးက ဂိုးပြတ်နဲ့အနိုင်ရထားပါတယ်။ စပါး
ဟာ လိဂ်ဖလားပွဲစိတ်ဓာတ်နဲ့ ဗီလာ ပါ့ခ်မှာ ကစားပါလိမ့်မယ်။ ရစ်သမ် မှန်နေတဲ့ ဗီလာအိမ်ကွင်း
မှာ စပါးကို အရှုံးပေးရပါလိမ့်မယ်။

ဆွမ်ဆီး -ဆန်းဒါးလန်း
ဆွမ်ဆီးဟာ အခုထိ အိမ်ကွင်းမှာနိုင်ပွဲမရသေးတဲ့အသင်းဖြစ်ပါတယ်။ မန်ယူ၊ လီဗာပူး၊ အာဆင်
နယ်တို့နဲ့ အိမ်ကွင်းမှာ ဆက်တိုက်ကစားရလို့ နိုင်ပွဲမရသေးတာဖြစ်ပါတယ်။ ဆန်းဒါး လန်းက
အိမ်ကွင်းနှစ်ပွဲဆက်တိုက် ကစားရာမှာ တော်တော်လေးကောင်း ခဲ့သလို အခုပွဲမှာ နည်းပြသစ်
ပိုယက်စ် နဲ့ပွဲထွက်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆန်းဒါးလန်းတတ်နိုင်မှာ မဟုတ်ပါဘူး။ ဆွမ်ဆီးနိုင်
မှာ သေချာပါတယ်။ ဂိုးပြတ်မပြတ်ဘဲ ကြည့်ရမှာဖြစ်ပါ တယ်။

စတုတ် -၀က်စ်ဘရွန်း
စတုတ်ဟာ သုံးပွဲဆက်တိုက် ရှုံးပွဲ ကြံုတွေ့နေရပါတယ်။ နောက်ဆုံး သုံးပွဲမှာ တစ်ဂိုးပဲသွင်းနိုင်ခဲ့
တာတွေ့ရ ပါတယ်။ ၀က်စ်ဘရွန်းက တော်တော် ခြေကောင်းနေတာ အားလုံးအသိပဲဖြစ် ပါတယ်။
မန်ယူနိုင်၊ အာဆင်နယ်သရေ၊ ဖူလ်ဟမ်သရေ၊ ဆန်းဒါးလန်းနိုင်ဆို တော့ တော်တော်ရစ်သမ်မှန်
နေပါ တယ်။ အခုလည်း စတုတ်ကွင်းဖြစ် ပေမယ့်ဝက်စ်ဘရွန်း ကစားကွက် ပိုကောင်းနေပါလိမ့်
မယ်။ ၀က်စ်ဘရွန်း ကို ရွေးရဦးမှာပါ။

နယူးကာဆယ် -လီဗာပူး
နယူးကာဆယ်လို အင်္ဂလန်မြောက် ပိုင်းက အသင်းကြီးကိုလီဗာပူး ဘယ်ပုံစံနဲ့ကစားမလဲဆိုတာ
ကို စိတ်ဝင်စား နေမိပါတယ်။ ရီမီ၊ ဘင်အာဖာ၊ ကာဘာယီ၊ ဆစ်ဆိုကိုတို့အုပ်စု ဆွာရက်ဇ်၊ စတား
ရစ်ချ်၊ ဂျရတ်တို့ကို အကောင်းဆုံးယှဉ်နိုင်စွမ်းရှိကြပါ တယ်။ လီဗာပူးကလည်းဂိုးသွင်းအား ကောင်း
နေတော့ ဒီပွဲဟာ အသင်းထက် ဂိုးအများကိုရွေးတာ အကောင်းဆုံးပါ။

ခရစ္စတယ် -ဖူလ်ဟမ်
ဒီပွဲက လန်ဒန်ဒါဘီပွဲဖြစ်ပါတယ်။ဒီနှစ်သင်းမှာ ဖူလ်ဟမ်သာတယ် ထင်စရာပါ။ ဒါပေမဲ့ သွားပြီးယုံ
လို့မရပါ ဘူး။ အိမ်ကွင်းဆိုရင် ကစားအား ပိုကောင်းတတ်လို့ ဒီပွဲမှာတော့ ခြေပျက် နေတဲ့ ခရစ္စ
တယ်ကိုကြိုက်ပါတယ်။



ဖတ်ရှုမှုအများဆုံး