အတ္တလန္တာ-လာဇီယို
ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ ယူဒီးနိစ်ကို ၂-၀၊ ချီယေဗိုကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ အတ္တ လန္တာခြေစွမ်းက
အတက်ဘက်မှာရှိနေတယ်။ လာဇီယိုမှာ တစ်ဦးချင်းကောင်းသူ တွေများပေမယ့် အသင်းလိုက်
ချိတ်ဆက်မှု အားနည်းပြီး ဘရာဇီးလ်ကွင်းလယ်လူ ဟာနန်နက်စ်အပေါ် မှီခိုမှုများနေတယ်။ အတ္တ
လန္တာကို ပိုကြိုက်တယ်။
ကက်ဂလီယာရီ-ကာတာနီးယား
ပြီးခဲ့တဲ့အိမ်ကွင်းမှာ အင်တာမီလန်ကို ၁-၁ သရေ ကစားသွားတဲ့ ခြေစွမ်းမျိုး ရခဲ့ရင် ကက်ဂလီ
ယာရီအနေနဲ့ ကိုယ့်မြေပေါ်မှာ ကာတာနီးယားလိုပြိုင်ဘက်ကို ကစားကွက်အသာစီးရဖို့ မခက်
ပါဘူး။ ကာတာနီးယားကတော့ ခုနစ်ပွဲကစား ပြီးချိန်မှာ ငါးဂိုးသာသွင်းနိုင်လို့ စီးရီးအေဂိုးသွင်း
အနည်းဆုံးသုံးသင်းထဲမှာ ပါ၀င်နေတယ်။ ကက်ဂလီယာရီ နိုင်ခြေများတယ်။
ဖီအိုရင်တီးနား-ဂျူဗင်တပ်
သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်နေတဲ့ ဖီအိုရင်တီးနားဟာ ဒဏ်ရာပြဿနာတွေနဲ့ လုံးချာလိုက်နေ
တယ်။ ကြားရက်ထဲမှာ ယူရိုပါလိဂ်ပွဲစဉ်တွေလည်း ၀င်ရောက် ကစားနေရလို့ ခြေစွမ်းအတက်အ
ကျရှိနေတယ်။ ဂျူဗင်တပ်ကလည်း 'ခပ်လှုပ် လှုပ်' ဖြစ်နေပြီး ချန်ပီယံလိဂ်မှာ နှစ်ပွဲဆက်တိုက်
သရေကျထားတယ်။ ဒါကြောင့် ဖီအိုရင်တီးနား နိုင်ခြေနည်းပြီး သရေနဲ့ အဆုံးသတ်ဖို့များတယ်။
ဂျီနိုအာ-ချီယေဗို
နည်းပြသစ် ဂတ်စပါရီနီလက်ထက်မှာ ဂျီနိုအာခြေစွမ်း ပြန်လည်ဦးမော့လာမယ်လို့ ထင်ကြေးပေး
ခံနေရတယ်။ ဂျီနိုအာကွင်းလယ်နဲ့ တိုက်စစ်မှာ ဂီလာဒီနို၊ ကာလာယို၊ ဗရာဆယ်ကိုတို့လို တစ်ဦး
ချင်းကောင်းသူတွေ ပါ၀င်နေတယ်။ ချီယေဗို ကတော့ သုံးပွဲဆက်တိုက်ရှုံးခဲ့ရာမှာ သွင်းဂိုးတစ်ဂိုး
သာရှိလို့ တိုက်စစ်ရော၊ ခံစစ်ပါ အနုတ်လက္ခဏာပြနေတယ်။ အိမ်ရှင်အားသာချက်ရှိတဲ့ ဂျီနိုအာ
ကို ပိုကြိုက်တယ်။
ဗီရိုနာ-ပါးမား
တန်းတက်အသင်းဆိုပေမယ့် နိုင်ပွဲလေးပွဲရှိတဲ့ ဗီရိုနာဟာ နောက်ဆုံးကစား ခဲ့တဲ့ပွဲစဉ်မှာ
ဘိုလော့နာကို ၄-၁ နဲ့ ဂိုးပြတ်နိုင်ထားတယ်။ ဒါပေမဲ့ ပါးမားကလည်း ပြီးခဲ့တဲ့လေးပွဲဆက်တိုက်
အနေအထားကိုကြည့်ရင် အိမ်ကွင်းနိုင်ပြီး အဝေးကွင်း မှာ သရေထိန်းကစားနိုင်ခဲ့တာကို တွေ့ရ
တယ်။ ဒါကြောင့် ဗီရိုနာကို အထင် မသေးပေမယ့် ပါးမားဘက်က အရဲစွန့်သင့်တယ်။
လီဗော်နို-ဆမ်ဒိုးရီးယား
လေးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားတဲ့ လီဗော်နိုဟာ ခြေစွမ်းပြန်လည် ကျဆင်းသွားတယ်။
ဒါပေမဲ့ ဆမ်ဒိုးရီးယားကလည်း နိုင်ပွဲပျောက်နေပြီး တိုက်စစ် ရော၊ ခံစစ်ပါ အားရစရာ မရှိသေး
ဘူး။ လီဗော်နို အနည်းဆုံး သရေလောက်ကစား နိုင်မယ်လို့ ယူဆမိတယ်။
အေစီမီလန်-ယူဒီးနိစ်
တိုက်စစ်မှူး ဘာလိုတယ်လီနဲ့ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်သမား ကာကာတို့ ပြန်လည်ပါ၀င်
လာမှာဖြစ်လို့ အေစီမီလန်အတွက် အားတက်စရာပါ။ ယူဒီးနိစ် ကတော့ အဝေးကွင်းခြေစွမ်း
အားရစရာမရှိသလို ထိပ်တန်းအသင်းကြီးတွေကို ရင်ဆိုင်တဲ့အခါ စွမ်းဆောင်ရည်နဲ့ရလဒ်တွေ
သိပ်မစွံတတ်ဘူး။ အေစီမီလန် ခပ်ပါးပါးအနိုင်ပါ။
ဆက်စူလို-ဘိုလော့နာ
ဆော့စူလိုခြေစွမ်းကတည်ငြိမ်ခြင်းမရှိဘဲ ပြိုင်ဘက်တွေရဲ့ အထင်သေးခြင်း ခံနေရပေမယ့်
စိတ်ဓာတ်ကတော့ ပြန်တက်ကြွလာတယ်။ ဘိုလော့နာကလည်း ရိုးမားကို ၅-၀၊ ဗီရိုနာကို
၄-၁ နဲ့ ဆက်တိုက်ရှုံးပြီး နောက်တန်း 'ပွင့်'နေတယ်။ ဆော့စူလိုကို ရွေးချယ်သင့်တယ်။
တိုရီနို-အင်တာမီလန်
တိုရီနိုမှာ တစ်ဦးချင်းကောင်းသူတချို့ ခြေစွမ်းပြနေကြလို့ တိုက်အား တွန်းအားရှိပြီး ဂိုးသွင်းခြေ
စွမ်းရှိတယ်။ အင်တာမီလန်ကတော့ အခုပွဲမှာ ပြန်ညှစ် ပြီး အသင်းကို 'ဆွဲတင်'နိုင်ဖို့ ကြိုးစားမှာ
သေချာတယ်။














