တိုက်စစ်ပြိုင်မယ့် ရိုးမားနဲ့ နာပိုလီ

တိုက်စစ်ပြိုင်မယ့် ရိုးမားနဲ့ နာပိုလီ

ရိုးမား-နာပိုလီ
၂၀၁၃-၁၄ ရာသီ စီးရီးအေတွင် ရှုံးပွဲလုံးဝမရှိသေးဘဲ အမှတ်ပေးဇယား ထိပ်ဆုံးရောက်နေသည့်
နှစ်သင်း ထိပ်တိုက်တွေ့ဆုံသည့် ပွဲစဉ်ဖြစ်သော ကြောင့် စိတ်ဝင်စားဖွယ်ကောင်းသည်။ အမှတ်
ပေးချန်ပီယံဖြစ်ရန် အဆုံး အဖြတ်ပေးမည့် ပွဲစဉ်မဟုတ်သော် လည်း ယင်းအတွက် အတိုင်းအတာ
တစ်ခုထိ သရုပ်ပေါ်မည့် Clash of the Titan ပွဲစဉ်ဖြစ်သည်။

ထိပ်ဆုံးရောက် နေသော ရိုးမားသည် ခုနစ်ပွဲဆက်တိုက် နိုင်ထားရာ၌ ဂိုးပေါင်း ၂၀ သွင်းယူထား
ပြီး တစ်ဂိုးသာ ပြန်သွင်းခံရသည်။ ခြောက်ပွဲတိတိ ပေးဂိုးမရှိ clean sheet ဖြစ်ခဲ့ရာတွင် မြို့ခံပြိုင်
ဘက် လာဇီယိုကို ၂-၀၊ အင်တာမီလန်ကို ၃-၀ ဖြင့် နိုင်သောပွဲများပင် ပါ၀င် နေသည်။

တစ်ဖန် တိုက်စစ်တွင်လည်း ဂိုးပေါင်း ၂၀ သွင်းယူထားသောကြောင့် လက်ရှိချန်ပီယံ ဂျူဗင်တပ်
(၁၄ ဂိုး)၊ နာပိုလီ (၁၈ ဂိုး)၊ အင်တာမီလန် (၁၆ ဂိုး) တို့ထက် ပိုမိုများပြားသည်။ ခုနစ်ပွဲ တွင် ဂိုး
၂၀ သွင်းခဲ့သော ရိုးမားတိုက်စစ် သည် တစ်ပွဲပျမ်းမျှ သုံးဂိုးနှုန်းနီးပါး သွင်းယူနေသောကြောင့်
ကြောက်ခမန်း လိလိ တိုက်စစ်ထက်မြက်ကြောင်း ပေါ်လွင်နေသည်။ ရိုးမားတိုက်စစ်ကို အသက်
၃၇ နှစ်ရှိပြီဖြစ်သော အသင်း ခေါင်းဆောင် တော့တီက 'ပုံဖော်'နေ သည်။

တော့တီသည် တောင်ပံတိုက်စစ် များတွင်ပါ ဖြန့်ကြက်ကစားနိုင်သည့် တိုက်စစ်မှူးများဖြစ်သော
ဂျာဗင်ဟို၊ ဖလိုရန်ဇီ၊ မာကိုဘော်ရီလို၊ အဒမ်လာဂျစ် တို့ကို ဘောလုံး 'ခင်း' ပေးသည်။ ဂိုးသွင်း
ခွင့်များ ဖန်တီးပေးသည်။ တစ်ဖန် တောင်ပံတိုက်စစ်မှူးများသည် ပွဲအခြေ အနေနှင့် ပြိုင်ဘက်
အနေအထားပေါ် တွင်မူတည်ကာ ဘယ်၊ ညာ ပြောင်းရွှေ့ ကစားနိုင်သောကြောင့် ယေဘုယျ
အားဖြင့် ရိုးမားတိုက်စစ်သည် technical flexibility မြင့်မားပြီး ပြိုင်ဘက် များအနေဖြင့် ရိုးမား
တိုက်စစ်မှူးများကို လူကပ်ကစားရာတွင် အနည်းငယ် အခက်အခဲရှိနေတတ်သည်။

ရိုးမားကွင်းလယ်ဗဟိုချက်တွင် ဟော်လန်လက်ရွေးစင် ကီဗင်စထရုမင်း၊ ပန်နစ်နှင့် ၀ါရင့်အီတလီ
လက်ရွေးစင် ဒီရော့စီတို့ဖြင့် 'အထိုင်ချ' ထားသည်။ ၎င်းတို့သည် ပွဲတိုင်းခြေစွမ်းပြနိုင်သောကြောင့်
ဂျူဗင်တပ်ကွင်းလယ်ဗဟိုချက် သုံးယောက်အထိုင်ဖြစ်သော ပီယာလို၊ မာချီစီယို/ပေါ့ဂ်ဘာ၊
အာကျူရိုဗီဒယ် တို့ဖြင့် ခိုင်းနှိုင်းခြင်း ခံရသည်။

သို့ရာ တွင် ရိုးမားကွင်းလယ်ဗဟိုချက် အထိုင် သုံးယောက်မှာ ပျမ်းမျှအသက် ၂၅ ဒသမ ၃ နှစ်
သာရှိသောကြောင့် ကစားအား၊ ပြေးအား၊ ပါ၀ါ အစရှိသော အပိုင်းများ တွင် ကောင်းမွန်မြင့်မား
သည်။ ရိုးမား ၏ ထိရောက်ထက်မြက်သော တိုက်စစ် နှင့် သိပ်သည်းကျစ်လျစ်သော ခံစစ်ကြောင်း
တို့ကို ချိတ်ဆက်ပေးရာတွင် ကွင်းလယ်စွမ်းဆောင်ရည် မြင့်မားသောကြောင့် ယေဘုယျအားဖြင့်
'ခါးပြတ်' သွားခြင်းမရှိဘဲ နေရာအနှံ့ ဖြန့်ကြက်ကာ 'ထောင့်စေ့'အောင် ကစားနိုင်တာကို တွေ့ရ
သည်။

တစ်ဖက်တွင် ရိုးမားနှင့် ယှဉ်ပြိုင်မည့် နာပိုလီသည်လည်း ယခုရာသီတွင် တိုက်စစ်ရော၊ ခံစစ်ပါ
စွယ်စုံထက်မြက် သောကြောင့် ဂျူဗင်တပ်လက်ထဲမှ စကူဒက်တို ချန်ပီယံဆုကို စိန်ခေါ်နိုင်သော
အသင်းဟုပင် ထင်ကြေးပေးခံနေရ သည်။ နာပိုလီသည် ပြီးခဲ့သော နှစ်ပွဲ ဆက်တိုက်တွင် ဂျီနို
အာကို ၂-၀၊ လီဗော် နိုကို ၄-၀ ဖြင့် နိုင်ခဲ့ရာ၌ လူစုံမပါ၀င်နိုင်သော်လည်း အချိတ်အဆက်မိပြီး
စွမ်းဆောင်ရည်ပိုင်း မြင့်မားသည်ကို တွေ့ရသည်။

ယခုပွဲစဉ်တွင် အာဂျင် တီးနားတိုက်စစ်မှူး ဟီဂူအင်ပြန်လည် ပါ၀င်လာမည်ဖြစ်သောကြောင့် ရိုးမား
နောက်တန်းကို ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။ နာပိုလီတောင်ပံနှစ်ဖက်တွင် စပိန်လက်ရွေးစင်
ဟိုဆေး ကယ်လီဂျွန်၊ အီတလီလက်ရွေးစင် အင်ဆစ်ဂနီနှင့် ၀ါရင့်တိုက်စစ်မှူး ဂိုရန်ပန်ဒက်ဗ် တို့
ရှိနေသောကြောင့် စီးရီးအေတွင် တောင်ပံတိုက်စစ် အကောင်းဆုံးနီးပါး အနေအထားတွင်ရှိသည်။

ကွင်းလယ် ကစားကွက်နှင့် တိုက်စစ်ကို အဓိက ပုံဖော်ပေးသူ ဟမ်ဆစ်သည် ပွဲတိုင်း နီးပါး
စွမ်းဆောင်ရည် မြင့်မားသော ကြောင့် ဟီဂူအင်နှင့် အချိတ်အဆက်မိ သည်။ တစ်ဖန် တောင်ပံ
တိုက်စစ်သမားများသည် 'အထောင်' တိုက်စစ်မှူး ဟီဂူအင်၊ ကစားကွက်ပုံဖော်ပေးသူ ဟမ်ဆစ်
တို့နှင့် မျက်ခြည်ပြတ်သွား ခြင်းမရှိဘဲ စနစ်တကျ ချိတ်ဆက်ကစား နိုင်ခြင်းကြောင့် ၎င်းတို့ကစား
ကွက် 'စီး'မိသောအခါ ပြိုင်ဘက်များ ပြိုဆင်း သွားတတ်သည်။

နာပိုလီခံစစ်ကြောင်း သည် ခုနစ်ပွဲကစားပြီးချိန်တွင် လေးဂိုး သာ အသွင်းခံရသောကြောင့် ရိုးမား
ပြီးလျှင် ပေးဂိုးအနည်းဆုံးဖြစ်သည်။ သုံးပွဲတိတိ ခူနညျေ့နနအ ပေးဂိုးမရှိ ဖြစ်ခဲ့ရာ၌ ထိုသုံးပွဲစလုံး
တွင် အနိုင် ပြတ်သားခဲ့သည်။ ပွဲစဉ်(၇)ကစားပြီးချိန်တွင် နာပိုလီ သည် ထိပ်တန်း အသင်းကြီးများ
ထဲမှ အေစီမီလန်တစ်သင်းကိုသာ ရင်ဆိုင်ရ သေးသော်လည်း အေစီမီလန်ကို အဝေးကွင်းတွင်
၂-၁ ဖြင့် နိုင်ခဲ့သည်။ သို့ရာတွင် နာပိုလီသည် ချန်ပီယံလိဂ် နှင့် စီးရီးအေ ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်
တည်း 'ဖွင့်'ကစားနေရသောအချက် ကြောင့် ရိုးမားနှင့်ပွဲတွင် အားကုန်ထည့် ပြီး'ညှစ်' ကစားပါ့
မလားဆိုသော အချက် ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

အကြောင်းမူကား နာပိုလီသည် ရိုးမား ကို ယှဉ်ပြိုင်ပြီးနောက် သုံးရက်သာခြား ပြီး ချန်ပီယံလိဂ်
အဆုံးအဖြတ်ပွဲစဉ် အဖြစ် အောက်တိုဘာ ၂၂ တွင် အဝေး ကွင်း၌ မာဆေးနှင့် ယှဉ်ပြိုင်ရမည်
မဟုတ်ပါလား။ ခြံုကြည့်လျှင် ရိုးမားသည် စိတ်ဓာတ် ရော၊ ကစားအားပါ ကောင်းမွန်မြင့်မား
သလို တိုက်စစ်၊ ခံစစ် စွယ်စုံကောင်းသောကြောင့် 'ရစ်သမ်' မိနေသည်။ အိမ်ရှင်အားသာချက်
ရှိသည့်အပြင် ဥရောပပြိုင်ပွဲများမရှိသောကြောင့် ပွဲပန်းသည့်အချက်ကို ထည့်တွက်စရာ မလိုဘဲ
ပြည်တွင်းပွဲစဉ်များတွင် အင်အားကို အပြည့်သုံးနိုင်သည်။ တစ်ဖက်တွင် နာပိုလီသည် ချန်ပီယံ
လိဂ်တွင် အာဆင်နယ်ကို အရေးနိမ့်ခဲ့သောကြောင့် မာဆေးနှင့်ပွဲစဉ်တွင် 'တင်' ကစားရမည့်
အနေအထားတွင် ရှိရာ ရိုးမားကွင်းတွင် အင်အားအပြည့် ထည့်ပြီး 'ညှစ်'ကစားနိုင်ခြေ နည်းပါး
သွားသည်။ သို့ကလိုကြောင့် ရိုးမားကို ရွေးချယ် သင့်ပြီး ဂိုးများသောပွဲ ဖြစ်လာနိုင် သည်ဟု
ယူဆမိသည်။



ဖတ်ရှုမှုအများဆုံး