နိုင်ငံတကာခြေစစ်ပွဲတွေက ပြန်လာမယ့်ကစားသမားတွေကြောင့် အသင်းကြီးတွေရဲ့ရလဒ်တွေ
ဘယ်လိုဖြစ်ကြမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အမှတ်ပေး ဇယားထိပ်ဆုံးက
ဦးဆောင်နေတဲ့ ဘိုင်ယန်နဲ့ ဒေါ့မွန်တို့ကတော့ အိမ်ကွင်းမှာကစားရမှာဖြစ်တာကြောင့် ရလဒ်
ကောင်းတွေ ထွက်ပေါ်လာမယ်လို့ ယူဆမိပါတယ်။
ဒေါ့မွန် - ဟန်နိုဗာ
နောက်ဆုံးတွေ့ဆုံမှု ၂-၃-၁၃ ဒေါ့မွန် ၃-၁ ဟန်နိုဗာ
အဝေးကွင်းသုံးပွဲစလုံး ရှုံးနိမ့်ထားပြီး သွင်းဂိုးမရှိ၊ ပေးဂိုး ခုနစ်ဂိုးပေးထားရ ပါတယ်။ ဒီပွဲမှာ
အကျောပေးမှုမြင့်မား မှာ ဖြစ်ပေမယ့် ဂိုးသွင်းအားကောင်း တဲ့ ဒေါ့မွန်ကိုပဲ ယုံကြည်ရမှာပါ။
အော့စ်ဘတ် - ၀ုဖ်ဘတ်
နောက်ဆုံးတွေ့ဆုံမှု ၂-၂-၁၃ ၀ုဖ်ဘတ် ၁-၁ အော့စ်ဘတ်
ဒီနှစ်သင်းကလည်း အနေအထား ချင်းတူညီတဲ့ အသင်းတွေပါ။ ဇယား အောက်ခြေနားကနေ
လွတ်မြောက်ဖို့ နှစ်သင်းစလုံး ရုန်းနေရပါတယ်။ ဒါပေမဲ့ ရလဒ်တွေကလည်း ထင်သလောက်
တက်မလာပါဘူး။ ဒီလိုအနေအထား ချင်းတူတဲ့ အသင်းတွေ တွေ့ဆုံတဲ့ ပွဲမျိုး မှာ အိမ်ရှင်အား
သာချက်ရှိတဲ့ အော့စ် ဘတ်အသင်းကိုပဲ ရွေးချယ်စေချင်ပါ တယ်။
ဟမ်းဘတ် - စတုဂတ်
နောက်ဆုံးတွေ့ဆုံမှု ၁၀-၃-၁၃ စတုဂတ် ၀-၁ ဟမ်းဘတ်
၎င်းတို့နှစ်သင်း နောက်ဆုံးတွေ့ဆုံ ခဲ့တုန်းက ဟမ်းဘတ်တို့ အနိုင်ရခဲ့ ပေမယ့် လက်ရှိအချိန်မှာ
တော့ အနေ အထားက ကွာခြားသွားပါပြီ။ ယခုနှစ် ရာသီမှာ စတုဂတ်က ခြေမှန်နေတဲ့ အနေ
အထားမှာ ရှိနေပါတယ်။ ဒါကြောင့် အခုပွဲစဉ်မှာ ဟမ်းဘတ်တို့အနေနဲ့ အိမ်ကွင်းဖြစ်ပေမယ့်
စတုဂတ်ကို အသာစီးရယူဖို့မဖြစ်နိုင်ပါဘူး။ စတု ဂတ်အသင်း အနည်းဆုံး သရေရလဒ် တော့
ရယူသွားဖွယ်ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ် - မိန့်ဇ်
နောက်ဆုံးတွေ့ဆုံမှု ၂-၂-၁၃ မိန့်ဇ် ၀-၃ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်တို့အခုပွဲစဉ်မှာ တွေ့ဆုံရ မယ့် မိန့်ဇ်က အဆိပ်ပြင်းအသင်းလည်း မဟုတ်ပါဘူး။
ဒါကြောင့် အမှတ်ပေး ဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင် ခွင့်ရဖို့ ဘိုင်ယန်တို့ ကြိုးစားမှာပါ။
ဖွင့်လှစ်မှုသိပ်များနေမယ်ဆိုရင်တော့ ဧည့်သည်နဲ့ပဲ လက်တွဲသင့်ပါတယ်။
၀ါဒါဘရီမင် - ဖရိုင်းဘတ်
နောက်ဆုံးတွေ့ဆုံမှု ၁၆-၂-၁၃ ၀ါဒါဘရီမင်၂-၃ ဖရိုင်းဘတ်
ဖရိုင်းဘတ်က အခုဆိုရင် တန်းဆင်း ဇုန်ထဲကိုတောင် ရောက်နေပါပြီ။ ဒီလို အခြေအနေမျိုးရှိနေ
တဲ့ အသင်းနဲ့ အခုပွဲစဉ်မှာ ၀ါဒါဘရီမင် ဆုံတွေ့ရတာ ကတော့ ကံကောင်းတယ်လို့ ဆိုနိုင်ပါ တယ်။
ရလဒ်ဆိုးတွေ ကြားက ၀ါဒါ ဘရီမင်အသင်း ရုန်းထွက်နိုင်မယ်လို့ ထင်ပါတယ်။
ဘရောက်ချ် - ရှော်လ်ကေး
နောက်ဆုံးတွေ့ဆုံမှု ၁၆-၃-၈၅ ဘရောက်ရှ် ၄-၂ ရှော်လ်ကေး
အခုပွဲမှာတော့ ရှော်လ်ကေးလို အသင်းကြီးမျိုးနဲ့ တွေ့ဆုံရမှာ ဖြစ်လို့ ဘရောက်ရှ်တို့အတွက်
မျှော်လင့် ချက်က နည်းပါးလွန်းပါတယ်။ အိမ်ကွင်း ဖြစ်ပေမယ့်လည်း ဘရောက်ချ်တို့ အမြင့်ဆုံး
သရေတစ်ပေါက်ကိုသာ မျှော် ပြီး ကစားရမှာပါ။ ရှော်လ်ကေးကို ကြိုက် ပါတယ်။
ဟော့ဖန်ဟိန်း - လေဗာကူဆင်
နောက်ဆုံးတွေ့ဆုံမှု ၂၀-၄-၁၃ လေဗာကူဆင် ၅-၀ ဟော့ဖန်ဟိန်း
အရင်က အမာအသင်းတစ်သင်းအဖြစ်ရပ်တည်ခဲ့တဲ့ ဟော့ဖန်ဟိန်းတို့ ယခုနှစ်ရာသီမှာတော့
ရုန်းကန် နေရပါတယ်။ လေဗာကူဆင်က တော့ ဘွန်ဒက်စ်လီဂါရော၊ ချန်ပီယံ လိဂ်မှာပါ ယှဉ်ပြိုင်
ကစားနေရ ပေမယ့် ပွဲပန်းတဲ့ဒဏ်ကို အခုချိန်ထိ မခံစားရသေးပါဘူး။ ဟော့ဖန်ဟိန်းအသင်းအနေ
နဲ့ အခုပွဲစဉ်မှာ အိမ်ကွင်းဖြစ်တဲ့အတွက် ရလဒ်ကောင်းဖို့ ကြိုးစားမှာ သေချာပါတယ်။ ဒါပေမဲ့
လေဗာကူဆင်ရဲ့ ခြေစွမ်းကို ကျော်နိုင်ဖို့ မလွယ်ပါဘူး။ လေဗာကူဆင်ကို ကြိုက်ပါတယ်။
ဖရန့်ဖတ် - နုရင်ဘတ်
နောက်ဆုံးတွေ့ဆုံမှု ၉-၂-၁၃ ဖရန့်ဖတ် ၀-၀ နုရင်ဘတ်
ဖရန့်ဖတ်အနေနဲ့ အိမ်ရှင်ဆိုတဲ့ အားသာချက်ရှိပေမယ့် နုရင်ဘတ်က လည်း ပိတ်ဆို့ကစားလေ့ရှိ
တဲ့အသင်း ပါ။သရေကျသွားမယ့်ပွဲလို့မြင်ပါတယ်။
ဟာသာဘာလင် - မိုချင်
နောက်ဆုံးတွေ့ဆုံမှု ရ-၄-၁၂ မိုချင်ဂလက်ဘတ် ၀-၀ ဟာသာဘာလင်
အိမ်ကွင်းခြေစွမ်းကောင်းတဲ့ ဟာသာဘာလင်တို့ကြောင့် ဒီပွဲမှာ မိုချင်တို့ အခက်အခဲတွေနဲ့ ရင်ဆိုင်
ရ ဖွယ်ရှိနေပါတယ်။ မိုချင်ကတော့ အဝေးကွင်းလေးပွဲမှာ တစ်ပွဲသရေ၊ သုံးပွဲရှုံးရလဒ်ထွက်ထားပြီး
ရဂိုး ခြောက်ဂိုး၊ ပေးဂိုး ၁၁ ဂိုးအထိ ရှိထားပါ တယ်။ ဒါကြောင့် အခုပွဲစဉ်မှာ အိမ်ကွင်း ရလဒ်ကောင်း
တဲ့ ဟာသာဘာလင်နဲ့ပဲ ပူးပေါင်းချင်ပါတယ်။














