ယခုရက်သတ္တပတ်မှာ ချယ်ရီမြေ ဂျပန်မှာ ကျင်းပတဲ့ Japanese Grand Prix ဖော်မြူလာဝမ်း
ကားမောင်းပြိုင်ပွဲ မှာ ထိပ်ဆုံးက ဦးဆောင်ပန်းဝင်ဗိုလ်စွဲ ခဲ့သူက လက်ရှိသုံးထပ်ကွမ်း ကမ္ဘာ့
ချန်ပီယံ၊ ဂျာမနီမှ F1 ချန်ပီယံ ဆီဘက်ရှန် ဗက်တဲလ်ဖြစ်ခဲ့တာကြောင့် နိုင်ငံတကာ အားကစား
စာစောင်တွေက အခုလိုခေါင်းစဉ်တပ် ကောင်းချီးပေးနေရခြင်းပဲဖြစ်ပါတယ်။
၁၉၆၃ ကာလ ကတည်းက ချယ်ရီမြေဂျပန်မှာ ကျင်းပ ခဲ့တဲ့ ဒီဂရင်းပရီ ကားမောင်းပြိုင်ပွဲဟာ
ထိတ်ထိတ်ကြဲ F1 ဒရိုင်ဘာတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သလို ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ပါ အရေး
ပါတဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်တာကြောင့် ဖော်မြူလာဝမ်းပရိသတ်တွေ ရင်ခုန်တဲ့ပွဲစဉ် တစ်ရပ်ပါပဲ။ ခရီး
အကွာအဝေး ၁၉၁ မိုင်ကို ကွင်းအပါအဝင် ပေါင်း ၅၃ ပတ် မောင်းနှင်ယှဉ်ပြိုင်ရတဲ့ ဒီဂျပန်ဂရင်း
ပရီမှာ ဂျာမနီငွေကြယ်ပွင့် ဗက်တဲလ် ဟာ စုစုပေါင်းမောင်းနှင်ချိန် တစ်နာရီ ၂၆ မိနစ်၊ ၄၉ စက္ကန့်နဲ့
ထိပ်ဆုံးက ပန်းဝင်နိုင်ခဲ့ပြီး လေးထပ်ကွမ်းကမ္ဘာ့ ချန်ပီယံသရဖူကို ဆက်လက်လှမ်းဆွတ်ယူဖို့ ခြေ
လှမ်းပြင်နေပြီပဲဖြစ်ပါတယ်။
ဩစတြေးလျအခြေစိုက် Red Bull Team နဲ့ အောင်ပွဲအဆင့်ဆင့် လှမ်းယူနိုင်ခဲ့သူ ဗက်တဲလ်ဟာ
လာမယ့် ၂၀၁၅ ကာလအထိ အသင်းနဲ့ ဆက်လက်တွဲဖို့ စာချုပ်သစ်ချုပ်လိုက်တဲ့သတင်းဟာ
လည်း F1 ပရိသတ်တွေ အကြိုက်ဖြစ်ခဲ့ရပါတယ်။
F1 ဂန္ထဝင် ဒရိုင်ဘာ မိုက်ကယ်ရှူးမေကာလက်သစ်လေးပါလို့ မီဒီယာတော်တော်များများက
အမွှမ်းတင်ခံရသူဟာ ရှူးမေကာရဲ့လောင်းရိပ်အမိမခံဘဲ ကိုယ့်စတိုင်နဲ့ကိုယ် လမ်းသစ်လျှောက်
ခဲ့တာကလည်း အတုယူလေးစားစရာ လို့ ဆိုရမှာပါပဲ။ အခုဂျပန်ဂရင်းပရီမှာ စံချိန်တင် ခြောက်
ကြိမ်ဗိုလ်စွဲထားသူက ရှူးမေကာတစ်ဦးတည်းသာရှိပြီး လက်ရှိပူပူနွေးနွေးချန်ပီယံ ဗက်တဲလ် က
လေးကြိမ်ဗိုလ်စွဲထားတာကြောင့် F1 ပြိုင်ကားလောကကို ဂျာမန်တွေကြီးစိုးထားပါတယ်လို့ ဖွသူ
တွေက ဖွနေကြရခြင်းပဲပေါ့။
Red Bull နဲ့အတူ သုံးနှစ်ဆက် တိုက် ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့သူ ဗက်တဲလ်ဟာ အခု ၂၀၁၃ မှာ
လည်း ရမှတ် ၉၀ အသာနဲ့ ပြိုင်ဘက်အားလုံး ကို ဦးဆောင်နေတာ တကယ့်ကို အံ့အားသင့်စရာ
လို့ဆိုရဦးမှာပါပဲ။ အခုနှစ် F1 ဂရင်းပရီပြိုင်ပွဲ ပွဲစဉ်အားလုံးမှာ ကိုးကြိမ်တိတိ ဗိုလ်စွဲခဲ့သူဟာ
စုစုပေါင်း ရမှတ် ၂၉၇ မှတ်နဲ့ ကမ္ဘာ့ချန်ပီယံစာရင်းကို ဦးဆောင်နေပြီး သူ့နောက် ဒုတိယနေရာက
လိုက်နေသူက ရမှတ် ၂၀၇ မှတ်နဲ့ စပိန်စတား အလွန်ဆိုပဲဖြစ်ပါ တယ်။
နောက်ဆုံးယှဉ်ပြိုင်ရ မယ့် ဂရင်းပရီပြိုင်ပွဲ ပွဲစဉ်က လည်း အခုနှစ်အတွက် ပြိုင်ပွဲအဖြေက
သိသာနေ ပြီပဲလို့ Red Bull ပရိသတ်တွေက ဆိုနေကြ ခြင်းပါပဲ။ ဂျပန်ဂရင်းပရီပြိုင်ပွဲမှာ အောင်
ပွဲခံခဲ့သူ ဗက်တဲလ်က ပွဲအပြီးမှာ အခုလိုပွင့်ပွင့်လင်းလင်းဆိုခဲ့ပါတယ်။
"ကမ္ဘာ့ ချန်ပီယံဖြစ်ဖို့ကတော့ ပွဲစဉ်အားလုံး မှာ ခြေချော် လက်ချော်မဖြစ်ဖို့ အရေး ကြီးပါတယ်။
ဒါကြောင့် အခု ဂျပန်မြေ မှာ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ပရိသတ်တွေရဲ့အားပေးမှု၊ Red Bull
အဖွဲ့သားတွေရဲ့ ညီညွတ်မှု မပါရင် လည်း ကျွန်တော် အခုလိုအောင်ပွဲခံ နိုင်မှာမဟုတ်ပါဘူး။
လာမယ့် ဂရင်းပရီ လေးပွဲမှာလည်း ဆက်လက်ကြိုးစား သွားပါမယ်"လို့ ကတိ စကားဆိုခဲ့ပါတယ်။
ဗက်တဲလ် နဲ့ အမှတ် ၉၀ ကွာနေသူ စပိန်ဒရိုင်ဘာ အလွန်ဆို ကတော့ "၂၀၁၄ ပြိုင်ပွဲ အတွက်ပဲ
ကျွန်တော်တို့ ပြင်ဆင် ကြရတော့ မှာပါ" လို့ ရုပ်သံအင်တာဗျူးမှာ ဖြေကြားခဲ့ပါကြောင်း တင်ပြရင်း။















