မန်နေဂျာကြီးဖာဂူဆန်ရဲ့ အရိုက်အရာ ကို ဆက်ခံခဲ့တဲ့ ဒေးဗစ်မိုယက်စ် တစ်ယောက်အဖို့တော့
အိပ်မပျော်တဲ့ ညတွေ တိုးလို့လာနေပါပြီ။ မန်ယူ ပရိသတ်တွေမှာလည်း ဖာဂူဆန်ကြီး ကိုပဲ
တမ်းတရင်းတမ်းတရင်းနဲ့ပဲ သက်ပြင်းတွေကို အကြိမ်ကြိမ်မျိုချနေကြရပါပြီ။
မန်ချက်စတာယူနိုက်တက်ဘယ်လဲ၊ ဘာလဲဆိုတဲ့ မေးခွန်းတွေလည်း အထပ်ထပ်မေးလာနေ
ရပြီဖြစ်ပါတယ်။ မန်ယူအနေနဲ့ ပရီမီယာလိဂ် ဖလားကိုအကြိမ်(၂၀)ကြီးများတောင် ရယူထား
ခဲ့ပြီးဖြစ်လို့ တကယ်တမ်း တွက်ကြည့်ရင် ဒီနှစ်လို မန်နေဂျာအပြောင်းအလဲ စပ်ကူးမပ်ကူးနှစ်
ဟာ ချန်ပီယံဖြစ်ဖို့တော့ မျှော်လင့်ထားကြ မှာ မဟုတ်ပါဘူး။
ဆုဖလားတွေ အကြိမ် ကြိမ်ရရှိထားပြီးနေပါပြီ။ လိုချင်ရင်နောက်နှစ်ပေါ့။ အဲဒီလိုမှမဟုတ်ရင်ဟိုး
နောက်တစ်နှစ်ပေါ့။ ဒါဆိုရင် ဒီနှစ် က ဘယ်ကိုသွားမှာလဲ။ ရည်မှန်းချက်မရှိတော့ဘူးလား။
ရည်မှန်းချက်ဆိုတာ ကတော့ အားလုံးမှာရှိနေပြီးသား ဖြစ်ပါတယ်။ မန်ယူမှာလည်း ရည်မှန်း ချက်
ရှိထားပါတယ်။ ဒါပေမဲ့ ချန်ပီယံဖြစ်ခွင့်ကို ထိန်း ထားနိုင်ရေးဆိုတာတော့ မဟုတ်ပါဘူး။ ချန်ပီယံ
လိဂ်ဝင်ခွင့် ရရေး၊ ချန်ပီယံလိဂ် ၀င်ခွင့်ကို ခြေစစ် ပွဲ ကစားစရာမလို ဘဲ တိုက်ရိုက် ၀င်ခွင့်ရရေးတို့
ပဲ ဖြစ်နေမှာဖြစ်ပါတယ်။
ဒါဟာ မိုယက်စ် အတွက် ဒီရာသီ ရည်မှန်းချက်ပဲဖြစ်ပါတယ်။ ချန်ပီယံ သရဖူကို ဆက် လက်ကာ
ကွယ်မယ် ဆိုတဲ့ ရည်မှန်း ချက်မရှိတာကို သိသာမြင်သာ စေတဲ့အရာကတော့ နွေရာသီက ကစား
သမားဖြည့်တင်းမှုကို ထိထိမိမိ လုပ်ဆောင်ခြင်းမရှိခြင်းက ပြသနေခဲ့ ပါတယ်။
အခုတော့ ဒေးဗစ်မိုယက်စ်ရဲ့ စွမ်းဆောင်ရည်က ချန်ပီယံသရဖူ ကာကွယ်ဖို့ဝေးရော ချန်ပီယံလိဂ်
၀င်ခွင့်ကို တိုက်ရိုက်ဝင်ခွင့်ရဖို့ဆိုတာ လည်း ဝေဝါးလာနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိချန်
ပီယံမန်ယူ ဘယ်လဲ၊ ဘာလဲဆိုပြီးမေးခွန်းထုတ်ရ ခြင်းပဲဖြစ်ပါတယ်။
ပရီမီယာလိဂ်ကစားတာ ရှစ်ပွဲရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာမန်နေဂျာသစ်နဲ့ လက်ရှိချန်ပီယံ
ဟာ အမှတ်ပေးဇယားရဲ့ ဘယ် နေရာကို ရောက်နေ သလဲ ကြည့်လိုက် တော့ အဆင့်(၈) နေရာ
ကို ရောက်နေ တာတွေ့လိုက်ရပါ တယ်။ ရမှတ် ၁၁ မှတ်နဲ့ ရပ်တည်နေတာပါ။
ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ် နဲ့ ရှစ်မှတ်ကွာဟနေသလို ဒုတိယ နေရာက ချယ်လ်
ဆီးနဲ့ ခြောက်မှတ် ကွာဟနေပြီဖြစ်ပါတယ်။ အဆင့်(၈) နေရာမှာ ဘယ်အသင်းတွေနဲ့ရှိတာလဲ
ဆိုတော့ နယူးကာဆယ်၊ တန်းတက် ဟားလ်စီးတီးတို့နဲ့ အမှတ်တူရပ်တည် နေတာပါ။
တော်တော်စိတ်ပျက်စရာ ကောင်းတဲ့ရပ်တည်မှုပဲ ဖြစ်ပါတယ်။ တန်းတက်အသင်းလေး ဟားလ်စီး
တီး နဲ့တန်းတူ လက်ရှိချန်ပီယံအသင်းကြီး က ရပ်တည်လျက်ရှိနေပါတယ်။ ဒါဟာ မဖြစ်သင့်မှု
ပဲဖြစ်ပါတယ်။ မန်နေဂျာ ပြောင်းလဲလိုက်လို့ စပ်ကူးမပ်ကူး ကာလမို့ဆိုပြီး ဒေးဗစ်မိုယက်စ်
တစ်ယောက် ဆင်ခြေတွေ ပေးလို့ မဖြစ်ပါဘူး။ အဲဗာတန်လည်း သူ့ နေရာအတွက် မန်နေဂျာ
အသစ် နဲ့ ဖြတ်သန်းနေတာပါ။ ဒါပေမဲ့ မန်နေဂျာသစ် မာတီ နက်ဇ်ဟာ တည်တည် ငြိမ်ငြိမ်ပါပဲ၊
မိုယက်စ် လို ဖရိုဖရဲတော့ မဟုတ်ခဲ့ပါဘူး။ တစ်ပွဲကို ပျမ်းမျှ ၁ ဒသမ ၃၈ မှတ်သာ မိုယက်စ် ဟာ
ရယူထားနိုင်ခဲ့ပါတယ်။
ဒါဟာ လက်ရှိ ချန်ပီယံ ရဲ့ ခြေစွမ်း မှမဟုတ် တာ။ ချန်ပီ ယံလိဂ်ကို တိုက်ရိုက် ၀င်ခွင့်ရမယ့်
အဆင့်(၂) နေရာအတွက် ရပ်တည်နိုင်တဲ့ ခြေစွမ်းမဟုတ် ခဲ့ပါဘူး။ အစောပိုင်း ဩဂုတ်လထဲ
မှာ မန်ယူဟာပွဲကျပ် တွေနဲ့တွေ့လို့ပါလို့ အဲဒီကာလက လက် ခံထားကြပေမယ့် အခုအချိန်မှာ
တော့ အဲဒီလိုဆင်ခြေပေးလို့လည်းမရတော့ ပါဘူး။ ကစားထားပြီးတဲ့ ရှစ်ပွဲမှာ မန်ယူ ဟာ သုံးပွဲ
သာ နိုင် ထားပါတယ်။ နိုင် တဲ့ သုံးပွဲမှာ သက် သောင့်သက်သာ နိုင်တဲ့ပွဲဆိုလို့ ပွဲဦးထွက် ဆွမ်
ဆီးကို အနိုင်ရ တဲ့ ပွဲသာရှိခဲ့ပြီး တန်းတက် ခရစ္စ တယ်ပဲလေ့စ်ကို အနိုင်ရတဲ့ပွဲ၊ ဆန်းဒါးလန်းကို
အနိုင်ရ တဲ့ပွဲတွေဟာ တော်တော်ရုန်းကန် ကစားပြီး အနိုင်ရခဲ့တဲ့ပွဲတွေဖြစ်ခဲ့ ပါတယ်။
အနိုင်ရတဲ့ သုံးသင်းမှာ နှစ်သင်းဟာ တန်းဆင်းဇုန်ထဲက အသင်းတွေသာ ဖြစ်နေခဲ့ပြန်ပါတယ်။
ရပ်တည်မှုအဆင့်(၈)ကိုရောက်သွား ခြင်းဟာ ၂၆ နှစ်အတွင်းမှာ ပထမဆုံး ဖြစ်နေခဲ့ပါတယ်။
မိုယက်စ်ကြောင့် အရင်ဖာဂူဆန်လက်ထက်က အိုးလ်ထရက်ဖို့ဒ်ကွင်း မှာ အမြဲတမ်းအောင်ပွဲခံ
ခဲ့ကြရတဲ့ ပရိသတ်တွေဟာ အောင်ပွဲခံနိုင်တာဆိုလို့ တစ်ပွဲသာရှိလာခဲ့ပါတယ်။
ခရစ္စ တယ်ပဲလေ့စ်ပွဲသာ ဖြစ်ပါတယ်။ ၀က်စ် ဘရွန်းကို အိမ်ကွင်းမှာရှုံးတဲ့ပွဲ၊ ပြီးခဲ့တဲ့ အပတ်က
ဆောက်သမ်တန်ကိုသရေကျတဲ့ပွဲတွေဟာ အိုးလ်ထရက်ဖို့ဒ် ပရိသတ်တွေကို စိတ်ပျက်စေတဲ့ပွဲ
တွေပဲ ဖြစ်ပါတယ်။
ဗန်ပါစီဟာ ဟော်လန်လက်ရွေးစင်အသင်းမှာ အကောင်းဆုံး ကစားနိုင်၊ ခြေစွမ်းပြနိုင်သလောက်
မန်ယူပွဲတွေမှာတော့ မနှစ်ကနဲ့ လုံးဝ မတူတဲ့ခြေစွမ်းမျိုးအဆင့်မှာပဲရှိပါတယ်။ ဒီကိစ္စမှာ ဗန်ပါစီမှာ
တာဝန်ရှိတာထက် မိုယက်စ်မှာပဲ တာဝန်ရှိနေပါတယ်။ မန်ယူကွင်းလယ်ဟာ အရမ်းကို အားနည်း
လွန်းနေပြီး တောင်ပံတွေကို သာ ဦးစားပေးကစားထားတာကြောင့် တိုက်စစ်ကဂိုးသွင်းဖို့
ခြိမ်းခြောက်နိုင် မှုဟာ အတော့်ကိုနည်းပါးနေခဲ့လို့ မန်ယူဟာ ဂိုးသွင်းဖို့ခက်ခဲနေတာပဲဖြစ်
ပါတယ်။
ဗန်ပါစီထက် ရွန်နေဟာ ကွင်းလယ်အထိဆင်းပြီး လိုက်ပါကစားရတဲ့အတွက်ကြောင့်လည်း
ဗန်ပါစီ ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးနိုင်မှုဟာလည်း လျော့နည်းသွားခဲ့ရတာပဲဖြစ်ပါတယ်။ ဒါကြောင့်
လည်း မန်ယူရဲ့ တိုက်စစ်ဟာ ပရီမီယာလိဂ်မှာ အဆင့် (၈)မှာပဲ ရပ်တည်နေရတာပဲဖြစ်ပါတယ်။
လက်ရှိခြေစွမ်းကို သုံးသပ်လိုက် ရင် မန်ယူဟာ နာမည်သာရှိထားပြီး တိုက်စစ်က အလယ်
အလတ်အသင်းအဆင့်မှာသာ ရှိနေခဲ့တဲ့အသင်းဖြစ်ပါတယ်။
အိမ်ကွင်းကစားပုံအနေအထားမှာလည်း မန်ယူဟာ အလယ်အလတ်အသင်းအဆင့်ကို ရောက်ရှိ
နေပြီဖြစ်ပါတယ်။ ဒီအခြေအနေတွေက ချန်ပီယံ သရဖူကို ထိန်းဖို့ဆိုတာထက် ချန်ပီယံလိဂ်ဝင်ခွင့်
နေရာရဖို့အတွက် ခက်ခဲစေတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဗီဒစ် မပါ၊ ဖာဒီနန်မပါတဲ့နောက်တန်းဆို
တာ ကို အိမ်ကွင်းမှာ ထုတ်သုံးရဲခဲ့ခြင်းက လည်း မိုယက်စ်အတွက် စွန့်စားမှုပဲဖြစ် ပါတယ်။
ရွန်နေကိုထုတ်ပြီး ခံစစ်အတွက် စမောလင်းကို ထည့်လိုက်တဲ့အခါမှာတော့ ဆောက်သမ်တန်
တိုက်စစ်ဟာ ပိုပြီးရဲတင်းသွားစေတာက နောက်ဆုံး မှာ သရေကျဖို့ဖြစ်သွားစေတာပဲဖြစ်ပါတယ်။
ဒီပွဲနဲ့ပတ်သက်ပြီး စတုတ်မန်နေဂျာ ဟောင်း တိုနီပူးလစ်ကတော့ အခုလို သုံးသပ်သွားခဲ့ပါတယ်။
'ဆောက်သမ် တန်ကစားတာကို ဒီနှစ်မှာကြည့်ဖြစ်တာ ဒီပွဲနဲ့ဆိုသုံးပွဲရှိသွားပါပြီ။ ပထမ မိနစ်နှစ်
ဆယ်မှာ သူတို့တွေ အကောင်း ဆုံး ဖိအားပေးကစားနေတာတွေ့ရ ပါတယ်။ ဒါပေမဲ့ ဗန်ပါစီဂိုး
သွင်းလိုက် အပြီးမှာ ကစားအားကိုတင်လာမယ်ထင်ထားပေမယ့် ပုံမပျက်ဘဲ တည်တည် ငြိမ်ငြိမ်
ကစားနေတာတွေ့ရပါတယ်။မိုယက်စ်ကိုတော့ အပြစ်တင်နေကြ မှာပါ။ ဒါပေမဲ့ သူ့ ရဲ့ တည်
ဆောက်ချိန် တစ်ခုကို စောင့် ကြည့်ပေးဖို့ လိုပါ တယ်။ မန်ယူက ထိပ်တန်းအသင်းဖြစ်တော့
ဖိအား တွေက သူ့မှာ ရှိနေပါတယ်။ ဒါကိုလည်း သူ တွက်ဆထားပြီးဖြစ်နေ ပါလိမ့်မယ်လို့ ပြောဆို သွားခဲ့ပါတယ်။မိုယက်စ်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်သွားတာမျိုးမရှိပေမယ့် မန်ယူကစားဟန်
ထက် ဆောက်သမ်တန်ကစားဟန်ကို ချီးကျူးသွားတာက သူ့ရဲ့ ပါးနပ်မှုပဲဖြစ်ပါတယ်။အလန်ဟန်
ဆင် ကတော့ တိုနီပူးလစ်လိုမဟုတ်ဘဲ ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။
'သူတို့တွေက ဆယ်ပွဲကစားပြီးရုံနဲ့ ချန်ပီယံမဖြစ်နိုင်သေးပါဘူးလို့ပြောနေ ကြပါတယ်။ ဒါပေမဲ့
သူတို့ကိုပြန်ပြော ချင်တာကတော့ သင်တို့လည်း ချန်ပီယံ မဖြစ်နိုင်တော့ပါဘူး။ အရှုံးကိုပိုက်ရ
တော့မယ်။ တကယ်လို့ သူတို့တွေ မျှော်လင့်နေမယ်ဆိုရင် အဲဒါဟာ ဖာဂီရဲ့အချက်အလက်
အတိတ်တွေကို ဆုပ်ကိုင်ပြောဆိုလိုက်တာပဲဖြစ်လာပါလိမ့်မယ်'လို့ဝေဖန်သွားခဲ့ပါတယ်။
ကစားသမားတွေ မဝယ်ပေးခဲ့လို့ ကြောင့်သာလို့ ဆင်ခြေပေးလာရင်လက်ရှိမန်ယူကစားသမား
တွေဟာ ဖာဂူဆန်မနှစ်က ချန်ပီယံဖလားရယူခဲ့တဲ့ ကစားသမားတွေသာပဲဖြစ်ပါတယ်။ ဘယ်သူ့
ကိုမှ ရောင်းမထုတ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုအခြေအနေဆိုးနေပါပြီ။ ကစားသမားကြောင့်လား၊ မန်နေ
ဂျာ ကြောင့်လားဆိုတာ ဒီအနေအထားက သက်သေပဲဖြစ်ပါတယ်။
ဆောက်သမ်တန်ပွဲမှာ ဖာဂူဆန်နဲ့ ဒေးဗစ်ဂီးလ်တို့ မသက်သာတဲ့အနေအထားတွေနဲ့ ဒီပွဲ ကိုကြည့်
နေခဲ့ကြပါတယ်။ ရှစ်ပွဲကစား အပြီးမှာ သုံးပွဲရှုံးထားပြီဆိုတော့ နောက်ထပ်ရှုံးပွဲတွေလည်း တိုးလာ
နိုင်တာကြောင့် ချန်ပီယံဖြစ်ဖို့ဆိုတာ ကတော့ ဘယ်နည်းနဲ့ မဖြစ်နိုင်တော့ ပါဘူး။
ဒေးဗစ်မိုယက်စ်အနေနဲ့ မန်ယူ ကို အဆင့်(၂)နေရာရောက်အောင် အတွက်သာ အားထုတ်ရတော့
မှာဖြစ် ပါတယ်။ဒီနှစ်မှာ အာဆင်နယ်၊ လီဗာပူး အသင်းတို့ဟာ ချယ်လ်ဆီး၊ မန်စီးတီးတို့နဲ့အတူ
အကောင်းဆုံးပုံစံ တွေ ဖြစ်လာနေခြင်း၊ စပါးကလည်း မနှစ် ကထက် ပိုမိုတောင့် တင်းလာခြင်းက
ချန်ပီယံလိဂ်ဝင်ခွင့် နေရာရဖို့အတွက်ဆိုတာကလည်း မိုယက်စ်အနေနဲ့ ဒီလိုရလဒ်ဆိုးတွေ နောက်
ထပ်မဖြစ်အောင် ကြိုးပမ်းနိုင် တော့မှဖြစ်မှာပါ။ လက်ရှိချန်ပီယံရဲ့ အနေအထားက ချန်ပီယံလိဂ်
၀င်ခွင့် နေရာဖြစ်တဲ့အဆင့်(၂)၊ အဆင့်(၃)၊ အဆင့်(၄)နေရာတွေက တစ်နေရာကို ရဖို့အတွက်
တော်တော်ကြီးကို ရုန်းကန် ရဖွယ်ရှိလာနေပါရဲ့...။















