မန်ယူနိုင်မှာ သေချာနေတယ် - ပရီမီယာလိဂ်ပွဲစဉ်(၉)

မန်ယူနိုင်မှာ သေချာနေတယ် - ပရီမီယာလိဂ်ပွဲစဉ်(၉)

ချယ်လ်ဆီး - မန်စီးတီး
ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲဆိုတာအားလုံးအသိပါ။ မော်ရင်ညိုနဲ့ ပယ်လီဂရီနီ
တိုက်စစ်အားပြိုင်မယ့်ပွဲဖြစ်ပါတယ်။ ဘယ်သူ တိုက်စစ်ကောင်းကြမလဲ။ မန်နေဂျာနှစ်ယောက်က
လာလီဂါမှာလည်း အားပြိုင် နေကြတဲ့သူတွေဖြစ်ပါတယ်။ အခုပွဲမှာ ဂိုးအများကို ရွေးရမယ့်ပွဲဖြစ်ပါ
တယ်။

ခရစ္စတယ် -အာဆင်နယ်
အာဆင်နယ်ကတော့ ချန်ပီယံခြေစွမ်းကိုပြနေပြီဖြစ်ပါတယ်။ အာဆင်နယ် ခြေစွမ်းက ချယ်လ်ဆီး၊
မန်စီးတီးတို့ထက်တောင်ကောင်းနေပါတယ်။ တစ်ခုရှိ တာက ခံစစ်ကဂိုးပေးရတဲ့အချက်ရှိနေလို့
အခုပွဲမှာလည်း တစ်ဂိုးတော့ ပေးရနိုင် ပါတယ်။ အာဆင်နယ်နိုင်သွားနိုင်ပေမယ့် ဂိုးမပြတ်နိုင်ပါ။

လီဗာပူး -၀က်စ်ဘရွန်း
လီဗာပူးကျနေတာ နှစ်ပွဲဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။ ၀က်စ်ဘရွန်း ကလည်း ရှုံးပွဲမရှိကစားထား
တာ ငါးပွဲဆက်တိုက်ရှိပြီဖြစ်ပါတယ်။ လီဗာပူးက အိမ်ကွင်းဖြစ်လို့ ကစားအားသာနိုင်ပေမယ့်
ဂိုးပြတ်အနိုင်ရဖို့ မလွယ်ပါဘူး။ ၀က်စ်ဘရွန်းကို ကြိုက်ပါတယ်။

မန်ယူ -စတုတ်
ဆရာကြီးမန်ယူကတော့ ဒီနှစ်မှာ အတော်ကိုအခြေအနေဆိုးနေပါတယ်။ အဓိကတာဝန်ရှိသူက
ဒေးဗစ်မိုယက်စ်ပါပဲ။ အခုစတုတ်နဲ့ တွေ့နေခြင်းက မန်ယူ အနိုင်ကစားနိုင်ဖို့ အခြေအနေကောင်း
ဖြစ်ပါတယ်။ ဒီပွဲမှာမှ အနိုင်မကစားနိုင် တော့ဘူးဆိုရင် မန်ယူကိုမျှော်မနေပါနဲ့တော့။ မန်ယူနှစ်ဂိုး
ပြတ်နဲ့နိုင်မယ့်ပွဲပါ။

နော်ဝစ်ချ် -ကာဒစ်ဖ်
နော်ဝစ်ချ်ကတော့ ပွဲကြီးတွေဆက်တိုက်ကစားရပြီး ဂိုးပြတ်တွေနဲ့ချည်းရှုံးထားခဲ့ပါတယ်။ ကာဒစ်ဖ်
ကလည်း နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ထားပါတယ်။ အခုပွဲ ကတော့ နော်ဝစ်ချ်အတွက် အရေးကြီးတဲ့
ပွဲဖြစ်ပါတယ်။ နော်ဝစ်ချ် အနိုင်ရမယ့် ပွဲဖြစ်ပါတယ်။

ဗီလာ -အဲဗာတန်
ရလဒ်ကောင်းနေတဲ့ဗီလာဟာ ပြီးခဲ့တဲ့အပတ်ကတော့ စပါးကိုအိမ်ကွင်းမှာ ရှုံးသွားပါတယ်။ အဲဗာ
တန်က အိမ်ကွင်းကစားအားကောင်းပေမယ့် အဝေး ကွင်းရောက်ရင် ဂိုးတွေပေးနေရတာကိုသတိ
ပြုသင့်ပါတယ်။ အခုပွဲမှာ ဗီလာ အနိုင်၊ ဒါမှမဟုတ် သရေပါ။

ဆန်းဒါးလန်း -နယူးကာဆယ်
နယူးကာဆယ်က နောက်ဆုံးကစားထားတဲ့ လေးပွဲမှာ နှစ်ဂိုးနှုန်းနဲ့ ဂိုးတွေသွင်း နေပါတယ်။
ဆန်းဒါးလန်းကလည်း အိမ်ကွင်းမှာ လီဗာပူး၊ မန်ယူတို့ကို ဂိုးတွေသွင်း နိုင်ခဲ့လို့ ဒီပွဲဟာ ဂိုးအများ
ကိုဦးစားပေးရွေးတာ အကောင်းဆုံးဖြစ်ပါတယ်။

စပါး -ဟားလ်စီးတီး
စပါးအနေနဲ့ အိမ်ကွင်းမှာ ၀က်စ်ဟမ်းကို အမှတ်မထင်ရှုံးသွားတာမျိုးမဖြစ်ဖို့ အထူးပြင်ဆင်
ထားနိုင်တဲ့ပွဲဖြစ်ပါတယ်။ ဟားလ်စီးတီးကတော့ ခံစစ်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်
လာနိုင်ပါတယ်။ အခုပွဲဟာ ၀က်စ်ဟမ်းပွဲလို ဖြစ်လာမှာ မဟုတ်ပါဘူး။ စပါးဂိုးပြတ်အနိုင်ရပါ
လိမ့်မယ်။

ဆွမ်ဆီး -၀က်စ်ဟမ်း
ဆွမ်ဆီးအနေနဲ့ အိမ်ကွင်းနိုင်ပွဲတွေ့သွားပြီဖြစ်ပါတယ်။ ၀က်စ်ဟမ်းဟာ အဝေးကွင်းခံစစ်မှာတော်
တော်လေးကောင်းနေပါတယ်။ ဒါကြောင့် ဒီပွဲဟာ ဂိုးနည်းကိုရွေးတာ စိတ်အချရဆုံးပါပဲ။ ဆောက်
သမ်တန် -ဖူလ်ဟမ် ဆောက်သမ်တန်ရဲ့ရစ်သမ်ကတော့ ကြောက်စရာကောင်းလောက်အောင်ကို
ကောင်းနေပါတယ်။ ဖူလ်ဟမ်ကတော့ ဒီနှစ်မှာ ပုံမှန်ခြေမရှိတဲ့အသင်းဖြစ်ပါ တယ်။ ဆောက်သမ်
တန်နိုင်ဦးမယ့်ပွဲဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး