ထိုင်းသေနတ်ပစ် ချန်ပီယံ ဟောင်း လုပ်ကြံခံရ၍ သေဆုံး

ထိုင်းသေနတ်ပစ် ချန်ပီယံ ဟောင်း လုပ်ကြံခံရ၍ သေဆုံး

ဘန်ကောက် - အိုလံပစ်ပြိုင်ပွဲများတွင် ထိုင်းနိုင်ငံအတွက် ရွှေတံဆိပ်များရယူပေးခဲ့သူ
ပစ္စတိုသေနတ်ပစ်ချန်ပီယံဟောင်း ဂျက်ကရစ်သည် ပြီးခဲ့သည့် စနေနေ့ညပိုင်းက ဘန်ကောက်မြို့
၌ မော်တော်ဆိုင်ကယ်စီး သေနတ်သမားများ၏ ပစ်ခတ်လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့ကြောင်း
ထိုင်းရဲများက အေအက်ဖ်ပီသို့ ပြောကြားသည်။

ဂျက်ကရစ်သည် ၎င်းနှင့် ကွဲကွာနေ သည့် ဇနီးဟောင်း အိမ်သို့လာစဉ် လမ်း၌ ဆိုင်ကယ်နှင့်
သေနတ်သမား နှစ်ဦးက အချက်ပေါင်းများစွာပစ်ခတ် ၍ လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟုလည်း
ဆိုသည်။

"ဘာကြောင့်အခုလို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံရသလဲဆိုတာကတော့ ရဲတပ်ဖွဲ့က စုံစမ်းနေ
တုန်းဖြစ်ပါတယ်" ဟု ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦး ကပြောသည်။ ဂျက်ကရစ်သည် ထိုင်းနိုင်
ငံတွင် အကောင်းဆုံး သေနတ်ပစ်သမား တစ်ဦးဖြစ်ပြီး ၂၀၀၈ ပေကျင်းအိုလံပစ် တွင် ကွာတား
ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်က ကျင်းပခဲ့သော လန်ဒန်အိုလံပစ် ပြိုင်ပွဲတွင်
လည်း ထိုင်းနိုင်ငံကိုယ်စား ပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်သည်။

(အေအက်ဖ်ပီ) 



ဖတ်ရှုမှုအများဆုံး