ကိုယ်ပိုင်ခံယူချက်တွေနဲ့ ရေကူးအားကစား သမားဘဝကို ဖြတ်သန်းခဲ့တဲ့ မိုးသူအောင်

ကိုယ်ပိုင်ခံယူချက်တွေနဲ့ ရေကူးအားကစား သမားဘဝကို ဖြတ်သန်းခဲ့တဲ့ မိုးသူအောင်

မြန်မာနိုင်ငံရဲ့ ရေကူးချန်ပီယံဟောင်းဖြစ်သူ မိုးသူအောင်ဟာ အသက် ငါးနှစ် သမီးအရွယ်မှာ
ရေကူးအားကစားသမားဘဝကို စတင်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ကိုးနှစ်သမီး
အရွယ်မှာ တရုတ်-မြန်မာ ချစ်ကြည်ရေး ရေကူးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာကစပြီး ရေကူး
တဲ့ဝါသနာ ပိုမိုကြီးမားလာခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံးနိုင်ငံတကာပြိုင်ပွဲ ၀င်ပြိုင်တဲ့ အမျိုးအစားတိုင်းမှာ ရွှေတံဆိပ်တွေ ရရှိခဲ့ခြင်းဟာ
သူမကို ရေကူးချန်ပီယံတစ်ယောက်ဖြစ်လာစေမယ့် တွန်းအား တွေပါပဲ။

"ကျွန်မပထမဆုံးဝင်ပြိုင်တဲ့ နိုင်ငံ တကာပြိုင်ပွဲမှာ ရွှေတံဆိပ်တွေရရှိခဲ့တာကြောင့် ရေကူးတဲ့
၀ါသနာပိုကြီး သွားခဲ့တာလို့ထင်ပါတယ်။ အဲဒီပြိုင်ပွဲ မှာ ဆုရရှိတော့ ပြည်တွင်း၊ ပြည်ပ နည်းပြ
တွေ အကုန်လုံးက ချီးကျူးကြ တယ်။ အားပေးကြတယ်။ ဒါဟာ ရေကူးအားကစားသမားတစ်
ယောက်ဖြစ်ဖို့ အတွက် အားတွေဖြစ်ခဲ့ပါတယ်"ဟု မြန်မာတိုင်း(မ်)ကိုပြောပါတယ်။

၁၉၉၃ ခုနှစ်က စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ဆီးဂိမ်းပြိုင်ပွဲ ဟာ သူ့ရဲ့ပထမဆုံးဆီးဂိမ်း
ပြိုင်ပွဲဖြစ်ပြီး ထိုစဉ်က အသက် ၁၃ ပဲရှိသေးပါ တယ်။ မီတာ ၅၀ လက်ပစ်ကူး၊ မီတာ ၁၀၀
လက်ပစ်ကူးနဲ့ လိပ်ပြာကူး ပြိုင်ပွဲအမျိုးအစားတွေ အားသန်တဲ့ သူဟာ ရေကူးအားကစားသမား
ဘဝတစ်လျှောက်မှာ ရွှေတံဆိပ်ဆုပေါင်း ၂၀ ကျော်ကို ဆွတ်ခူးနိုင်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံ
တွေရဲ့အကြီးမားဆုံး နိုင်ငံတကာပြိုင်ပွဲကြီး ဖြစ်တဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာတော့ ရွှေတံဆိပ်တစ်ခု၊
ငွေတံဆိပ်ရှစ်ခုနှင့် ကြေးတံဆိပ်ရှစ်ခုတို့ကို ရယူနိုင်ခဲ့ ပါတယ်။ မိုးသူအောင်ဟာ လက်ရွေးစင်
အားကစားသမားဘဝမှာ စင်ကာပူ၊ ထိုင်း၊ မလေးရှားနိုင်ငံတွေက ရေကူးသမားတွေနဲ့ ဆီးဂိမ်းပြိုင်
ပွဲတွေမှာ အဓိကယှဉ်ပြိုင်ခဲ့ရပြီး မြန်မာနိုင်ငံအတွက် ဆုတံဆိပ်တွေကို ဆွတ်ခူးနိုင် ခဲ့သူလည်းဖြစ်
ပါတယ်။

"ကျွန်မကတော့ ကိုယ်ဆုရရှိလို့ နိုင်ငံအလံလွှင့်ထူတဲ့ အချိန်မှာ ခံစား ရတဲ့ ခံစားမူကို အရမ်းမက်
မောပါတယ်"ဟု ပြောကြားခဲ့ပါတယ်။

နောက်ဆုံးပြိုင်ပွဲအဖြစ် ၂၀၀၅ ခုနှစ် ဖိလစ်ပိုင်ဆီးဂိမ်းမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီးနောက် ကစား
သမား ဘဝကနေ အနားယူခဲ့သူပါ။ သူ့အနေနဲ့ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြံုကောင်းတွေရရှိ
အောင် တရုတ်နိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတွေ မှာ သွားရောက်လေ့ကျင့်မှုတွေ ပြုလုပ် ခဲ့ပါတယ်။
အခုအချိန်မှာတော့ သူက အသက် ၃၃ နှစ်ရှိပြီဖြစ်ပြီး စင်ကာပူနိုင်ငံ၊ စင်ကာပူရေကူးကလပ်မှာ
၂၀၀၇ ခုနှစ်ကစပြီး နည်းပြအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပါတယ်။

မြန်မာ နိုင်ငံသား တစ်ယောက်အနေနဲ့ စင်ကာပူလို ရေကူးအားကစားအင်အားကြီးနိုင်ငံမျိုးမှာ
နည်းပြအဖြစ် တာဝန်ယူနေတာဟာ ဂုဏ်ယူစရာ တစ်ခုဖြစ်ပါတယ်။ အသက်ငါးနှစ်မှာ ရေ
စကူးခဲ့ပြီး အသက် ၂၅ နှစ်မှာ အနားယူခဲ့တာ ကြောင့် ရေကူးအားကစားသမားဘဝ ကို နှစ်
၂၀ ကျော်ဖြတ်သန်းခဲ့တဲ့ အတွေ့ အကြံုတွေကို သူက မြန်မာတိုင်း(မ်)ကို အခုလို ပြောကြား
ခဲ့ပါတယ်။

"ကျွန်မတို့ ရေစကူးခဲ့တဲ့ အချိန်တုန်း က ထောက်ပံ့မှုအား အရမ်းနည်းခဲ့ပါ တယ်။ ဘဝအာမခံချက်
ဆိုတာလည်း မရှိပါဘူး။ ဒါပေမဲ့ ကျွန်မက ဒီအားကစား နည်းကို ရူးသွပ်လွန်းတဲ့အတွက် အိမ်က
ထောက်ပံ့မှုတွေပြုလုပ်ပြီး အားပေးခဲ့ပါတယ်။ ထူးချွန်တဲ့ အားကစားသမား တစ်ယောက်ဖြစ်ဖို့
မိဘတွေရဲ့ အထောက်အပံ့လိုမယ်။ ကလေးကိုယ်တိုင်ကလည်း စိတ်ဓာတ်ပြင်းထန်ရ မယ်။
ဒီကလေးကို နည်းစနစ်ကျကျသင်ကြားပေးနိုင်မယ့် ဆရာကောင်း လိုပါမယ်။ ဒီအချက်တွေ
ပြည့်စုံရင်တော့ ထူးချွန်တဲ့အားကစားသမားကောင်းတွေ မွေးထုတ်နိုင်မှာပါ"လို့ ပြောပါတယ်။


 

အားကစားသမားတစ်ယောက်ဟာ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း
" ကစားသမား တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ခံယူချက်ရှိနေဖို့က အရေးကြီးတဲ့အချက်ပါပဲ။
နောက်ပြီးကိုယ့်စည်းကမ်းလေးနဲ့ ကိုယ်နေမယ်။ ကိုယ့်ဘာသာ သင့်တော် အောင် ထိန်းကျောင်း
ပြီး နေထိုင်တာက အကောင်းဆုံးပါပဲ။ ရည်ရွယ်ချက် ကြီးကြီးထားပြီး ကြိုးစားကြပါ"လို့ ပြောကြား
ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် (၂၇)ကြိမ်မြောက်ဆီးဂိမ်းမှာ အား ကစားသမားအဖြစ် ပါ၀င်
ယှဉ်ပြိုင်ဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အရင်ကရခဲ့တဲ့ ဒဏ်ရာဟောင်းကြောင့် စံချိန်ကောင်း
တွေ ပြန်လည်မရရှိနိုင် တာကြောင့် ပြန်ဝင်မပြိုင်ဖြစ်တာ ဖြစ်ကြောင်းသိရပါတယ်။ ရေကူးအားက
စားနည်းဟာ ငယ်ငယ် ကတည်းက နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်ရတဲ့ အားကစားနည်း တစ်ခုဖြစ်
တာကြောင့် မြန်မာ့လက်ရွေး စင် အားကစားသမားတွေကိုလည်း ငယ်စဉ်ကတည်းက နည်းစနစ်
မှန်စွာ လေ့ကျင့်ပေးသင့်ကြောင်း အကြံပြု ပြောကြားခဲ့ပါတယ်။

မြန်မာမျိုးဆက်သစ်ကစားသမားတော်တော်များများက ငယ်သေးတာ ကြောင့် အတွေ့အကြံုပိုင်း
အားနည်း နေသေးပေမယ့် နောက်နှစ်နှစ်အတွင်း မှာတော့ မြန်မာရေကူးအားကစားသမားတွေ
ဟာ နိုင်ငံတကာပြိုင်ပွဲတွေ မှာ အောင်မြင်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်မမိဘတွေက ကျွန်မကို အားပေးထောက်ပံ့ပေးခဲ့တယ်။ ဒါကြောင့် နိုင်ငံခြားက ပြိုင်ပွဲဝင်ပုံစံ
တွေအတိုင်း လေ့ကျင့်ဖြစ်ခဲ့တာပါ"လို့လည်း ဆိုပါတယ်။ မိုးသူအောင်ဟာ လက်ရှိတွင် စင်ကာ
ပူနိုင်ငံမှာ နည်းပြအဖြစ်လုပ်ကိုင် လျက်ရှိသော်လည်း မြန်မာနိုင်ငံ အတွက် လိုအပ်လာပါက
အချိန်မရွေး ကူညီသွားရန် ဆန္ဒရှိနေသူတစ်ဦးလည်း ဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး