အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ် ဂိုးပြတ်အနိုင်ရဖို့ရှိနေတယ် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၀)

အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ် ဂိုးပြတ်အနိုင်ရဖို့ရှိနေတယ် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၀)

ပြီးခဲ့တဲ့သီတင်းပတ်က မိန့်ဇ်ကို ၄၁ နဲ့နိုင်ပြီး အနိုင်ပြတ်သားခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ဒီတစ်ပတ်
မှာလည်း ဟာသာဘာလင်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပါတယ်။ဒုတိယနေရာက ဒေါ့မွန်ကတော့
ရှော်လ်ကေးရဲ့ ဂယ်လ်ဆင်ကာချန်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာမို့ ပွဲကြပ်တစ်ခုကို ယှဉ်ပြိုင်ရ
မယ်လို့ ထင်မိပါတယ်။

စတုဂတ် - နုရင်ဘတ် နောက်ဆုံးတွေ့ဆုံမှု
၂၃-၂-၁၃ စတုဂတ် ၁-၁ နုရင်ဘတ်
နုရင်ဘတ်ဟာ အခုအချိန်အထိ အဝေးကွင်းနိုင်ပွဲမရသေး
သလို၊ အိမ်ကွင်းနိုင်ပွဲလည်း မရှိသေးပါဘူး။ စတုဂတ်ကျိန်းသေပေါက် အနိုင်ကစားမယ်လို့ ခန့်မှန်း
ပါတယ်။

ဘိုင်ယန်မြူးနစ်-ဟာသာဘာလင် နောက်ဆုံးတွေ့ဆုံမှု
၁၈-၃-၁၂ ဟာသာဘာလင် ၀-၆ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အနေနဲ့ အိမ်ကွင်းမှာ အမှားခံမယ်လို့ မထင်မိပါဘူး။ အစဉ် အလာအရလည်း ဘိုင်
ယန်အိမ်ကွင်းမှာ ၄-၀၊ ၅-၂၊ ၄-၁ ရလဒ်တွေက ဘိုင်ယန် ကို အားပေးဖို့တောင်းဆိုနေကြပါ တယ်။
နှစ်သင်းပေါင်းသွင်းဂိုးအများနဲ့ ဘိုင်ယန်ပါပဲ။

မွန်ချင်ဂလက်ဘတ် - ဖရန့်ဖတ် နောက်ဆုံးတွေ့ဆုံမှု
၂-၃-၁၃ ဖရန့်ဖတ် ၀-၁ မွန်ချင်ဂလက်ဘတ်

မွန်ချင်ဟာ အိမ်ကွင်းမှာ အခုအချိန် အထိ ရာခိုင်နှုန်းပြည့်အနိုင်ကို ရယူနိုင် ထားပါတယ်။ ဖရန့်
ဖတ်ကလည်း အဝေးကွင်းမှာ ငါးပွဲမှာ နှစ်ပွဲနိုင်၊ နှစ်ပွဲ သရေ၊ တစ်ပွဲရှုံးဆိုတဲ့ ရလဒ်ကို ဖန်တီး
ထားနိုင်ပါတယ်။ ဒီပွဲမှာ ဖရန့်ဖတ် သရေခံကစားသွားလိမ့်မယ်လို့ မျှော်လင့် နေမိတယ်။

ဖရိုင်းဘတ် - ဟမ်းဘတ် နောက်ဆုံးတွေ့ဆုံမှု
၆-၄-၁၃ ဟမ်းဘတ် ၀-၁ ဖရိုင်းဘတ်

တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဖရိုင်း ဘတ်တို့ အိမ်ကွင်းမှာ အနိုင်ရဖို့ အား ထုတ်လာနိုင်ပါတယ်။
ဟမ်းဘတ်ရဲ့ ခံစစ်ကြောင်းက ဟော့ဖန်ဟိမ်းလိုပဲ ဘွန်ဒက်စ်လီဂါပေးဂိုးအများဆုံးတွေဖြစ်နေလို့
ဖရိုင်းဘတ်ကိုပဲ ကြိုက်ပါ တယ်။

ရှော်လ်ကေး - ဒေါ့မွန် နောက်ဆုံးတွေ့ဆုံမှု
၉-၃-၁၃ ရှော်လ်ကေး ၂-၁ ဒေါ့မွန်

ဒေါ့မွန်ရဲ့ အဝေးကွင်းရလဒ်နဲ့ ရှော်လ်ကေးရဲ့ အိမ်ကွင်းရလဒ်က အတူတူပါပဲ။ ရှော်လ်ကေးက
တောင် အိမ်ကွင်းမှာ တိုက်စစ်ပိုကောင်းနေလို့ အိမ်ရှင်နဲ့ ဂိုးအများကို ရွေးရပါမယ်။

ဟန်နိုဗာ - ဟော့ဖန်ဟိမ်း နောက်ဆုံးတွေ့ဆုံမှု
၉-၂-၁၃ ဟန်နိုဗာ ၁-၀ ဟော့ဖန်ဟိမ်း
ဟန်နိုဗာဟာ အခုအချိန်အထိ အဝေးကွင်းနိုင်ပွဲမရပေမယ့် အိမ်ကွင်း မှာတော့ ရှုံးပွဲမရှိကစားထား
တဲ့အသင်းဖြစ်ပါတယ်။ ဟော့ဖန်ဟိမ်းရဲ့ ပေးဂိုးက ဘွန်ဒက်စ်လီဂါမှာ အများဆုံး ဖြစ်နေပါတယ်။
ဟမ်းဘတ်နဲ့အတူတူပါပဲ။ ဒါကြောင့် အဝေးကွင်းဖြစ်နေတဲ့ ဟော့ဖန်ဟိမ်းကို လက်ရှောင်ရပါမယ်။

လေဗာကူဆင် - အော့စ်ဘတ် နောက်ဆုံးတွေ့ဆုံမှု
၁၆-၂-၁၃ လေဗာကူဆင် ၂-၁ အော့စ်ဘတ်

လေဗာကူဆင်ဟာ အိမ်ကွင်းရှုံးပွဲ လုံးဝမရှိသေးတဲ့အသင်းဆိုတာ ဂရု ထားရပါလိမ့်မယ်။ အစဉ်
အလာအရ လည်း လေဗာကူဆင်ကို အော့စ်ဘတ်နိုင်ဖို့မလွယ်ပါဘူး။ လေဗာကူဆင်ရဲ့ နှစ်သင်း
ပေါင်းသွင်းဂိုးအများဖြစ်လိမ့်မယ်လို့ ထင်နေမိပါတယ်။

၀ုဖ်ဘတ် - ၀ါဒါဘရီမင် နောက်ဆုံးတွေ့ဆုံမှု
၂၀-၄-၁၃ ၀ါဒါဘရီမင် ၀-၃ ၀ုဖ်ဘတ်
ရမှတ် ၁၂ မှတ်ချင်း တူညီပြီး အမှတ် ပေးဇယားမှာ အထက်/အောက် ရပ်တည်နေတဲ့အသင်းတွေ
မို့ ပြိုင်ဆိုင် မှုပြင်းထန်ပါလိမ့်မယ်။ ဒါပေမဲ့ ၀ုဖ်ဘတ် ရဲ့အိမ်ကွင်းမှာ သရေတစ်မှတ် ၀ါဒါဘရီမင်
ယူပါလိမ့်မယ်။

မိန့်ဇ် - ဘရောက်ချ် နောက်ဆုံးတွေ့ဆုံမှု
၁-၇-၁၁ ဘရောက်ချ် ၀-၁ မိန့်ဇ်

တန်းဆင်းဇုန်ထဲမှာရောက်နေတဲ့ ဘရောက်ချ်ကို မိန့်ဇ်အိမ်ကွင်းမှာ အနိုင်ယူမှာသေချာပါတယ်။
ဒါပေမဲ့ မိန့်ဇ်ကလည်း ဂိုးသွင်းအား သိပ်ကောင်း တဲ့ အသင်းမဟုတ်တာကြောင့် ဂိုးတော့
မပြတ်နိုင်ပါဘူး။



ဖတ်ရှုမှုအများဆုံး