ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့မှပူး ပေါင်း ဖွင့်လှစ်
ခဲ့သော FIFA 11 for Health Program ၏ သင်တန်း ဆင်းပွဲအခမ်းအနားကို ပြီးခဲ့သည့် အောက်
တိုဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Sky Star Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အားကစား ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်း ထိုက် တက်ရောက်ခဲ့ပြီး
အဖွင့်အမှာ စကားပြောကြားခဲ့သလို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)မှ Chief Medical Officer
Prof. Jiri Dvorak က သင်တန်းဖွင့်လှစ်ခဲ့ခြင်းနှင့်ပတ်သက်၍ ၂၀၁၃ မှ ၂၀၂၂ ထိ ဆက်လက်
ဆောင်ရွက်သွား မည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် သင်တန်းတက်ရောက်ခဲ့သူများကို အောင်လက်မှတ်များပေးအပ်ခဲ့သည်။ အဆိုပါသင်
တန်းသို့ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းပေါင်း ၃၀ မှ သင်တန်းဆရာ ၃၀ ဦး တက်
ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၁,၀၀၀ ခန့်ကို လေ့ကျင့်ပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံ သည် 11 for Health Program အတွက် အာရှတိုက်တွင် ပထမဦးဆုံး အဖြစ် ရွေးချယ်ခံရသော နိုင်ငံဖြစ်ပြီး နောက်နှစ်များတွင်လည်း နိုင်ငံတစ်ဝန်း လုံးရှိ ကျောင်းများ
တွင် သင်တန်းများ ပို့ချသွားမည်။














