အာဆင်ဝင်းဂါးဖြေဆိုမယ့် နောက်ထပ်အမေးပုစ္ဆာ

အာဆင်ဝင်းဂါးဖြေဆိုမယ့် နောက်ထပ်အမေးပုစ္ဆာ

ပရီမီယာလိဂ် ချန်ပီယံဖလားနဲ့ ဆယ်စုနှစ် တစ်စုနီးပါး ဝေးကွာနေတဲ့ အာဆင် နယ်ဟာ ဒီရာသီမှာ
ချန်ပီယံဖလားကို ပြန်လည်ရယူနိုင်မလားဆိုတာ အာဆင် ၀င်းဂါးကို ထပ်ထပ်အခါခါ မေးမြန်း ခံ
နေရတဲ့ မေးခွန်းဖြစ်ပါတယ်။

အခု တော့ အာဆင်နယ်ပရိသတ်တွေဟာ ယုံကြည်မှုတစ်ခုတော့ စတင်ဝင်လာ ခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးနဲ့ မကစား ရခင်အထိ အာဆင်နယ်ဟာ ပရီမီယာ လိဂ်ကို ဦးဆောင်နေသည့်တိုင်အောင်
ယုံကြည်မှုက ခပ်နည်းနည်းသာရှိနေခဲ့ကြတာပါ။

ဘာကြောင့်လဲဆိုတော့ အာဆင်နယ်ဟာ ထိပ်တန်းအသင်းကြီးတွေနဲ့ ကစားရခြင်းမရှိသေးတာ
ကြောင့် မေးခွန်းထုတ် သံသယဝင်နေခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီကြားထဲမှာ တကယ်ပြိုင်ဆိုင်အား
ကြီးတဲ့အသင်းကြီးတွေဖြစ်တဲ့ ဒေါ့မွန်ကို အိမ်ကွင်းမှာ ရှုံး၊ ချယ်လ်ဆီးကို အိမ်ကွင်းရှုံးဆိုတဲ့ ဖလား
ပွဲတွေရဲ့ ရလဒ်ဆိုးတွေက ပေါ်ပေါက်ခဲ့တော့ အာဆင်နယ်ကို မယုံမရဲဖြစ်နေကြတာပဲဖြစ်ပါတယ်။

အခု တော့ လီဗာပူးကို အကောင်းဆုံးခြေစွမ်း နဲ့ အနိုင်ရလိုက်တဲ့အခါမှာတော့ ယုံကြည်မှုအလင်း
ရောင်က စတင်လင်းလက်လာပြီဖြစ်ပါတယ်။ ၁၀ ပွဲကစားပြီးချိန်မှာ အာဆင်နယ် ဟာ ပွဲဦးထွက်
မှာဗီလာကိုရှုံးနိမ့်ပြီး နောက်ပိုင်း ကိုးပွဲဆက်တိုက်ရှုံးပွဲမရှိကစားထားပြီး အမှတ်ပေးဇယားကို ဦး
ဆောင်နေခဲ့တာပါ။

ဒီလိုအချိန်မှာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ချယ်လ်ဆီး၊ မန်စီးတီး၊ မန်ယူတို့ဟာခြေမမှန်ဘဲ နိုင်လိုက်၊
ရှုံးလိုက်၊ သရေကျလိုက်နဲ့ ဖြစ်နေတာက အာဆင်နယ်အနေနဲ့ ချန်ပီယံဖြစ်ဖို့အတွက် မျှော်လင့်လို့
ရနိုင်တဲ့ အနေအထားမျိုးပဲဖြစ်ပါ တယ်။ ကိုးပွဲဆက်တိုက်ရှုံးပွဲမရှိကစား ထားခြင်းဆိုတာ အာဆင်နယ်ရဲ့ ခြေစွမ်းတည်ငြိမ်ခြင်းကြောင့်ဆိုတာက တော့ ငြင်းလို့မရတဲ့အချက်ဖြစ်လာခဲ့ပြီဖြစ်
ပါတယ်။

အခုဆိုရင် အာဆင် နယ်ဟာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ စပါး၊ လီဗာပူးတို့ကို အိမ်ကွင်းမှာ အနိုင်
ကစားထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်ပွဲ မှာ ထူးခြားနေတာက အာဆင်နယ်ဟာ ပေးဂိုးမရှိ ကစား
ထားခြင်းပဲ ဖြစ်ပါ တယ်။ ဂိုးသွင်းစွမ်းရည်အပြင် ခံစစ် စွမ်းရည်ပါ ကောင်းနေတဲ့အချက်က အာဆင်
နယ်ကိုယုံကြည်စရာဖြစ်လာ စေမှုပဲ ဖြစ်ပါတယ်။ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ ချယ်လ်ဆီးဟာ
၁၀ ပွဲ မှာ နှစ်ပွဲရှုံးနိမ့်ထားပြီးဖြစ်ပါတယ်။ ရှုံးတဲ့ပွဲတွေက အဝေးကွင်းပွဲတွေဖြစ် နေပြီး ရှုံးတဲ့အသင်း
တွေက အလယ် အလတ်အသင်းတွေဖြစ်တဲ့ အဲဗာတန်၊ နယူးကာဆယ်တို့ကိုဖြစ်ပါတယ်။


 

မန်ယူ၊ စပါးတို့ကိုသရေသာကစား ထားနိုင်ခဲ့ပါတယ်။ ဒီအခြေအနေက မော်ရင်ညိုဟာ ပရီမီယာ
လိဂ်မှာ ချန်ပီယံဖြစ်နိုင်ပါ့မလားဆိုတာမေးခွန်း ထုတ်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ဒုတိယနေရာက
ရေပန်းစားနေတဲ့မန်စီးတီးကျတော့လည်း အိမ်ကွင်းကစားပုံကောင်းသလောက် အဝေးကွင်းမှာ
ဘာမဟုတ်တဲ့အသင်းတွေ ဖြစ်တဲ့ ကာဒစ်ဖ်၊ဗီလာတို့ကို ရှုံးခဲ့တာ က ချယ်လ်ဆီးကိုရှုံးတာထက်
ကို အထိနာမှုပဲဖြစ်ပါတယ်။

ဒီအတွက်လည်းပယ်လီဂရီနီကို မေးခွန်ထုတ်စရာပဲဖြစ် ပါတယ်။ အဲဒီတော့ အာဆင်ဝင်းဂါး ကို
ချန်ပီယံဖြစ်နိုင်ပါ့မလား မေးခွန်း ထုတ်ကြခြင်းနဲ့ မော်ရင်ညို၊ ပယ်လီဂရီနီတို့ကို မေးခွန်းထုတ်ကြခြင်း
ကို ယှဉ်ကြည့်လိုက်ရင် အာဆင်ဝင်းဂါးဟာအတက်ဆီကို သွားနေပြီး မော်ရင်ညို၊ ပယ်လီဂရီနီတို့
ဟာ ရုန်းကန်ခြင်းဆီကိုသွားနေတယ်ဆိုတာကိုတွေ့ကြရမှာပဲဖြစ်ပါတယ်။

"သင့်အနေနဲ့အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းနေပြီဆိုရင် သင့်ရဲ့ယုံကြည်မှုကလည်း အမြင့်ဆုံးဖြစ်
လာတော့မှာ ပါပဲ။ အဲဒီတော့ အားလုံးကိုကျော်ဖြတ် ဖို့အတွက်လည်း လွယ်ကူလာတယ်"ဒါက
တော့ ကွင်းလယ်ကစားသမားအာတီတာရဲ့ စကားပဲဖြစ်ပါတယ်။ "လွန်ခဲ့တဲ့ နှစ်ကာလတွေတုန်း
က တော့ ကျွန်တော်တို့ဟာ နည်းစနစ်ပိုင်း အကောင်းဆုံးနဲ့ ကစားနေပေမယ့် ဖြတ်သန်းရတဲ့အခါ
မှာတော့ ရုန်းကန်ခဲ့ကြရပါတယ်။ အခုနှစ်ကျတော့ အဲဒီလို မဟုတ်တော့ဘဲ စိတ်ဓာတ်အားကောင်း
လာခဲ့ကြတယ်။ အိုဇေးလ်၊ ဖလာမီနီတို့ ရောက်လာမှုနဲ့ဆက်စပ်နေတာပေါ့။ သူတို့ ရောက်လာမှုမှာ
အားလုံးကိုစိန်ခေါ်နိုင်ဖို့ ယုံကြည် မှုပိုကောင်းလာ တယ်။အသင်း က ပိုတောင့် တင်းလာတယ်"လို့
ဆက်ဂ်နာကပြောဆို ခဲ့ပါတယ်။

ဒီစကား တွေက အသင်းရဲ့ ကစားသမားတွေစိတ်ဓာတ်ရေးရာ ကောင်းလာတာ၊ ယုံကြည်မှုပိုကောင်း
လာတဲ့အနေအထား ကိုပြနေတာပဲဖြစ်ပါတယ်။အာဆင်နယ်ကစားသမားတွေ စိတ်ဓာတ်စွမ်းရည်မြင့်
တက်လာနေပြီ ဖြစ်ပါတယ်။ ဒီ အချက်က သတိထား စရာပဲဖြစ်ပါတယ်။ အရင်ကဆိုရင် သူတို့ရဲ့
လုံလောက်တဲ့ ကစားသမားမရှိ ခြင်းအောက်မှာ သူတို့ကိုယ်သူတို့ အားလျော့နေခဲ့ကြပါတယ်။

အခုဒီလို မဟုတ်တော့တာ က အာဆင်နယ် ရဲ့ အပြောင်းအလဲ ပဲဖြစ်ပါတယ်။ပရီမီယာလိဂ် ၁၀ ပွဲ
ကစားထားအပြီး မှာ ပွဲတိုင်းကို ဂိုးသွင်းနိုင်တဲ့အသင်းဆိုလို့ အာဆင်နယ်တစ်သင်းပဲရှိတာ က
အာဆင်နယ်တိုက်စစ်ကောင်းခြင်းနဲ့ စုစည်းမှုရှိခြင်းတို့ကြောင့်သာပဲဖြစ် ပါတယ်။

အာဆင်နယ်ထက်ပိုပြီး ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ချယ်လ်ဆီး၊ မန်စီးတီးတို့ဟာ
ဂိုးမသွင်းနိုင်တဲ့ပွဲတွေ ရှိခဲ့သလို လက်ရှိ ချန်ပီယံမန်ယူနဲ့ လီဗာပူး၊ စပါးတို့ဟာ လည်း ဂိုးမသွင်းနိုင်
တဲ့ပွဲတွေရှိနေခဲ့ပါ တယ်။ အခုမှ ၁၀ ပွဲသာရှိသေးတဲ့အတွက် ဖြတ်သန်းဖို့ကအများကြီးကျန်နေသေး
တာမှန်ပေမယ့် အခြေအနေတစ်ခုအောက်ကနေ သုံးသပ်ကြည့်လိုက်ရင် အာဆင်နယ်ဟာ ချန်ပီယံ
ဖြစ်နိုင်ခြေအရှိဆုံးအသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပထမရာသီဝက်ဖြတ်သန်းရာ မှာ အဓိက
ပွဲကြီးတွေဖြစ်တဲ့ မန်ယူ၊ချယ်လ်ဆီး၊ မန်စီးတီး၊ အဲဗာတန်ဆိုတဲ့ လေးပွဲကိုကျော်လွှားနိုင်ဖို့တော့
ကျန်ရှိ လျက်ရှိနေပါတယ်။ ဒီလေးပွဲကို ဖြတ်သန်းနိုင်မလားဆိုတာပဲ စိတ်ဝင်စားစရာဖြစ်နေခဲ့ပါ
တယ်။

အခုလာမယ့်အပတ်မှာတင် အာဆင်ဝင်းဂါးအတွက် အမေးပုစ္ဆာတစ်ခုပေါ်ထွက်လာနေပြီ ဖြစ်ပါ
တယ်။ လီဗာပူးကို ပြီးခဲ့တဲ့အပတ် က အိမ်ကွင်းမှာ ၂ဪဝ နဲ့အနိုင်ယူအပြီး အခုအပတ်မှာ မန်
ယူနဲ့အဝေးကွင်း မှာ ကစားရတော့မှာကြောင့်ပဲ ဖြစ်ပါတယ်။ အခုပွဲမှာ မန်ယူကိုသာ ကျော် ဖြတ်
လိုက်နိုင်ရင်တော့ အာတီတာ၊ဆက်ဂ်နာတို့ရဲ့ ယုံကြည်မှုတွေကပိုပြီး မြင့်မားသွားတော့မှာ သေချာ
နေတဲ့ပွဲ ဖြစ်လာတော့မှာပဲဖြစ်ပါတယ်။ လီဗာပူး ကို အနိုင်ရတဲ့ပွဲမှာ ဆွာရက်ဇ်၊ စတား ရစ်ချ်တို့ရဲ့
ထိုးဖောက်မှုတွေကိုအကောင်းဆုံထိန်းချုပ်နိုင်ခဲ့တဲ့ အာဆင်နယ်နောက်တန်းဟာ အခုမန်ယူပွဲမှာ
အာဆင်နယ်ကစားသမားဟောင်း ဗန်ပါစီနဲ့ ရွန်နေတို့ကို ထပ်မံထိန်းချုပ် နိုင်ဖို့ အရေးကြီးလာနေပြီ
ဖြစ်ပါတယ်။

ဗန်ပါစီရော၊ ရွန်နီပါ ပြီးခဲ့တဲ့အပတ်က ဖူလ်ဟမ်ကို အနိုင်ဂိုးတွေသွင်းသွား နိုင်ခဲ့ကြပါတယ်။
အာဆင်ဝင်းဂါးကတော့ "လက်ရှိမှာ ချယ်လ်ဆီး၊ လီဗာပူး၊ စပါးတို့ကို ငါးမှတ်ဖြတ်ထား၊ မန်စီးတီး
ကို ခြောက်မှတ်ဖြတ်ထား နိုင်ပြီဖြစ်ပေမယ့် ဒီထက်ပိုပြီး အမှတ် ဖြတ်နိုင်ဖို့တော့ လိုနေသေးတယ်''
လို့ ဆိုထားပါတယ်။

အာဆင်ဝင်းဂါးမှာ သတိရှိထားတယ်ဆိုတဲ့စကားပဲဖြစ်ပါတယ်။ ချယ်လ်ဆီး၊ မန်စီးတီး၊ လီဗာပူး၊
မန်ယူတို့ဟာ အာဆင်နယ်ထက်စာရင် မမှားသင့်တဲ့အမှားတွေပိုများနေတာ ကလည်း အာဆင်
နယ် အခုလိုငါးမှတ် ဖြတ်ဖို့ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ပွဲဦးထွက်မှာ ဗီလာကို မမှားသင့်တဲ့ အမှား
ကျူးလွန်ပြီးနောက်ပိုင်း မမှား တော့တဲ့ အာဆင်နယ်ဟာ မမှားသင့်တဲ့အမှားတွေ အကြိမ်ကြိမ်ကျူး
လွန်ထား တဲ့ ဒေးဗစ်မိုယက်စ်ထံကနေ အမှတ် ပြည့်ရယူနိုင်ဖို့တော့ လိုအပ်လာနေပြီ ဖြစ်ပါတယ်။

ဖာဂူဆန်အလွန်မန်ယူက အိမ်ကွင်း မှာ ၀က်စ်ဘရွန်းကိုရှုံး၊ ဆောက်သမ် တန်ကိုသရေကျ ဆိုတာ
မျိုးတွေဖြစ် ခဲ့တဲ့အတွက်လည်း အာဆင်နယ် အနေနဲ့ စိတ်ဓာတ်ပိုင်းအားသာချက် ပဲဖြစ်ပါတယ်။
ကွင်းလယ်ဟာ အာဆင် နယ်ရဲ့ အဓိကအားထားရာဖြစ်ပါတယ်။ အထောင်တိုက်စစ်နောက်မှာ
ကွင်းလယ် က တိုက်စစ်ရဲ့ နေရာစုံမှာ ဖိအားပေး ကစားနေခဲ့တာပါ။

အခုဆိုရင် အာဆင် နယ်ဟာ နောက်ဆုံးနှစ်ပွဲမှာ ပေးဂိုးမရှိကစားထားပြီး တစ်ပွဲကို နှစ်ဂိုးနှုန်းသွင်း
ထားပြီဖြစ်ပါတယ်။ အိုဇေးလ်၊ ကာဇို လာဟာ ပစ်မှတ်ဖြစ်လာပေမယ့် ရမ်ဆေးရဲ့ရာသီလို့တောင်
ဆိုရလောက် အောင် ရမ်ဆေးဟာ အကောင်းဆုံး ကစားနေခဲ့ပါတယ်။ နောက်ဆုံးကစားထားတဲ့
အာဆင်နယ်ရဲ့ ခြောက်ပွဲမှာ ရမ်ဆေးဟာ ငါးဂိုးသွင်းပြီး သုံးဂိုး ရအောင် ဖန်တီးပေးထားပြီဖြစ်တာ
က မန်ယူကိုယှဉ်နိုင်တဲ့ အသင်းလိုက် ကွင်းလယ်အားဖြစ်နေခဲ့ပါတယ်။ အာဆင်ဝင်းဂါးကို ရမ်ဆေး
နဲ့ပတ်သက် ပြီး အခုလို မေးမြန်းထားခဲ့ပါတယ်။ "ရမ်ဆေးဟာ ဖာဘရီဂတ်စ်လက်သစ် လား"ဆိုပြီး
မေးတာပါ။

ဒါကိုဝင်းဂါးက အခုလိုပြန်ဖြေပြီး ရမ်ဆေးရဲ့စိတ်ဓာတ် ကို မြှင့်တင်ပေးခဲ့ပါတယ်။ "ဖာဘရီ ဂတ်စ်
လက်သစ်မဟုတ်ပါဘူး။ ကစားပုံ တွေက မတူပါဘူး။ ရမ်ဆေးက ပိုကောင်းတဲ့သူဖြစ်ပါတယ်"လို့
ဖြေ သွားတာပါ။ ၀င်းဂါးရဲ့ စိတ်ဓာတ် မြှင့်တင်ပေးလိုက်မှုဟာ ရမ်ဆေး အတွက်တော့ ယုံကြည်မှု
ပိုရသွားစေ နိုင်မှာ သေချာနေပါတယ်။ အိမ်ကွင်းမှာ ချယ်လ်ဆီးကို ဂိုးမရှိသရေကစားသွား နိုင်တဲ့
မန်ယူဟာ အခုအာဆင်နယ်ကို ဘယ်လိုကစားမလဲ၊ ပွဲကြီးသုံးပွဲကစား အပြီးမှာ လက်ရှိချန်ပီယံမန်
ယူဟာ ဂိုးသွင်းနိုင်ခြင်း မရှိသေးခြင်းကို အာဆင်နယ်ပွဲမှာ ဖျက်ဆီးနိုင်မလား၊ အာဆင်ဝင်းဂါးဟာ
လီဗာပူးကို အနိုင် ယူပြီးနောက်မှာ ထပ်မံပြီး ပွဲကြီးတစ်ပွဲကို အနိုင်ယူဦးမလားဆိုတာက စိတ်ဝင်
စားဖွယ်ကောင်းနေပါတယ်။

ဒီပွဲကို သာ အာဆင်ဝင်းဂါးအနိုင်ရလိုက်ရင် တော့ သူ့ကိုမေးနေတဲ့မေးခွန်းတွေဟာ ဆိတ်သုဉ်း
သွားမယ့် အခြေအနေကို ရောက်သွားဖွယ်ဖြစ်လာနေပါရဲ့။



ဖတ်ရှုမှုအများဆုံး