ဒီတစ်ပတ်မှာ အသင်းကြီးတွေ ခက်ခဲမယ် - ပရီမီယာလိဂ်ပွဲစဉ်(၁၁)

ဒီတစ်ပတ်မှာ အသင်းကြီးတွေ ခက်ခဲမယ် - ပရီမီယာလိဂ်ပွဲစဉ်(၁၁)

လီဗာပူး - ဖူလ်ဟမ်
ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ကိုရှုံးသွားလို့ လီဗာပူးအထိနာသွားတာကို ဒီပွဲနဲ့ပြန်ပြီး အချိန်မီ
ကုစားမယ့်ပွဲဖြစ်ပါတယ်။ ဖူလ်ဟမ်ကတော့ ဒီရာသီမှာ ထိပ်သီးတွေကို အခက်တွေ့အောင်
မကစားနိုင်ပါဘူး။ လီဗာပူးတိုက်စစ်ကို ဖူလ်ဟမ်ဘယ်နည်းနဲ့မှ ထိန်းနိုင်မှာမဟုတ်ပါဘူး။ လီဗာ
ပူးအနိမ့်ဆုံး နှစ်ဂိုးပြတ်အနိုင်ရပါလိမ့်မယ်။

ချယ်လ်ဆီး - ၀က်စ်ဘရွန်း
မော်ရင်ညိုကတော့ ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်ကိုရှုံးလို့ အထိနာသွား ရပြီဖြစ်ပါတယ်။
၀က်စ်ဘရွန်းက မန်ယူကိုနိုင်၊ အာဆင်နယ်ကိုသရေကစား ထားခဲ့ပြီးလီဗာပူးကို ဂိုးပြတ်ရှုံးထား
ပေမယ့် ကစားပုံကပျက်သွားတာမျိုးမရှိ တဲ့အသင်းဖြစ်နေပါတယ်။ ၀က်စ်ဘရွန်းက နေရမယ့်ပွဲ
ဖြစ်ပါတယ်။

စပါး - နယူးကာဆယ်
စပါးအသင်းတိုက်စစ်က ဖိအားပေးကစားနိုင်ပေမယ့် အဆုံးသတ်ဂိုးသွင်း အားမှာတော့ ကျဆင်း
သွားတာကို သတိထားသင့်ပါတယ်။ ဒါပေမဲ့ နယူးကာ ဆယ်က တိုက်စစ်စွမ်းရည်မြင့်နေတဲ့
အသင်းဖြစ်လို့ ဒီပွဲမှာစပါးခံစစ်ဟာ ဂိုးပေးရနိုင်ခြေရှိနေပါတယ်။ နယူးကာဆယ်က နေရမှာဖြစ်ပါ
တယ်။

ဆန်းဒါးလန်း - မန်စီးတီး
ချယ်လ်ဆီးကို ရှုံးတဲ့ပွဲမှာလည်းမန်စီးတီးကောင်းခဲ့သလို နော်ဝစ်ချ်ပွဲမှာလည်း မန်စီးတီးဟာ မတူညီ
တဲ့ကစားသမားခြောက်ဦးက တစ်ဂိုးစီသွင်းသွားခဲ့ကြပါ တယ်။ ဆန်းဒါးလန်းက တန်းဆင်းဇုန်ထဲမှာ
ရှိပေမယ့် နည်းပြအပြောင်းအလဲအောက်မှာ ကစားပုံပြောင်းနေပါတယ်။ ဆန်းဒါးလန်းက နေရမှာ
ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် - အဲဲဗာတန်
အဲဲဗာတန်ကတော့ နည်းပြပြောင်းထားလည်း ကစားပုံက ကောင်းနေဆဲပဲ ဖြစ်ပါတယ်။ ဒါပေမဲ့
ခရစ္စတယ်အိမ်ကွင်းဆိုတာကို ထည့်တွက်ထားရပါမယ်။ သရေကျနိုင်တဲ့ တစ်ပေါက်ရှိနေပါတယ်။
အဲဗာတန်ကို မယုံသင့်ပါဘူး။

မန်ယူ - အာဆင်နယ်
အရင်က မှတ်တမ်းတွေကြည့်လိုက်ရင် မန်ယူက အာဆင်နယ်ကို အသာစီး ကစားနိုင်တာကိုတွေ့
ရမှာပါ၊အခု အဲဒီမှတ်တမ်းတွေကို မှီခိုလို့မရပါဘူး။ ကွင်းလယ်ကစားအားမှာ မန်ယူဟာ အာဆင်
နယ်ကို မယှဉ်နိုင်ပါဘူး။ မန်ယူ ခက်ခဲမယ့်ပွဲဖြစ်ပါတယ်။ အာဆင်နယ်ကိုရွေးရမှာဖြစ်ပါတယ်။

ဆောက်သမ်တန် - ဟားလ်စီးတီး
ဆောက်သမ်တန်ကတော့ အကောင်းဆုံးခံစစ်နဲ့ အကောင်းဆုံးတိုက်စစ်ကို ကစားနေတဲ့အသင်းဖြစ်
ပါတယ်။ ဟားလ်စီးတီးကျတော့ အဝေးကွင်းရောက်ရင် ခံစစ်ကစားတာ ပိုအားသန်တယ်။ ဒီပွဲဟာ
သရေနဲ့အဆုံးသတ်သွားနိုင်ပါတယ်။

ဗီလာ - ကာဒစ်ဖ်
တိုက်စစ်အားကောင်းတဲ့နေရာမှာတော့ ဗီလာက ပိုကောင်းနေပါတယ်။ ကာဒစ်ဖ်ဟာ နောက်ဆုံး
ကစားထားတဲ့ အဝေးကွင်းလေးပွဲမှာ ရှုံးပွဲမရှိကစားထားပါတယ်။ ဗီလာကို ကြိုက်ပါတယ်။

နော်ဝစ်ချ် - ၀က်စ်ဟမ်း
နော်ဝစ်ချ်ကတော့ တော်တော်အခြေအနေဆိုးနေပါတယ်။ ၀က်စ်ဟမ်းက အဝေးကွင်းမှာ ခံစစ်ပို
ကောင်းတဲ့အသင်းဖြစ်ပေမယ့် တိုက်စစ်မှာက တော်တော် အားနည်းပါတယ်။ ခြေသိပ်မကွာတဲ့
အတွက် အိမ်ရှင်ဘက်ကနေရမယ့်ပွဲပါ။

ဆွမ်ဆီး - စတုတ်
ဆွမ်ဆီးဟာ ပြီးခဲ့တဲ့အပတ်က ဝေးလ်ဒါဘီပွဲမှာ ရှုံးပွဲတွေ့သွားလို့ ဒီပွဲမှာ နိုင်ပွဲ ပြန်ရှာပါလိမ့်မယ်။
စတုတ်ကတော့ ပြီးခဲ့တဲ့အပတ်ကလည်း အိမ်ကွင်းမှာ သရေသာ ကစားထားနိုင်ပါတယ်။ ဆွမ်ဆီး
ကိုကြိုက်ပါတယ်။



ဖတ်ရှုမှုအများဆုံး