လာမည့် ဒီဇင်ဘာလတွင်မြန်မာနိုင်ငံ၌အိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက်
ဆီးဂိမ်းပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့က
နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲစဉ်များ အပြီးတွင် အိမ်ရှင်မြန်မာယ-၂၃အသင်းသည် အုပ်စု(ခ)
တွင် အင်ဒိုနီးရှား၊ အရှေ့တီမော၊ ကမ္ဘောဒီးယား၊ ထိုင်းအသင်းတို့နှင့် ကျရောက်နေပြီး လက်ရှိ
ချန်ပီယံမလေးရှားအသင်းသည် လာအို၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာ ပူအသင်းတို့နှင့်
အုပ်စု(က)တွင် တစ်အုပ်စုတည်းကျ ရောက်လျက်ရှိသည်။
အုပ်စု(က)တွင် ကျရောက်ခဲ့သော ဖိလစ်ပိုင်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် မပါ၀င်နိုင်ကြောင်း
တရားဝင် စာတင်၍ အကြောင်းကြားလာခဲ့ခြင်းကြောင့် အုပ်စု(က)တွင် အသင်း ငါးသင်းသာ
ပါ၀င်ယှဉ် ပြိုင်သွားမည်ဖြစ်သည်။
အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အိမ်ရှင် မြန်မာအမျိုးသမီးအသင်းသည် အုပ်စု(က)တွင် ဖိလစ်ပိုင်၊
အင်ဒိုနီးရှား၊ ဗီယက်နမ်တို့နှင့်ကျရောက်နေပြီး အုပ်စု(ခ)တွင် ထိုင်း၊ လာအို၊ အရှေ့ တီမော၊
မလေးရှားအသင်းတို့ ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။














