ပြီးခဲ့တဲ့ ပွဲစဉ်(၁၁)မှာ ဘိုင်ယန်မြူးနစ်ဟာ ဟော့ဖန်ဟိမ်းကို ပွတ်ကာသီကာနဲ့ အနိုင်ရခဲ့သလို
ဒေါ့မွန်ကလည်း စတုဂတ်ကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ဒီတစ်ပတ်မှာတော့ ဘိုင်ယန်၊ လေဗာကူ
ဆင်တို့ဟာ အိမ်ကွင်းမှာဧည့်ခံကစားရမှာမို အခက်အခဲမရှိနိုင်ပြီး ဒေါ့မွန်ကတော့ ၀ုဖ်ဘတ်ကွင်း
မှာ သွားကစားရမှာမို့ ပွဲကျပ်ကစားရနိုင်ပါတယ်။
ဟန်နိုဗာ-ဘရောက်ချ် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၂၅-၁၀-၇၅ ဘရောက်ချ် ၃-၂ ဟန်နိုဗာ
ဟန်နိုဗာဟာ အဆင့်(၁၁)မှာ ရပ်တည်နေပြီး ဘရောက်ချ်ကတော့ ဇယားကြမ်းခင်းမှာ ရှိနေတုန်း
ပါပဲ။ ဟန်နိုဗာအိမ်ကွင်းမှာ လေးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးထားပါတယ်။ တန်းတက်ဘရောက်ချ်
က အဝေးကွင်း မှာ တစ်ပွဲပဲနိုင်ပြီး လေးပွဲရှုံးထားတာကြောင့် လက်ရှိရစ်သမ်အရ ဟန်နိုဗာကိုပဲ
အားပေးသင့်ပါတယ်။
ဘိုင်ယန်မြူးနစ်-အော့စ်ဘတ် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၁၁-၅-၁၃ ဘိုင်ယန် ၃-၀ အော့စ်ဘတ်
ဘိုင်ယန်နဲ့ အော့စ်ဘတ်တွေ့ဆုံမှု မှာ ဘိုင်ယန်အိမ်ကွင်းမှာတော့ အော့စ်ဘတ်မယှဉ်နိုင်ခဲ့ပါဘူး။
၃-၀၊ ၂-၁ နဲ့ နိုင်ခဲ့တဲ့ ရလဒ်တွေက ဘိုင်ယန် မြူးနစ်ကို ကြိုက်ချင်စရာကောင်းနေပါ တယ်။
နောက်ဆုံးငါးကြိမ်တွေ့ဆုံမှုမှာ လည်း ဘိုင်ယန်မြူးနစ်သာအနိုင်ရထား တာမို့ ဘိုင်ယန်ဘက်ကပဲ
ရပ်တည်သင့် ပါတယ်။
ရှော်လ်ကေး-၀ါဒါဘရီမင် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၆-၄-၁၃ ၀ါဒါဘရီမင် ၀-၂ ရှော်လ်ကေး
အိမ်ရှင်ဝါဒါဘရီမင်က အဆင့်(၈)မှာ ရပ်တည်နေပြီး ရှော်လ်ကေးက အဆင့်(၆)မှာ ရပ်တည်နေ
ပါတယ်။ အမှတ်ကွာခြားချက်ကလည်း နှစ်မှတ် သာရှိလို့ ပြိုင်ဆိုင်မှု ပြင်းထန်မယ့်ပွဲ ဖြစ်လာပါ
လိမ့်မယ်။ အစဉ်အလာအရ ရှော်လ်ကေးဘက်ကပဲ ရပ်တည်ရပါ လိမ့်မယ်။
လေဗာကူဆင်-ဟမ်းဘတ် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၁၈-၅-၁၃ ဟမ်းဘတ် ၀-၁ လေဗာကူဆင်
လေဗာကူဆင်အနေနဲ့ အဝေးကွင်း မှာ ဘရောက်ချ်ကို ရှုံးထားတဲ့အတွက် ဒီပွဲမှာ အမှားခံမှာ
မဟုတ်တော့ပါဘူး။ ဒါပေမဲ့ အခုပွဲမတိုင်မီ ချန်ပီယံလိဂ် ကစားခဲ့ရလို့ ပွဲပန်းနေတာကိုတော့ ထည့်
တွက်သင့်ပါတယ်။ လေဗာ ကူဆင် တစ်ဂိုးအသာနဲ့ နိုင်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။
၀ုဖ်ဘတ်-ဒေါ့မွန် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၁၁-၅-၁၃ ၀ုဖ်ဘတ် ၃-၃ ဒေါ့မွန်
အဆင့်(၅) နေရာမှာ ရပ်တည်နေတဲ့ ၀ုဖ်ဘတ်ဟာ အခုလက်ရှိရာသီမှာ အိမ်ကွင်းရလဒ်တွေအဖြစ်
လေးပွဲနိုင်၊ တစ်ပွဲပဲ ရှုံးထားပါတယ်။ ဒေါ့မွန်ရဲ့ အဝေးကွင်းရလဒ်တွေကိုပြန်ကြည့်ရင် သုံးပွဲနိုင်၊
တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြစ် ထားတာမို့ ဒေါ့မွန်ရဲ့ အဝေးကွင်းရလဒ်ကို သံသယဖြစ်မိပါတယ်။
ဒေါ့မွန် ခက်ခက်ခဲခဲ ကစားရမယ်လို့ ထင်ပါ တယ်။
ဟော့ဖန်ဟိမ်း-ဟာသာဘာလင် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၅-၅-၁၂ ဟာသာဘာလင် ၃-၁ ဟော့ဖန်ဟိမ်း
ဟာသာဘာလင်နဲ့ ဟော့ဖန်ဟိမ်းတို့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဟော့ဖန် ဟိမ်းကွင်းမှာတော့
နောက်ဆုံးနှစ်ကြိမ် တွေ့ဆုံရာမှာ ဟော့ဖန်ဟိမ်း တစ်ကြိမ် ပဲ ရှုံးခဲ့ဖူးပါတယ်။ ဟော့ဖန်ဟိမ်းရဲ့
အဝေးကွင်းရလဒ်တွေ ကောင်းနေပေမယ့် အိမ်ကွင်းရလဒ်က ၃-၃၊ ၁-၂၊ ၁-၂ ဖြစ်ထားတဲ့အတွက်
ဟာသာ ဘာလင်ဘက်က နေကြည့်ချင်ပါတယ်။
မိုချင်ဂလက်ဘက်-နုရင်ဘတ် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၁၇-၇-၁၃ နုရင်ဘတ် ၀-၃ မိုချင်ဂလက်ဘက်
နုရင်ဘတ်ဟာ တန်းဆင်းဇုန်ထဲကို ကျရောက်နေပြီး အဝေးကွင်းနိုင်ပွဲ တစ်ပွဲမှလည်း ရှိမထား
ပါဘူး။ ဒါကြောင့် အိမ်ကွင်းရှုံးပွဲ လုံးပမရှိသေး တဲ့ မိုချင်ဘက်ကပဲ ရပ်တည်သင့်ပါ တယ်။
မိန့်ဇ်-ဖရန့်ဖတ် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၂၈-၄-၁၃ မိန့်ဇ် ၀-၀ ဖရန့်ဖတ်
အိမ်ရှင်မိန့်ဇ်ဟာ ရမှတ် ၁၃ မှတ်နဲ့ အဆင့်(၁၂)မှာ ရပ်တည်နေပြီး ဖရန့် ဖတ်က ရမှတ် ၁၀ မှတ်နဲ့
အဆင့် (၁၅) မှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ဟာလည်း ပြိုင်ဆိုင် မှုပြင်းထန်
မယ့် ပွဲစဉ်တစ်ခုဖြစ်ပါ တယ်။ ဒီပွဲစဉ်ဟာ သရေရလဒ်ကို ဦးတည်နေတယ်လို့ ထင်ပါတယ်။
ဖရိုင်းဘတ်-စတုဂတ် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၂၆-၉-၁၃ ဖရိုင်းဘတ်၂-၁ စတုဂတ်
ဖရိုင်းဘတ် အိမ်ကွင်းနောက်ဆုံး သုံးကြိမ် စတုဂတ်နဲ့ ရင်ဆိုင်ခဲ့ရာမှာ ၂၀၁၁ စက်တင်ဘာမှာ ရှုံးပြီး
ကတည်း က နောက်ဆုံးနှစ်ကြိမ် မရှုံးတော့ပါဘူး။ အခုလက်ရှိအနေအထားမှာတော့ ဖရိုင်းဘတ်
ဟာ အိမ်ကွင်းမှာ လုံးဝနိုင်ပွဲ မရှိဖြစ်နေပါတယ်။ စတုဂတ်ဟာ အဝေးကွင်းမှာ နှစ်ပွဲနိုင်၊ တစ်ပွဲ
သရေ၊ သုံးပွဲ ရှုံးထားပါတယ်။ စတုဂတ်ကို ကြိုက်ပါတယ်။














