ရီးယဲလ် -ဆိုစီဒက်ပွဲမှာ ဂိုးတွေ အပြိုင်သွင်းကြမယ်ထင်တယ်

ရီးယဲလ် -ဆိုစီဒက်ပွဲမှာ ဂိုးတွေ အပြိုင်သွင်းကြမယ်ထင်တယ်

ရီးယဲလ်မက်ဒရစ် - ဆိုစီဒက်
ဘာစီလိုနာကို ရှုံးပြီးတဲ့နောက်ပိုင်း မှာ ရီးယဲလ်အသင်းရဲ့အနေအထား ဟာ စိတ်လွတ်လက်လွတ်
နည်းနည်းရှိ သွားတဲ့ပုံပါပဲ။ ထိပ်ဆုံးနှစ်သင်းနဲ့ အမှတ်ကွာဟသွားချိန်မှာ ချန်ပီယံလိဂ် ဘက်ကိုပဲ
အဓိကအားစိုက်တော့မယ့်အနေအထားမျိုးဖြစ်လာခဲ့ပြီး လာလီဂါ မှာတော့ ကိုယ်ကစားရမယ့်ပွဲကို
နိုင်အောင်ကစားဖို့သာ အားစိုက်လာ တဲ့ပုံမျိုး တွေ့နေရတယ်။

ဒါကြောင့် လည်း ဘာစီလိုနာကိုရှုံးပြီး နောက်ပိုင်း ဆီဗီလာ၊ ရာယိုတို့နဲ့ ပွဲတွေမှာ ရီးယဲလ် ကစားပုံ
ဟာ တိုက်စစ်ကို ပိုဖွင့်ကစား လာခဲ့ပြီး ဂိုးတွေလည်း ပိုရလာသလို ခံစစ်ပိုင်းကလည်း ပေးဂိုးတွေ
များလာ ခဲ့တာတွေ့ရတယ်။

ဒီလိုပုံစံအတိုင်းပဲ ဆက်ပြီးကစားသွားမယ်ဆိုရင်တော့ ရီးယဲလ်ရဲ့ကစားအားဟာ ကျန်တဲ့ အသင်း
အများစုအတွက် တောင့်ခံ ကစားနိုင်ဖို့ ခက်ခဲတော့မယ့်အခြေ အနေမျိုး ရောက်လာလိမ့်မယ်လို့
ထင်ပါတယ်။

ဒီတစ်ပတ်လည်း အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ရီးယဲလ်အတွက် အခွင့်အရေးပိုရှိနေတယ်လို့
ပြောနိုင် ပေမယ့်လည်း ကစားရမယ့်ပြိုင်ဘက်က ဆိုစီဒက်ဖြစ်နေတဲ့အတွက် ရီးယဲလ် အလွယ်
တကူကျော်ဖြတ်နိုင်ဖို့တော့ လွယ်ကူနိုင်မယ့်ပွဲ မဖြစ်နိုင်ဘူး။

ဆိုစီဒက်ကလည်း အခုနောက်ပိုင်းကစားနေတဲ့ပွဲတွေမှာ ကစားပုံ၊ ကစားနှုန်း ပြီးခဲ့တဲ့ရာသီကလို
ပြန်ဖြစ်လာခဲ့လို့ ရီးယဲလ်အတွက်တော့ အိမ်ရှင် ဆိုပေမယ့် ဆိုစီဒက်ကို ခက်ခက်ခဲခဲ ထိန်းချုပ်
ကစားရမယ့်ပုံပါပဲ။

ဆိုစီဒက်ဟာ ချန်ပီယံလိဂ်မှာ သုံးပွဲကစား၊ သုံးပွဲစလုံးရှုံးထားတဲ့ အချိန်ရောက်မှ လာလီဂါဘက်
ကို ပြန်ပြီးအားစိုက်ကစားလာတာကိုလည်း တွေ့ရတယ်။ ဒါကြောင့်လည်း နောက်ဆုံး ကစားခဲ့
တဲ့ ငါးပွဲမှာ ရှုံးပွဲမရှိတဲ့အပြင် သုံးပွဲအနိုင်ကစားထားခဲ့လို့ ဆိုစီဒက်ရဲ့ ခြေစွမ်းပြန်တက်လာမှုက
သိသာနေတယ်။

အထူးသဖြင့် အဲဒီ လေးပွဲမှာ တိုက်စစ်ပိုင်းက စုစုပေါင်း ၁၂ ဂိုးအထိသွင်းပြီး တစ်ပွဲအနည်းဆုံး
နှစ်ဂိုးနှုန်း သွင်းပြနေနိုင်တာကလည်း ခံစစ်ပိုင်းစိတ်မချရသေးတဲ့ ရီးယဲလ်ကို ခြိမ်းခြောက်နေသလို
ရှိတယ်။

ရီးယဲလ်ကတော့ နောက်ဆုံးကစား ခဲ့တဲ့ သုံးပွဲဆက်တိုက် ဂိုးတွေပေးနေ ရပြီး ပေးဂိုးက ခုနစ်ဂိုး
တောင် ရှိတယ်။ ဘာစီလိုနာကို နှစ်ဂိုး၊ ဆီဗီလာကို သုံးဂိုးနဲ့ ရာယိုကို နှစ်ဂိုးပေးထားရတဲ့ ရီးယဲလ်
ခံစစ်ကစားပုံဟာ လုံးဝစိတ်ချထားလို့ မရသေးတဲ့ပုံပါပဲ။

ရီးယဲလ်ဟာ ဘေးလ် ကစားနိုင်တဲ့နောက်ပိုင်း တိုက်စစ်ကစားပုံကောင်းလာတာမှန်ပေမယ့်
နည်းပြ အန်ဆယ်လော့တီဟာ ဘေးလ်ကို နေရာပေးဖို့အတွက် ကစားကွက် ပုံစံကို ပြန်လည်
ပြောင်းလဲပြင်ဆင် ထားရလို့ ခံစစ်ပိုင်းပံ့ပိုးမှုအပိုင်းမှာ အားနည်းသွားတာ တွေ့ရတယ်။

တိုက်စစ်အတွက် ဒီမာရီယာ၊ ရော်နာဒို၊ ဘန်ဇီမာ၊ ဘေးလ် စတဲ့ လေးယောက်ဟာ တိုက်စစ်
အားပြုကစားသမားတွေ ဖြစ်ပြီး ခံစစ်ကို ဆင်းကူမှုအပိုင်းမှာ သိသိသာသာအားနည်းလွန်းလို့
ခံစစ် ကစားတဲ့အချိန်မှာ အဓိကကစားသမား ခြောက်ယောက်လောက်ပဲ ရှိနေတတ် တယ်။

ဒီကြားထဲမှာ ခံစစ်တောင်ပံ နှစ်ဖက် အထူးသဖြင့် ဘယ်တောင်ပံ ခံစစ်က မာဆယ်လိုဟာ တိုက်
စစ်ကိုလိုက်ပါလွန်းအားကြီးပြီး ဘောလုံး ပျက်သွားတဲ့အခါမျိုးမှာ ခံစစ်ကို မမီမကမ်းနဲ့ အတင်း
လိုက်လံဖျက်ထုတ် နေရတတ်လို့ ရီးယဲလ်ရဲ့ခံစစ်ကြောင်း ဟာ သိသာတဲ့တည်ငြိမ်မှုမျိုး အခုချိန်
အထိ မတည်ဆောက်နိုင်သေးတာပဲဖြစ်တယ်။

ခံစစ်အတွင်းလူပိုင်းကို လည်း ပီပီ၊ ရာမို့စ်နဲ့ ဗာရာနီတို့ သုံးဦး ကို အလျဉ်းသင့်သလိုလှည့်ပြီး
ပွဲထုတ် နေခဲ့လို့ ခံစစ်အတွင်းလူပိုင်းမှာလည်း တည်ငြိမ်မှုလျော့နည်းလာတာတွေ့ရ တယ်။

ဒါကြောင့်ရီးယဲလ်ရဲ့ လက်ရှိ ခံစစ်ကစားပုံနဲ့ဆိုရင် ခြေတွေ့လာတဲ့ ဆိုစီဒက်တိုက်စစ်ကို ထိန်းချုပ်
ရာမှာ အခက်အခဲတွေ့မှာ သေချာတယ်။ ဆိုစီဒက်ဟာ ပြီးခဲ့တဲ့ရာသီကတည်း က တိုက်စစ်ကစား
ပုံကောင်းတဲ့အသင်း မျိုးဖြစ်ပြီး သူတို့ဖွင့်ကစားလာခဲ့ရင် တော်ရုံခံစစ်မျိုးက တောင့်ခံမထား နိုင်
တာလည်းတွေ့ရတယ်။

ဒါပေမဲ့ ဒီရာသီမှာတော့ ဆိုစီဒက်ရဲ့တိုက်စစ် ကစားပုံဟာ နည်းပြအပြောင်းအလဲ ကြားမှာ
တည်ငြိမ်မှုလျော့သွားခဲ့တာ တွေ့ရတယ်။ ဒါကြောင့်လည်း ပွဲဦးထွက်မှာ အနိုင်နဲ့စနိုင်ခဲ့ပေမယ့်
နောက်ပိုင်းမှာ တောက်လျှောက် ဆိုသလို ချန်ပီယံလိဂ်တစ်ဖက်နဲ့ အာရုံတွေများပြီး တိုက်စစ်ပိုင်း
ကပါလျော့ကျသွားခဲ့လို့ ဆိုစီဒက်ဟာ နိုင်ပွဲ တွေ အတော်လေးပျောက်သွားခဲ့တာ တွေ့ရတယ်။

ဒါပေမဲ့ ဆိုစီဒက်ရဲ့ ကစားပုံဟာ ခံစစ်ထိန်းကစားတတ်ပုံ မဆိုးလှဘဲ သရေပွဲတွေရအောင် ဖန်တီး
ကစားနိုင်တာကိုလည်း တွေ့နေရ တယ်။ ချန်ပီယံလိဂ်ဘက်မှာ မရေရာမှု တွေ ဖြစ်လာတဲ့နောက်
ပိုင်းမှာတော့ ဆိုစီဒက်ဟာ လာလီဂါဘက်ကို ပိုအားပြုလာတာနဲ့အမျှ တိုက်စစ်ပိုင်း ကလည်း သိ
သိသာသာပြန်ပြီး တိုးတက် လာနေတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ရလဒ် တွေ ပြန်ကောင်းလာတာတွေ့
ရတယ်။

အထူးသဖြင့် ကားလို့စ်ဗီလာ ဂိုးသွင်းနှုန်းကျနေတဲ့အချိန်မှာ ဂရစ်ဇ်မန်း ဂိုးတွေ ပြန်သွင်းလာနိုင်
တာက ဆိုစီဒက်တိုက်စစ်ကို ပိုပြီး အသက်ဝင်လာ စေတာလည်းတွေ့နေရတယ်။ ဒီရာသီ ဆိုစီ
ဒက်ကစားပုံဟာ ကွင်းမရွေးဘဲ တိုက်စစ်ကို ပိုအားပြုကစားလာပြီး ခံစစ်ပိုင်းကတော့ ပြီးခဲ့တဲ့ရာ
သီက လောက် တောင့်တင်းမှုမရှိပါဘူး။ ဒါကြောင့်လည်း ရီးယဲလ်ရဲ့ တိုက်စစ် အားနဲ့ဆိုရင် ဆိုစီ
ဒက်ခံစစ်ကို ထိုးဖောက်ကျော်ဖြတ်ပြီး ဂိုးတွေရဖို့ ဆိုတာ သိပ်ပြီးမခက်လှဘူး ထင်ပါ တယ်။

ရီးယဲလ်တိုက်စစ်မှာ ဘေးလ် ကစားလာနိုင်တဲ့နောက် ရော်နာဒိုက လည်း ဂိုးသွင်းခြေစွမ်းတွေ
ပိုပြီးပြလာ တာတွေ့ရတယ်။ နောက်ဆုံးကစား ခဲ့တဲ့ နှစ်ပွဲမှာပဲ ငါးဂိုးအထိသွင်းပြထား တဲ့
ရော်နာဒိုရဲ့ဂိုးသွင်းအားတစ်ခုတည်းကိုတောင် ဆိုစီဒက်ခံစစ်က မနည်းထိန်းချုပ်ရမယ့်အနေ
အထား မှာ ရှိနေတယ်။

ဘေးလ်ကလည်း တစ်ပွဲပြီးတစ်ပွဲ အသင်းနဲ့ကစားပုံ အံဝင်လာပြီး ဆီဗီလာနဲ့ပွဲမှာ ဂိုးပြန်သွင်းနိုင်ခဲ့
တဲ့အပြင် ရာယိုနဲ့ပွဲမှာလည်း ဂိုးမသွင်းနိုင်ပေမယ့် ဂိုးဖန်တီးပေးမှု မျိုးတွေ ပိုပြီးလုပ်လာနိုင်တာတွေ့
ရ တယ်။

ဒါကြောင့် တောင်ပံနှစ်ဖက်က ဒီမာရီယာနဲ့ ဘေးလ်တို့နှစ်ယောက်ရဲ့ တိုးအားတွေဟာ ရော်နာဒို
အတွက် လည်း နေရာလွတ်တွေ ပိုရလာပြီး ဂိုးရ နိုင်ဖို့ အခွင့်အရေးပိုကောင်းလာစေခဲ့ တယ်။

ဒီတော့အခုပွဲမှာ ရီးယဲလ်အနေနဲ့ အဓိကသတိ ထားရမှာက ခံစစ်ကစားပုံ ပဲဖြစ်တယ်။ ခံစစ်ပိုင်း
လျော့ရဲနေတဲ့ ရီးယဲလ်အနေနဲ့ ဆိုစီဒက်ရဲ့တိုက်စစ်ကို ပွဲချိန်ပြည့် တောင့်ခံနိုင်ဖို့ဆိုတာ သိပ်မလွယ်
လှလို့ ဂိုးတွေတော့ ပြန်ပေး ရဖို့ရှိနိုင်တယ်။ ဆိုစီဒက်ကလည်း အပြန်အလှန်ဖွင့်ကစားပြီး ဂိုးတွေရ
နိုင်ဖွယ်ရှိနေလို့ ဒီပွဲဟာ နှစ်သင်းပေါင်း သွင်းဂိုးများသွားနိုင်တယ်။

အခြားပွဲစဉ်များ
အိုဆာဆူနာ - အယ်မီရီယာ
ဂရန်နာဒါ - မာလာဂါ
ဂီတာဖေး - အယ်လ်ချီ
ဘီလ်ဘာအို - လီဗန်တေး
ဆယ်လ်တာ - ရာယို
အက်စ်ပန်ညို - ဆီဗီလာ
ဗလင်စီယာ - ဗယ်လာဒိုးလစ်
ဗီလာရီးယဲလ် - အလက်တီကို
ဘက်တစ် - ဘာစီလိုနာ



ဖတ်ရှုမှုအများဆုံး