ဂျူဗင်တပ်-နာပိုလီ
ယခုရာသီ စီးရီးအေတွင် ဗိုလ်စွဲရန် အများဆုံးထင် ကြေးပေးခံရသော အသင်းနှစ်သင်းဖြစ်သည့်
ဂျူဗင်တပ် နှင့် နာပိုလီတို့ ထိပ်တိုက်တွေ့ဆုံမည့် ပွဲစဉ်သည် ချန်ပီယံဖြစ်နိုင်ခြေရှိ၊ မရှိ ကို အတိုင်း
အတာတစ်ခုထိ ရုပ်လုံးဖော် ပေးနိုင်သောကြောင့် ယခုပွဲတွင် ၎င်းတို့ နှစ်သင်းစလုံး အားထည့်ပြီး
အကြိတ် အနယ် ကစားကြရတော့မည်ဖြစ်သည်။
နှစ်သင်းစလုံးသည် ချန်ပီယံလိဂ် တွင် အရေးပါသည့် ပွဲစဉ်များကို ကစား ပြီးနောက် အပြန်ခရီးတွင်
ထိပ်တိုက် တွေ့ဆုံမည်ဖြစ်သောကြောင့် ပွဲပန်းပြီး ဖိအားများသည့် ဒဏ်ကိုအနည်းနှင့် အများ ခံရ
မည်ဖြစ်သည်။
အထူးသဖြင့် ချန်ပီယံလိဂ်တွင် သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သော ဂျူဗင်တပ်သည် အိမ်ကွင်း၌
ရီးယဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ပြီးနောက် ယခုပွဲစဉ်ကို ဆက်လက်ကစားရမည် ဖြစ်ရာ ဖိအား ပိုများ
သည်။
ယခုရာသီမစမီ တီဗက်ဇ်နှင့် လော်ရန်တေးတို့ကို ခေါ်ယူအားဖြည့် ခဲ့သောကြောင့် တိုက်စစ်ပိုင်း
တွင် တိုးတက်မှုများ ရှိလင့်ကစား ဂျူဗင်တပ် သည် ချန်ပီယံလိဂ်တွင် လုံလောက် သော တိုက်စစ်
အင်အားကို ပိုင်ဆိုင်နိုင် ခြင်း မရှိသေးတာကို တွေ့ရသည်။
ပြည်တွင်းစီးရီးအေ၌မူ ဂျူဗင်တပ် သည် သမ္ဘာ၊ အရှိန်အဝါနှင့် စိတ်ဓာတ် များဖြင့် အနိုင်ရအောင်
'ညှစ်'ကစား သောကြောင့် ရလဒ်များ ကောင်းမွန် နေသည်။ ထိပ်တန်းအသင်းကြီးများနှင့်
ထိပ်တိုက်တွေ့ဆုံရာ၌ ဂျူဗင်တပ်သည် အေစီမီလန်ကို ၃-၂ ဖြင့်နိုင်ပြီး အင်တာ မီလန်နှင့် ၁-၁
သရေကျကာ ဖီအိုရင် တီးနားကို ၄-၂ ဖြင့် အရေးနိမ့်ထား သည်။
ထိုရလဒ်များက ဂျူဗင်တပ်သည် ထိပ်သီးများနှင့် ရင်ဆိုင်ရာတွင် ဟုတ်တိ ပတ်တိ ခြေစွမ်းပြနိုင်
ခြင်း မရှိသေးတာ ကို ဖော်ပြနေသည်။
သို့ရာတွင် ဂျူဗင်တပ်သည် ဖီအိုရင်တီးနားကို ၄-၂ ဖြင့် ရှုံးပြီးနောက် ဂျီနိုအာကို ၂-၀၊ ကာတာနီး
ယားကို ၄-၀၊ ပါးမားကို ၁-၀ ဖြင့် ဆက်တိုက်နိုင်ခဲ့ရာ၌ ပေးဂိုးလုံးဝ မရှိ သောကြောင့် ယေဘုယျ
အားဖြင့် ခံစစ် ပါ လုံခြံုကောင်းမွန်လာပြီး ာသအငလအေငသည ပိုင်း သိသိသာသာ တိုးတက်
လာသည် ဟု ဆိုနိုင်သည်။
ပင်တိုင်တိုက်စစ်မှူး တီဗက်ဇ်သည် အောက်တိုဘာလမှစတင်ကာ စီးရီးအေ ပွဲစဉ်များတွင် ဂိုးသွင်း
နှုန်း တိုးတက်လာ သည်။
ဂျူဗင်တပ်နည်းပြ ကွန်တီသည် တိုက်စစ်တွင် တီဗက်ဇ်ကို 'အထိုင်ချ' ပြီး လော်ရန်တေး၊ ဂျီယိုဗင်
ကို၊ ကွာဂလီ ရဲလာတို့ကို လှည့်လည်သုံးစွဲသော်လည်း တီဗက်ဇ်-လော်ရန်တေးတိုက်စစ်တွဲကို
အများဆုံး ပွဲထုတ်လာသည်။
တိုက်စစ် မှူးနှစ်ယောက်ကို ကွင်းလယ်ဖန်တီးရှင် ပီယာလိုက အဓိကပံ့ပိုးပေးသည်။ ဂျူဗင်
တပ်ကွင်းလယ်သည် စီးရီးအေ တွင် အတောင့်တင်းဆုံးအနေအထားတွင်ရှိသည်။ ဗီဒယ်နှင့်
မာချီစီယိုတို့ကို 'အထိုင်ချ'ပြီး ပေါ့ဂ်ဘာ၊ အဆာမို၊ မော်ရီစီယို အစ္စလာ၊ ပါဒိုအင်တို့ကို လဲလှယ်
သုံးစွဲပေးခြင်းဖြင့် ပွဲပယ်၊ ပွဲပန်း သည့် ဒဏ်ချက်များကို ကာမိအောင် ကြိုးစားထားသည်။
တစ်ဖန် ဂျူဗင်တပ် ခံစစ်ကြောင်းနှင့် ကွင်းလယ်လူများ သည် နားလည်မှုကောင်းပြီး ချိတ်ဆက်
က စားရာတွင် ထောင့်စေ့သောကြောင့် ကစားကွက်သာမက နောက်တန်းလုံခြံု မှုပါ တိုးတက်
လာသည်။
တစ်ဖက်တွင် နာပိုလီသည်လည်း ချန်ပီယံလိဂ် အပြန်လမ်းတွင် ဂျူဗင်တပ် ကွင်းသို့ သွားရောက်
ကစားရမည်ဖြစ်သောကြောင့် ပွဲကျပ်နေသည်။ သို့ရာတွင် စီးရီးအေပြိုင်ပွဲ၌ နာပိုလီသည် ရိုးမား
တစ်သင်းတည်းကိုသာ ရှုံးဖူး သည်။ တစ်ဖန် တန်းတက်ဆော့စူလိုကို ပေါ့ဆလိုက်သောကြောင့်
ဦးဆောင်ဂိုးသွင်းထားပြီး ချေပဂိုး ပြန်သွင်းခံ လိုက်ရသည်။
ထိုနှစ်ပွဲမှလွဲပြီး စီးရီးအေ တွင် ကျန်ပွဲတိုင်းကို နာပိုလီတို့ အနိုင်ရ ခဲ့သည်။ နာပိုလီနည်းပြ ဘင်နီ
တက်ဇ်သည် နောက်ပိုင်းပွဲစဉ်များ၌ ယခုရာသီမစမီ ခေါ်ယူခဲ့သော ကိုလံဘီယာတိုက်စစ် ဒူဗန်ဇာ
ပါတာ၊ ဘယ်လ်ဂျီယံတောင်ပံ တိုက်စစ်သမား ဒရီစ်မာတင်တို့ကို ပိုမို ပွဲထုတ်လာသည်။
အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင် ကို 'အထောင်' တိုက်စစ်မှူးနေရာတွင် ထားပြီး တိုက်စစ်
ဘယ်ခြမ်းနှင့် ညာခြမ်း တွင် ကယ်လီဂျွန်၊ ဂိုရန်ပန်ဒက်ဗ်၊ အင်ဆစ်ဂနီနှင့် ဒရီစ်မာတင်တို့ကို
လဲလှယ်ထည့်သွင်းကစားစေသော်လည်း ၎င်းတို့လေးယောက်လုံးသည် တောင်ပံ နှစ်ဖက်စလုံး
တွင် ကျွမ်းကျင်စွာ ကစား နိုင်သောကြောင့် နာပိုလီ၏ တောင်ပံ တိုက်စစ်သည် technical
flexibility မြင့်မားပြီး စီးရီးအေတွင် တောင်ပံတိုက်စစ် ထိပ်တန်းအဆင့်ရှိသည်။
ကွင်းလယ်တိုက်စစ်နှင့် ကစားကွက် ဖန်တီးမှုကို ဟမ်ဆစ်က တာဝန်ယူထား သည်။ နာပိုလီကွင်း
လယ်တွင် ဂိုခန်အင်လာ၊ ဘဟာမီ၊ ဇီမေလီသည့် ၀ါရင့်သမ္ဘာရင့် ဆွစ်ဇာလန်လက်ရွေးစင်များဖြင့်
အထိုင်ချထားသောကြောင့် နားလည်မှုကောင်းသည်။ အဖြတ်အတောက် အားကောင်းသည်။
ဘဟာမီနှင့် ဂိုခန် အင်လာတို့သည် ခပ်ကြမ်းကြမ်းကစား သောကြောင့် အဝါကတ်များ မကြာ
ခဏ ထိတတ်သော်လည်း ပြိုင်ဘက် တိုက်စစ်ကို ဖြက်တောက်ခြင်း၊ ပြိုင်ဘက် ကွင်းလယ်ကစား
ရှိန် လျှော့ချပစ်ရာတွင် ထိရောက်မှုရှိသည်။
ခြံုကြည့်လျှင် ယခုပွဲတွင် နှစ်သင်း စလုံးသည် ချန်ပီယံလိဂ်ပွဲစဉ်များအပြီး ကစားရမည်ဖြစ်သော
ကြောင့် ပွဲပန်း ဒဏ်ချက်များ ခံရဖွယ်ရှိသည်။ ဂျူဗင်တပ်သည် အိမ်ရှင်အားသာချက်ရှိပြီး သမ္ဘာ၊
အရှိန်အဝါနှင့် စိတ်ဓာတ်များ ၏ အားသာချက်ကို အမိအရဆုပ်ကိုင် ကစားမည် ဖြစ်သောကြောင့်
အနည်း ငယ် အသာစီးရနိုင်သည်။
သို့ရာတွင် နာပိုလီသည် တိုက်စစ်ကောင်းသကဲ့သို့ စီးရီးအေ၌ ရိုးမားပြီးလျှင် ခံစစ်အကောင်း
ဆုံးနှင့် ပေးဂိုးအနည်းဆုံးအသင်း ဖြစ် သည်။ သို့ကလိုကြောင့် ဂျူဗင်တပ် အနည်းငယ် အသာစီး
ရနိုင်သော်လည်း နာပိုလီကို ပိုကြိုက်ပြီး ဂိုးများဖွယ်ရှိ သည်။















