ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ အိုလံ
ပစ်အားကစား ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သော BIDC Cup 2013 ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်အဖြစ်
နိုဝင်ဘာလ ၁၀ ရက်နေ့က ထိုင်း ယူ-၂၃ အသင်းနှင့် မြန်မာယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစား
ခဲ့ကြရာ ထိုင်း ယူ-၂၃ အသင်းက ၂၀ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်တွင် တွေ့ဆုံခဲ့သော မြန်မာယူ-၁၉ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်းတို့သည် ပြိုင်ပွဲ
၏ အုပ်စု(က)တွင် အတူကျရောက်ခဲ့ပြီး အုပ်စုပွဲစဉ်တွင်လည်း ထိုင်းယူ-၂၃ အသင်းက ၃၁ ဂိုးဖြင့်
အနိုင်ရရှိခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် ပြိုင်ပွဲ၏ အုပ်စု(က)တွင် ထိုင်းယူ-၂၃ အသင်း၊ ဗီယက်နမ် ယူ-၂၂
အသင်းများနှင့်အတူ ကျရောက်ခဲ့ပြီး ထိုင်း ယူ-၂၃ အသင်းကို ၃၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း
ဗီယက်နမ် ယူ-၂၂ အသင်းကို ၁၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် ဆီမီး ဖိုင်နယ်အဆင့်သို့ တက်
ရောက်နိုင်ခဲ့ သည်။
မြန်မာ ယူ-၁၉ အသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မလေးရှား ယူ-၂၃ အသင်းကို ၁၀ ဂိုးဖြင့်
အနိုင် ယူကာ ဖိုင်နယ်အဆင့်သို့ တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။ ဖိုင်နယ်ပွဲစဉ်တွင် အုပ်စုတွင်း
ပြိုင်ဘက် ထိုင်း ယူ-၂၃ အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်
သည်။
အဆိုပါ BIDC Cup 2013 ပြိုင်ပွဲ တွင် ပြိုင်ပွဲဝင်အသင်း ခြောက်သင်း ပါ၀င်ခဲ့ပြီး အုပ်စုနှစ်ခုခွဲ၍
ယှဉ်ပြိုင် ခဲ့ကြသည်။ အိမ်ရှင် ကမ္ဘောဒီးယား ယူ-၂၃ အသင်း၊ လာအို ယူ-၂၃ အသင်း၊ မလေးရှား
ယူ-၂၃ အသင်း၊ ထိုင်း ယူ-၂၃ အသင်း၊ ဗီယက်နမ် ယူ-၂၂ အသင်းနှင့် မြန်မာ ယူ-၁၉ အသင်းတို့
က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ယူ-၂၃
အသင်းများ သည် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အတွက် ပြင်ဆင်လျက်ရှိသော အသင်း များ
ဖြစ်သည်။















