ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှပူးပေါင်းစီစဉ်ပြီး ကိုကာ
ကိုလာအချိုရည်၏ ပံ့ပိုးကူညီမူဖြင့် ကမ္ဘာ့ဖလားကို မြန်မာ နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ်
လာမည့် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်
နေ့အထိ ပြည်သူ များ ကြည့်ရှုနိုင်ရန် ပြသပေးထားမည်ဖြစ်သည်။
ကိုကာကိုလာနှင့် ဖီဖာတို့ကပူးပေါင်း ပြီး ရွှေသားအတိပြီးသော အဆိုပါကမ္ဘာ့ ဖလားကြီးကို
ပြီးခဲ့သည့် စက်တင်ဘာ လက ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေးရိုး မြို့မှ စတင်၍ သယ်ဆောင်
လာခဲ့ခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၈၉ နိုင်ငံသို့ ကိုးလ တာကာလအတွင်း မိုင်ပေါင်း ၉၂,၀၀၀ ကျော်
လှည့်လည်ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါခရီးစဉ်တွင် ထို ဆုဖလားကို ယခင်က တစ်
ကြိမ်မှ လက်ခံပြသခဲ့ဖူးခြင်းမရှိသော မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၀ ကို ပထမဆုံးအကြိမ်
အဖြစ် လှည့်လည် ပြသသွားမည်ဖြစ်သည်။
အဆိုပါကမ္ဘာ့ဖလားသည် အမြင့် ၃၆ ဒသမ ၈ စင်တီမီတာ (၁၄ ဒသမ ၅လက်မ)၊ အလေးချိန်
၆ ဒသမ ၁၇၅ ကီလိုဂရမ် (၁၃ ဒသမ ၆၁ ပေါင်) ရှိပြီး ၁၈ ကာရက် ရွှေဖြင့် သွန်းလုပ်ထားခြင်း
ဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲ သော အသင်းအား ရွှေအစစ်ဆုဖလား အစား ရွှေပြား
ကွပ်ထားသော ပုံစံတူဖလားကိုပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး မူရင်းဆုဖလားကို နောက်ထပ်ပြိုင်ပွဲ
မတိုင်မီအထိ ဖီဖာဌာနချုပ်တွင် ပြန်လည်ထားရှိရသည်။
မူရင်းဆုဖလား၏ အောက်ခြေတွင် အလှဆင်သတ္တစိမ်း နှစ်လွှာပါရှိကာ ဆုဖလားအောက်ဘက်
မျက်နှာတွင် သွန်းလုပ်ခဲ့သော ခုနှစ်နှင့် ၁၉၇၄ ခုနှစ်မှ စတင်၍ ကမ္ဘာ့ဖလားကို ဗိုလ်စွဲခဲ့သော
နိုင်ငံများ၏အမည်များ ကို ဖော်ပြထားသည်။ ၂၀၀၆ခုနှစ်နှင့် ၂၀၁၀ပြည့်နှစ်များ ကလည်း
ကိုကာကိုလာနှင့် ဖီဖာတို့ ပူးပေါင်းပြီး ကမ္ဘာ့တစ်ဝန်းသို့ လှည့်လည် ပြသခဲ့ကြောင်းသိရသည်။














