အိုက်စလန်၊ သို့မဟုတ်၊အကောင်သေး ပေမယ့် အဆိပ်ပြင်းတဲ့ မြွေပွေး

အိုက်စလန်၊ သို့မဟုတ်၊အကောင်သေး ပေမယ့် အဆိပ်ပြင်းတဲ့ မြွေပွေး

အိုက်စလန်ဆိုတာ နောဒစ်နိုင်ငံ တွေထဲက သေးငယ်လွန်းတဲ့ နိုင်ငံလေး တစ်နိုင်ငံပါ။ လူဦးရေဆို
လို့ သိန်း ဂဏန်းသာရှိတဲ့ နိုင်ငံလေးဖြစ်ပါ တယ်။ နောဒစ်နိုင်ငံတွေထဲမှာ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ
တို့သာ ထင်ထင် ရှားရှားရှိခဲ့ပေမယ့် အိုက်စလန်က တော့ သာမန်အဆင့်လောက်သာရှိနေ ခဲ့ပါ
တယ်။

အခုတော့ အိုက်စလန်ဟာ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်ကိုရောက် လာစပြုလာနေပြီဖြစ်ပါတယ်။
သူတို့ မှာ ဘောလုံးနဲ့ပတ်သက်ရင် ထင်ထင် ရှားရှားပြယုဂ်ဆိုတာ အတိတ်တုန်းက မရှိခဲ့ကြပါဘူး။
အခုတော့ သူတို့ဟာ ဘရာဇီးလ်ခရီးစဉ်တစ်ခုကိုသွားနိုင်ဖို့ အတွက် အိမ်မက်တစ်ခုမက်လို့ရလာ
နေပြီဖြစ်ပါတယ်။

မိနစ် ၁၈၀ ဆိုတဲ့ အချိန်တစ်ခုကို အိုက်စလန်တွေ စောင့်စားနေကြပြီဖြစ်ပါတယ်။ သူတို့ နိုင်ငံသေး
သေးလေး၊ အသင်းသေးသေးလေးဆိုပေမယ့် အခုအခါမှာတော့ အိုက်စလန်ဆိုတာ အဆိပ်ပြင်းတဲ့
အကောင်းသေးသေး မြွေပွေးလေး တစ်ကောင်ဆိုတာကိုတော့ မေ့ထားလို့ မရတဲ့အခြေအနေကို
ပိုင်ဆိုင်ထားကြ ပြီဖြစ်ပါတယ်။

မိနစ် ၁၈၀ ဆိုတဲ့ကာလ အပိုင်းအခြားအတွင်းမှာ ဘာမဆိုဖြစ် သွားနိုင်လောက်အောင် သူတို့တွေ
လုပ်ပြနိုင်ဖို့ အခွင့်ပေါ်လာခြင်းက အိုက်စလန်ကို သတိပြုစရာဖြစ်စေခဲ့ပြီဖြစ်ပါတယ်။ လာမယ့်နိုဝင်
ဘာ ၁၅ နဲ့ ၁၉ ရက်တို့မှာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ခွင့် ရဖို့အတွက် ထပ်ဆင့်ခြေစစ်ပွဲတွေကစား
ကြတော့မှာဖြစ်ပါတယ်။

အဲဒီ အထဲမှာ အိုက်စလန်ဆိုတဲ့ မြွေပွေးလေး တစ်ကောင်လည်း ပါ၀င်နေခဲ့ပါတယ်။ ဥရောပဇုန်ခြေ
စစ်ပွဲမှာ အုပ်စု ဒုတိယရတဲ့ အကောင်းဆုံးရှစ်သင်းထဲမှာ အိုက် စလန်ဟာ ပါ၀င်သွားခဲ့တာပါ။
ဥရောပ က အိုက်စလန်ဟာ ဒီအဆင့်ထဲမှာ ပါ၀င်လိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားခဲ့ကြတာ
မဟုတ်ပါဘူး။

ဒါပေမဲ့ အိုက်စလန်တွေဟာ သူတို့ ဘောလုံးအဆင့်အတန်း တိုးတက်လာတာကို ဥရောပခြေစစ်
ပွဲနဲ့အတူ ပြသလိုက်ကြပြီ ဖြစ်ပါတယ်။ အိုက် စလန်ဟာ ဥရောပရဲ့ထိပ်သီးဆိုတဲ့ပေါ်တူဂီ၊ ပြင်သစ်၊
ဂရိ၊ ခရိုအေးရှား၊ ယူကရိန်း၊ ဆွီဒင်၊ ရိုမေးနီးယားဆိုတဲ့အသင်းတွေနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလား
အိပ်မက်ကို မက်ခွင့်ရသွားတာပဲဖြစ် ပါတယ်။

အရင်က ကမ္ဘာ့အဆင့်(၁၄၁)သာရှိတဲ့ အိုက်စလန်ဟာ အခုတော့ အဆင့်(၄၀)ကျော်နေရာကို
တက်လာ နေ ပြီဖြစ်ပါတယ်။ အခုတော့ သူတို့ဟာ ထိပ်တန်းအဆင့်(၂၀)ထဲမှာ ရပ်တည်နေတဲ့
ခရိုအေးရှားနဲ့ ဘရာဇီးလ် အိပ်မက်ကို ယှဉ်ပြိုင်ကြရတော့မှာပဲ ဖြစ်ပါတယ်။ သူတို့ဟာ အုပ်စု
အဆင့်မှာ ဆွစ်ဇာ လန်၊ ဆလိုဗေးနီးယား၊ နော်ဝေ၊ အယ်လ် ဘေးနီးယား၊ ဆိုက်ပရပ်စ်တို့နဲ့
အတူကျပြီး အုပ်စုဒုတိယ ရလာကြသူတွေ ဖြစ်ပါတယ်။

ဒီအုပ်စုအဆင့်မှာ အိုက် စလန်ဟာ အုပ်စုဒုတိယရမယ်လို့ ဘယ်သူမှထင်မထားခဲ့ကြပါဘူး။
ဆွစ် ဇာလန်နဲ့အတူ စလိုဗေးနီးယားနဲ့ နော်ဝေ ဘယ်သူတက်မလဲဆိုတာကိုပဲ ခန့်မှန်းနေခဲ့ကြ
ပါတယ်။

ဆလိုဗေးနီး ယားက ကမ္ဘာ့ဖလားကိုဝင်ခွင့်ရခဲ့ဖူး တဲ့အသင်းဖြစ်ခဲ့ပါတယ်။ အိုက်စလန် ကတော့
ဆိုက်ပရပ်စ်နဲ့အတူ အဖြည့်ခံ အဆင့်မှာပဲရှိထားခဲ့ပါတယ်။ ဒါပေမဲ့ အိုက်စလန်တွေ လုပ်နိုင်ခဲ့ကြ
ပါတယ်။

နော်ဝေကို တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ဆွစ်ဇာလန်ကို တစ်ပွဲသရေ၊ တစ်ပွဲ ရှုံး၊ ဆိုက်ပရပ်စ်ကို တစ်ပွဲနိုင်၊
တစ်ပွဲရှုံး၊ ဆလိုဗေးနီးယားကို တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ အယ်လ်ဘေးနီးယားကို နှစ်ပွဲစလုံးနိုင် ကစားပြီး
အုပ်စုဒုတိယရလာခဲ့တာပဲဖြစ်ပါတယ်။ ဘယ်သူမှ ထင်မထားခဲ့ ကြတဲ့ အိုက်စလန်တို့ရဲ့ အောင်မြင်
မှု ဖြစ်ပါတယ်။

တိုက်စစ်အားကောင်းခြင်း ဟာ အိုက်စလန်တွေ အခုလို အနေအထားကို ဖြစ်လာစေတာပဲ ဖြစ်ပါ
တယ်။ အထူးသဖြင့် ဆွစ်ဇာလန်ကို အဝေးကွင်းမှာ လေးဂိုးပြတ်အရှုံး ကနေ နောက်ကလိုက်
ကစားရင်း နောက်ဆုံးမှာ ၄ဪ၄ သရေကစားသွား ခြင်းက ဒီအခြေအနေကို တွန်းတင်ပေးလိုက်
ခြင်းပဲဖြစ်ပါတယ်။

ခြေစစ်ပွဲမှာ ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံးခဲ့တဲ့ အိုက်စလန်ဟာ ဂိုးသွင်းအားမှာတော့ အုပ်စုပထမရ
တဲ့ ဆွစ်ဇာလန်နဲ့ အပြိုင် ၁၇ ဂိုးသွင်းနိုင်တဲ့အသင်းဖြစ်ပါ တယ်။ မထင်ရတဲ့ ဂိုးသွင်းအားပဲဖြစ်ပါ
တယ်။

သူတို့ရဲ့နည်းပြက ဆွီဒင် အသင်းကို နှစ်အတန်ကြာ ကိုင်တွယ် ခဲ့တဲ့ ဆွီဒင်လူမျိုး လာဂါ
ဘက်ပဲဖြစ်ပါတယ်။ ဆွီဒင်အသင်း ကမ္ဘာ့ဖလားဝင်ခွင့် ရအောင်၊ ယူရိုဝင်ခွင့်ရအောင် အကြိမ်ကြိမ်
စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ လာဂါဘက်မှာ လုံလောက်တဲ့ အတွေ့အကြံုတွေ ပိုင်ဆိုင်ထားခြင်း
က အိုက်စလန်အသင်း အောင်မြင်မှုမှာအများကြီး သက်ရောက်မှုရှိစေခဲ့တာဖြစ်ပါတယ်။


 

"ကျွန်တော် ဇန်နဝါရီမှာ စတင်ကိုင်ပြီး ခြေစမ်းပွဲတွေကစားကတည်းက ဒီအသင်းဟာ ခြေစစ်ပွဲမှာ
အောင်မြင်မှုရလာမယ်လို့ ထင်ထားခဲ့ တာ''လို့ အုပ်စုဒုတိယ ရသွားအပြီးမှာလာဂါဘက်က ပြော
ဆိုသွားခဲ့ပါတယ်။ လူဦးရေနည်းနည်းနဲ့ ဒီနိုင်ငံလေးမှာ ပရော်ဖက်ရှင်နယ်လူငယ်ဘောလုံး သမား
တွေက ၂၀၁၁ မှာ ထူးထူးခြားခြား ထွက်လာတာက အခုလိုဖြစ်လာရတာပဲဖြစ်ပါတယ်။

၂၀၁၁ ဥရောပ ယူ-၂၁ ပြိုင်ပွဲမှာ အိုက်စလန်လူငယ်အသင်းဟာ အောင်မြင်မှုအတိုင်းအတာတစ်ခု
ထိအောင်မြင်မှုရခဲ့ပြီး အဲဒီလူငယ် အုပ်စုဟာ အခု ၂၀၁၃ အရောက်မှာ လက်ရွေးစင်အသင်းကြီးကို
အထောက် အပံ့ လာပေးလိုက်ခြင်းပဲဖြစ်ပါတယ်။အသင်းသားအများစုကို သတိမထားမိကြပေမယ့်
အဓိက ကစားသမားတွေဟာ အသက် ၂၄ နှစ်ဝန်းကျင်မှာသာ ရှိကြသူတွေပဲ ဖြစ်ပါတယ်။

စပါး အသင်းကွင်းလယ်က ဆစ်ဂါဆင်ကို လူသိများကောင်းများနိုင်ပေမယ့် တိုက်စစ်နဲ့ကွင်းလယ်
က ဆစ်သိုဆင်၊ ဂတ်မန်ဆင်၊ ဂျာနာဆင်၊ဂမ်နာဆင်၊ဖင်ဂိုဂါဆင်၊ ဟောဖရက် ဆင်၊ ဂျီဆလက်ဆင်
တို့ကိုတော့ သိနိုင်ကြမှာမဟုတ်ပါဘူး။ ခြေစစ်ပွဲ ၁၀ ပွဲမှာ ဆွစ်ဇာလန်နဲ့အပြိုင် ၁၇ ဂိုးသွင်းခဲ့တဲ့
အိုက်စလန်တိုက်စစ်ကိုကြည့်လိုက်ရင် ကွင်းလယ်နဲ့ တိုက်စစ်အားဟာ အသင်း အနေအထားနဲ့ကို
မတန်မရာဖြစ်သွား စေပါတယ်။

တိုက်စစ်မှာအဓိက ကစား သမားက ဆစ်သိုဆင်ပဲ ဖြစ်ပါတယ်။ သူက ဟော်လန်ကလပ်
အေဂျက်စ်ရဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ အသက်၂၃ နှစ်ပဲရှိသေးပြီး တစ်နေ့မှာ အိုက်စလန် ဂန္ထဝင်
ကစားသမား ဂူဂျွန်ဆင်လို့ ဥရောပထိပ်တန်းကလပ်ကို ရောက်လာနိုင်သူလို့ ထင်ကြေးပေးခံထား
ရသူပဲဖြစ်ပါတယ်။

ခြေစစ်ပွဲမှာ ဆစ်သိုဆင် ဟာ လေးဂိုးသွင်းနိုင်ခဲ့ပါတယ်။ သူနဲ့တွဲဖက်သူက ဂတ်မန်ဆင်ပဲဖြစ်ပါ
တယ်။ အသင်းကပ္ပတိန်ဖြစ်ပြီး ဟော်လန် ကလပ် အယ်လ်ခမာရဲ့ တိုက်စစ်မှူးတစ်ဦးပဲဖြစ်ပါတယ်။
သူဟာလည်း စောင့်ကြည့်ခံနေရတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပါတယ်။ ခြေစစ်ပွဲမှာသုံးဂိုးသွင်းပြီး
တစ်ဂိုးကို ဖန်တီးပေးနိုင်သူဖြစ်ပါတယ်။

ကွင်းလယ်မှာ စပါး ကစားသမားဆစ်ဂါဆင်နဲ့အတူ တွဲဖက် ကစားနေတဲ့ ဖန်တီးရှင်က ဂျာနာဆင်
ပဲဖြစ်ပါတယ်။ အသက် ၂၅ နှစ်သာ ရှိသေးပြီး ဆစ်သိုဆင်၊ ဂတ်မန်ဆင်တို့ ဂိုးတွေသွင်းနိုင်အောင်
ဆစ်ဂါဆင်နဲ့ အတူ ဖန်တီးပေးသူဖြစ်သလို ကိုယ်တိုင် လည်း ဂိုးတွေသွင်းနိုင်သူဖြစ်ပါတယ်။

စီးရီးအေကလပ် ဆမ်ဒိုးရီးယားမှာ ကစားနေကာ ခြေစစ်ပွဲမှာ သုံးဂိုးသွင်း ပြီး နှစ်ဂိုးကို ဖန်တီးပေးနိုင်
ခဲ့ပါတယ်။ စပါးကွင်းလယ်သမား ဆစ်ဂါဆင်ကလည်း ခြေစစ်ပွဲမှာ လေးဂိုးသွင်းပြီး လေးဂိုးကို
ဖန်တီးထားနိုင်ခဲ့ပါတယ်။ နောက်ထပ်တိုက်စစ်မှူးတစ်ဦးက ဖင်ဂို ဂါဆင်ပါ။ သူက ဦးစားပေးနေရာ
မရ ပေမယ့် လူစားဝင်ကစားရမှာ အားကိုး ရတဲ့တိုက်စစ်မှူး ဖြစ်နေပါတယ်။

ခြေစစ်ပွဲမှာ နှစ်ဂိုးသွင်းထားခဲ့ပါတယ်။ အိုက်စလန်အသင်းရဲ့ တိုက်စစ်ကို ကြည့်လိုက်ရင် ဆစ်သို
ဆင်၊ ဂတ်မန်ဆင်၊ ဆစ်ဂါဆင်၊ ဂျာနာဆင်၊ ဖင်ဂိုဂါဆင် ငါးဦးဟာ ၁၆ ဂိုးအထိသွင်းထားတာကို
တွေ့ရမှာဖြစ်ပါတယ်။

စုစုပေါင်း ၁၇ ဂိုးမှာ ဒီငါးဦးက ၁၆ ဂိုးသွင်းထားနိုင်တာ က လာမယ့် ထပ်ဆင့်ခြေစစ်ပွဲမှာ အိုက်
စလန်ကို သတိထားရမယ့်အချက် ပဲဖြစ်ပါတယ်။ ထပ်ဆင့်ခြေစစ်ပွဲမှာ ကစားရမယ့်အသင်းက
နာမည်ကြီး ခရိုအေးရှားအသင်းပဲဖြစ်ပါတယ်။

ခရိုအေးရှားနဲ့ အိုက်စလန် ယှဉ်လိုက်ရင်ထင်ရှားကျော်ကြားမှု အနေအထားမှာ အိုက်စလန်ဟာ
ခရိုအေးရှားကို မယှဉ် နိုင်တာသေချာပါတယ်။ ဒါပေမဲ့ အိုက် စလန်ရဲ့ ခြေစွမ်းအားက ခရိုအေးရှား
ထက် မနိမ့်တာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။

ကွင်းလယ်ခံစစ်အကူမှာ ကာဒစ်ဖ်ကစားသမား ဂန်နာဆင် ဟာလည်း ဂျာနာဆင်၊ ဟောဖရက်ဆင်
တို့နဲ့ တွဲဖက်ကစားနေခဲ့ပါတယ်။ ဟော ဖရက်ဆင်ဆိုရင် စီးရီးအေကလပ် ဗရိုနာမှာ ကစားနေသူ
ဖြစ်ပါတယ်။ပြိုင်ဘက် ခရိုအေးရှားအနေနဲ့ အိုက် စလန်အသင်းသေးသေးလေးကို လျှော့ တွက်
လိုက်ရင်တော့ ယူရို ၂၀၀၈ မှာ အင်္ဂလန်အသင်း နောက်ကောက်ကျခဲ့သလိုမျိုး ဖြစ်သွားမှာပဲ
ဖြစ်ပါတယ်။

အိုက်စလန်မှာ အားနည်းတာက နောက်တန်းပဲဖြစ်ပါတယ်။ အုပ်စု ခြေစစ်ပွဲမှာ ခံစစ်က ၁၅ ဂိုးပေး
ထားရလို့ပါ။ ၁၀ ပွဲမှာ နှစ်ပွဲသာ ဂိုးသွင်းမခံခဲ့ရတာက အိုက်စလန်ခံစစ်အားနည်းမှုပဲဖြစ်ပါတယ်။
ဒီအချက်က ခရိုအေးရှားအနေနဲ့ ပေးဂိုးအားသာချက်ရနိုင်တဲ့အနေအထားဖြစ်ပါတယ်။ ခရိုအေးရှား
ဟာ အုပ်စုခြေစစ်ပွဲကစားအပြီးမှာ နည်းပြစတီမက်ကို ဖြုတ်လိုက်ပြီး ရောဘတ်ကိုဗက်ကိုနည်းပြ
သစ်ခန့်ထားတဲ့ အသင်းဖြစ်ပါ တယ်။

ခရိုအေးရှားအသင်းမှာ မကြာသေးခင်ကာလအထိ ကွင်းလယ်မှာအကောင်းဆုံးကစားခဲ့တဲ့ ရော
ဘတ်ကိုဗက်ဟာ အခုတော့ နည်းပြဖြစ်လာ ပြီဖြစ်ပါတယ်။ အမြွှာညီဖြစ်တဲ့ နီကို ကိုဗက်က သူ့
လက်ထောက်အဖြစ်နဲ့ခရိုအေးရှားကို ကိုင်တွယ်တော့မှာပါ။ ကိုဗက်ညီနောင်ရဲ့ ပထမဆုံးပွဲက
အိုက်စလန်နဲ့ အရမ်းအရေးကြီးတဲ့ကမ္ဘာ့ဖလား ထပ်ဆင့်ခြေစစ်ပွဲဖြစ်နေပါတယ်။

ရောဘတ်ကိုဗက်ဟာ ပေါ်တူဂီ၊ ပြင်သစ်၊ ဆွီဒင်တို့နဲ့လွဲသွားလို့ ၀မ်းသာနေပါတယ်။ အိုက်စလန်ကို
မကြောက်ဘူးဆိုတဲ့သဘောပါ။ ဒါပေမဲ့ သူ့ရဲ့နည်းပြအတွေ့အကြံုနုနယ်ခြင်းနဲ့ လာဂါဘက်ရဲ့
နည်းပြအတွေ့အကြုံ ရင့်ကျက်ခြင်းတို့ကတော့ ကွာခြားမှု ဖြစ်နေပါတယ်။

ခရိုအေးရှားမှာ ကမ္ဘာ့ အဆင့် ကစားသမားတွေဖြစ်တဲ့မိုဒရစ်၊ ရာကီတစ်၊ ဆာနာ၊ မန်ဇူကစ် တို့ရှိနေ
သည့်တိုင်အောင် စတိမက် လက်ထက်က ခရိုအေးရှားဟာ အတော့် ကို အားနည်းနေခဲ့ပါတယ်။
ဒီအချက်ကို ရောဘတ်ကိုဗက်ဟာ ပြင်ဆင်ရဖို့ရှိနေပါတယ်။ အုပ်စုခြေစစ်ပွဲမှာ ခရိုအေးရှားဟာ
၁၂ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။အိုက်စလန်က ၁၇ ဂိုးသွင်းထားနိုင်ပါ တယ်။

ဒါဟာ ကွာခြားသော တိုက်စစ် အသွင်အပြင်ပဲ ဖြစ်ပါတယ်။ ရောဘတ် ကိုဗက်အနေနဲ့ ပေါ်တူဂီ၊
ပြင်သစ်တို့နဲ့ မတွေ့တာ ကံကောင်းတာမှန်ပေမယ့် အိုက်စလန်အသင်းလေးကို နိုင်မှာပဲလို့ ပေါ့
ပေါ့ဆဆတွေးပြီး ကစားရင် တော့ ဘရာဇီးလ်ခရီးနဲ့ ဝေးသွားမှာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် နိုဝင်ဘာ ၁၅ ရက်နေ့ အိုက်စလန်မှာ ကစားမယ့် ပထမအကျော့ပွဲမှာ ကိုဗက်ဟာ
ဘယ် လိုချဉ်းကပ် ကစားလာမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ အိုက်စလန် ကွင်းမှာ
အဝေးဂိုးရအောင် ကစားနိုင် မှသာ ခရိုအေးရှားဟာ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကစားမယ့်အိမ်ကွင်း
ပွဲကို အကောင်းဆုံးစီမံနိုင်မှာပဲဖြစ်ပါတယ်။ အိုက်စလန်ဟာ အကောင်သေးပေ မယ့် မြွေပွေးလေး
ဖြစ်တယ်လို့ပဲ ယူဆ နေမိပါရဲ့။



ဖတ်ရှုမှုအများဆုံး