ဥရောပဇုန် ထပ်ဆင့်ခြေစစ်ပွဲ ပထမအကျော့မှာ ဂိုးတွေနည်းမယ် - ဥရောပဇုန်ထပ်ဆင့်ခြေစစ်ပွဲ

ဥရောပဇုန် ထပ်ဆင့်ခြေစစ်ပွဲ ပထမအကျော့မှာ ဂိုးတွေနည်းမယ် - ဥရောပဇုန်ထပ်ဆင့်ခြေစစ်ပွဲ

ပေါ်တူဂီ - ဆွီဒင်
ယူရို ၂၀၁၂ မှာဝင်ခွင့်ရခဲ့ကြတဲ့ဒီနှစ်သင်းထိပ်တိုက်တွေ့နေလို့ တစ်သင်း ကတော့ ဘရာဇီးလ်
ခရီးစဉ်နဲ့ဝေးရတော့မှာဖြစ်ပါတယ်။ ပေါ်တူဂီက ခြေစစ်ပွဲမှာ ရုရှားကို မကျော်နိုင်ခဲ့ဘဲ ဒုတိယ
သာရခဲ့ပြီး ဆွီဒင်ကတော့ ဂျာမနီကိုမကျော် နိုင်ဘဲ ဒုတိယရခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီက
ရော်နယ်ဒိုအပေါ်မှာ မှီခိုလွန်း တယ်လို့ဆိုနိုင်သလို တစ်ကိုယ်ကောင်းကစားနေတဲ့ အသင်းဖြစ်
ပါတယ်။ အစ္စရေးကို သရေကျတဲ့ပွဲမှာဆိုရင် ရော်နယ်ဒိုနဲ့ကစားသမားတွေ အတွဲမိမိ ကစားနိုင်ခြင်း
မရှိတာ တွေ့ရပါတယ်။

ပေါ်တူဂီတိုက်စစ်မှာ ရော်နယ်ဒိုကလွဲရင် တိုက်စစ်မှူးကောင်းကောင်းမရှိပါဘူး။ အရင်ပေါ်တူဂီလို
သတ်မှတ်လို့မရပါဘူး။ ဆွီဒင်ကျတော့လည်း အသင်းမှာ ထိပ်တန်းကစားသမားက အီဗရာဟီမို
ဗစ်ချ်ပဲ ရှိနေပြန်ပါတယ်။ဂျာမနီကိုတိုက်စစ်ဖွင့်ကစားသွားတဲ့ ဆွီဒင်ကစားပုံဟာ တော်တော်လေး
ကောင်းတာ တွေ့ရပါတယ်။ အုပ်စုခြေစစ်ပွဲမှာ အဝေးကွင်းမှာ ဆွီဒင်ဂိုးမသွင်းနိုင်တဲ့ ပွဲတစ်ပွဲမှမရှိ
ပါဘူး။ ဒါက ဆွီဒင်တိုက်စစ်ကစားတာကို ပြနေတာဖြစ်ပါတယ်။ အခုလည်းပေါ်တူဂီမှာ ဆွီဒင်ဂိုး
သွင်းသွားနိုင်ပါတယ်။ပေါ်တူဂီအိမ်ကွင်းမို့ အနိုင်ရနိုင်သော်လည်း ဂိုးပြတ်အနိုင်မရနိုင်ပါဘူး။ ဆွီဒင်
ကနေရပါမယ်။

ယူကရိန်း - ပြင်သစ်
ယူကရိန်းက အင်္ဂလန်အုပ်စုမှာ အုပ်စုဒုတိယ၊ ပြင်သစ်က စပိန်အုပ်စုမှာ ဒုတိယရခဲ့ကြသူတွေဖြစ်
ပါတယ်။ ပြင်သစ်က ဒက်ရွှင့်လက်ထက်မှာ တည်ငြိမ် လာနေပါတယ်။ ပြဿနာသိပ်မရှိတော့ပါဘူး။
တစ်ခုရှိတာက အဝေးကွင်း မှာ ဂိုးသွင်းနိုင်မှုအားနည်းနေခြင်းဖြစ်ပါတယ်။ ယူကရိန်းကလည်း ဂိုး
သွင်း အားနည်းတဲ့အသင်းဖြစ်ပါတယ်။ ခြေစစ်ပွဲအိမ်ကွင်းမှာ ယူကရိန်းဟာ တစ်ပွဲ သာရှုံးထားပါ
တယ်။ မွန်တီနီဂရိုးကို ရှုံးခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ကို သရေ ကစားခဲ့ပါတယ်။

အခုပွဲက အရေးပါတဲ့ပွဲဖြစ်တာကြောင့် ယူကရိန်းဟာ ပြင်သစ်ကို အိမ်ကွင်းမှာအနိုင်ဂိုးသွင်းနိုင်ဖို့လို
အပ်ပါတယ်။နှစ်သင်းစလုံး ခံစစ်ကောင်းနေကြလို့ နှစ်သင်းစလုံး ဂိုးရဖို့ ခက်ခက်ခဲခဲကစားရနိုင်ပါ
တယ်။ ပြင်သစ်ဟာ အဝေးကွင်းမှာ စပိန်ကို သရေကစားထားနိုင်ခဲ့ပါတယ်။ အခုလည်း ယူကရိန်း
ကို ထိန်းကစားဦးမယ့်ပွဲဖြစ်ပါတယ်။ ယူရို ၂၀၁၂ ပြိုင်ပွဲတုန်းက ပြင်သစ်ဟာ အိမ်ရှင်ယူကရိန်းကို
၁-၀ နဲ့အနိုင်ရခဲ့ပါတယ်။ ယူကရိန်းတိုက်စစ်မှာ ယာမိုလန်ကို၊ ဒီဗစ်တို့ဟာ အဓိကကစားသမားတွေ
ပဲဖြစ်ပါတယ်။ ပြင်သစ်မှာ ကရစ်ဘာရီ၊ ဘန်ဇီမာတို့ဟာ အဓိက ကစားသမားတွေဖြစ်ကြပါတယ်။
ဒီပွဲမှာ သေချာတာက ဂိုးနည်းမှာပဲဖြစ်ပါတယ်။

အဂရိ - ရိုမေးနီးယား
ဂရိကတော့ ရိုမေးနီးယားထက်စာရင် ပိုပြီးတောင့်တင်းတဲ့အသင်းလို့ ဆိုနိုင်ပါ တယ်။ အုပ်စုခြေ
စစ်ပွဲမှာ ဂရိဟာ တစ်ပွဲသာရှုံးပြီး ဘော့စနီးယားနဲ့ အမှတ်တူ ပေမယ့် ဂိုးကွာခြားချက်နည်းသွား
တာကြောင့် အုပ်စုဒုတိယနဲ့ကျေနပ်လိုက်ရ တာဖြစ်ပါတယ်။ ရိုမေးနီးယားကျတော့လည်း အုပ်စု
က အုပ်စုကျပ်ဖြစ်နေပါ တယ်။

ဟော်လန်၊ တူရကီ၊ ဟန်ဂေရီတို့နဲ့အတူကျခဲ့ပြီး တူရကီ၊ ဟန်ဂေရီတို့ကို ကျော်ဖြတ်ပြီး အုပ်စု
ဒုတိယရသွားခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းမှာ နှစ်သင်း ဟာလည်း ခြေသိပ်ပြီးကွာကြတာ
မဟုတ်ပါဘူး။ အိမ်ကွင်းတွေမှာ အနိုင်ယူ နိုင်ဖို့နဲ့ အဝေးဂိုးတွေသွင်းနိုင်ဖို့က အဓိကအဆုံးအဖြတ်
ဖြစ်သွားနိုင်ပါတယ်။

ဂရိဟာ ခံစစ်ကောင်းကောင်း ကစားနိုင်တဲ့အသင်းဖြစ်ပါတယ်။ ရိုမေးနီးယားက ဂရိထက်စာရင်
အောက်အသင်းဖြစ်နေပါလိမ့်မယ်။ ဂရိကွင်းပွဲအတွက်တော့ ဂရိနည်းပြဟာပရိသတ်ကွင်းအပြည့်
အားပေးဖို့ တိုက်တွန်းနေပါတယ်။

အုပ်စု ပွဲမှာ ဂရိဟာ အိမ်ကွင်းငါးပွဲမှာ ရှုံးပွဲမရှိကစားထားပါတယ်။ လေးပွဲနိုင်၊ တစ်ပွဲသရေကစား
ထားတာပါ။ ငါးပွဲစလုံး ဂိုးသွင်းလည်း မခံရပါဘူး။ ရိုမေး နီးယားက အဝေးကွင်းမှာ နှစ်ဂိုးပဲသွင်းနိုင်
တဲ့အသင်းဖြစ်လို့ အခုပွဲမှာလည်း ရိုမေးနီးယားဂိုးသွင်းနိုင်ဖို့ မလွယ်ပါဘူး။ ဂရိအနိုင်ရသွားပါလိမ့်
မယ်။

အိုက်စလန် - ခရိုအေးရှား
အိုက်စလန်ကတော့ အောက်အသင်းဖြစ်ပါတယ်။ အခုမှ ထိပ်တန်းတစ်နေရာ ကို ရောက်လာတာ
ပါ။ ခရိုအေးရှားကတော့ သမ္ဘာရှိတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ခရိုအေးရှားဟာ နည်းပြပြောင်း
ထားပြီး နည်းပြက အတွေ့အကြံုနည်းနေ တာက သံသယဝင်စရာပဲဖြစ်ပါတယ်။ ရောဘတ်ကိုဗက်
အနေနဲ့ အဝေးကွင်းမှာ ပထမဆုံးကိုင်တွယ်ရမှာဖြစ်လို့ တော်တော်လေးဂရုစိုက်ရပါမယ်။

ဘာကြောင့် လဲဆိုတော့ အိုက်စလန်ဟာ တိုက်စစ်ကောင်းတဲ့အသင်းဖြစ်နေလို့ပါ။ အိုက်စလန်
တိုက်စစ်ဟာ ခြေစစ်ပွဲမှာ ဂိုးသွင်းကောင်းတာကိုတွေ့ရပါတယ်။ အသင်းဟာ လူငယ်တွေများ
နေပါတယ်။ဆစ်ဂါဆင်၊ ဂမ်နာဆင်၊ ဆစ်သိုဆင် တို့ဟာ ခရိုအေးရှားကို အခက်တွေ့အောင်
ကစားနိုင်စွမ်းရှိသူတွေဖြစ်လာပါ လိမ့်မယ်။ ခရိုအေးရှားမှာ မော့ဒရစ်၊ မန်ဇူကစ်၊ ရာကီတစ်တို့လို
ထိပ်တန်းကစား သမားတွေရှိပေမယ့် နောက်တန်းက အားနည်းနေပါတယ်။ ခရိုအေးရှားရဲ့အဓိက
အားနည်းတဲ့နေရာက နောက်တန်းဖြစ်နေတာကြောင့် အဝေးကွင်းမှာ ခရိုအေးရှား မရှုံးအောင်
ကစားရပါမယ်။ အိုက်စလန်ကိုရွေးရမယ့်ပွဲဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး