ရီယိုဒီဂျနေးရိုး - ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပနေစဉ်ကာလအတွင်း
ဘရာဇီးလ်ပြည်သူများအနေဖြင့် ပြည်ပ ဧည့်သည်များအား အနှောင့်အယှက် များ မပြုလုပ်ဘဲ
ပြိုင်ပွဲကြီးအောင်မြင် စွာကျင်းပနိုင်ရေးအတွက် အကောင်းဆုံးအကူအညီပေးကြမည်ဟု ယုံကြည်
ကြောင်း ပြည်တွင်းလှုံ့ဆော်ရေးကော်မတီ စီအီးအို ရီကာဒိုထရိတ်က ပြောကြားလိုက်သည်။
ဘရာဇီးလ်နိုင်ငံ မြို့ကြီး ၁၂ မြို့တွင် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပ နိုင်ရေးအတွက် ပြင်ဆင်
စရိတ်သည် ဒေါ်လာ ၁၅ ဘီလျံဝန်းကျင် ကုန်ကျ ခဲ့သည်။
ထို့ကြောင့် ပြည်သူများက ပြိုင်ပွဲအတွက် ပြင်ဆင်မှုကုန်ကျစရိတ် များကို ကျန်းမာရေး၊ လုံခြံုရေး၊
ကျောင်း များနှင့် ပညာရေးကိစ္စများတွင် အသုံး ပြုပါက ပိုမိုအကျိုးရှိနိုင်သည်ဟု ယူဆ ပြီး ဆန္ဒပြ
မှုများပင် ပြုလုပ်ခဲ့ကြသည်။
"ဒီလိုဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာ ဟာ ဒီမိုကရေစီနိုင်ငံမှာ ဒီမိုကရေစီဆန်ဆန် တောင်းဆိုမှုတွေ
လုပ်ဆောင် ခဲ့ကြတာပါ။ ဒီလိုအဖြစ်အပျက်မျိုး ဘယ်သူမှ ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။
ပြည်သူတွေတောင်းဆိုခဲ့ကြတဲ့ အချက် တွေကလည်း သူတို့အတွက် လိုအပ်တဲ့ အချက်တွေပါပဲ။
ပြိုင်ပွဲကြီး ကျင်းပနေ တဲ့ အချိန်မှာလည်း ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ကြိုမသိနိုင်ပေမယ့် အခု
ချိန်မှာ ဘရာဇီးလ်ပြည်သူ ရ၀ ရာခိုင်နှုန်းလောက်က ပြိုင်ပွဲကြီးဆီကို အာရုံပြန်ရောက်သွားပါပြီ။
ဒါကြောင့် ပြိုင်ပွဲကာလမှာတော့ ပြဿနာတွေ မဖြစ်ပွားဘဲ အကောင်းဆုံး လုပ်ဆောင်သွားနိုင်
လိမ့်မယ်လို့ ယုံကြည်ပါတယ်"ဟု ထရိတ်က ပြောကြားသွားသည်။
ဆန္ဒပြပွဲများကြောင့် ၀င်ရောက်လာ မည့် ဧည့်သည်များအပေါ် အနည်းနှင့် အများ ထိခိုက်နိုင်သည်
ဟုလည်း ဆိုသည်။
(အေအက်ဖ်ပီ)














