အီတလီနဲ့ ဂျာမနီ ထိပ်တိုက်အဆုံမှာ ဂျာမနီကိုကြိုက်တယ်

အီတလီနဲ့ ဂျာမနီ ထိပ်တိုက်အဆုံမှာ ဂျာမနီကိုကြိုက်တယ်

အခုတစ်ပတ်ကစားမယ့် ပွဲစဉ်တွေဟာ ခြေစမ်းပွဲဆိုပေမယ့်လည်း တစ်သင်းရဲ့ဗျူဟာ၊ နည်းပရိ
ယာယ်၊ နည်းစနစ်တွေကိုသိဖို့ ကစားကြမယ့်ပွဲတွေမို့ နည်းပြတွေရဲ့စဉ်းစားတွေးခေါ် မှုတွေကို
အလေးပေးကြည့်ရှုရမယ့် ပွဲစဉ်တွေဖြစ်ပါတယ်။ အဲဒီပွဲစဉ်တွေထဲမှာ အီတလီနဲ့ဂျာမနီ ထိပ်တိုက်
တွေ့ဆုံနေတဲ့ပွဲကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးပါပဲ။

အီတလီ - ဂျာမနီ နောက်ဆုံးတွေ့ဆုံမှု
၂၉-၆-၁၂ ဂျာမနီ ၁-၂ အီတလီ

အီတလီမြေပေါ်က နောက်ဆုံး နှစ်ကြိမ်တွေ့ဆုံခဲ့ရာမှာတော့ ဂျာမနီအသာစီးမရခဲ့ပါဘူး။ ခြေစမ်းပွဲ
တစ်ခု မှာ ၄-၁ နဲ့ ရှုံးနိမ့်ပြီး ၁၉၉၆ ယူရိုပြိုင်ပွဲ မှာ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံး
ကစားထားတဲ့ ကမ္ဘာ့ ဖလားခြေစစ်ပွဲလေးပွဲစလုံးကို ဂျာမနီ အနိုင်ကစားထားတာကို တွေ့ရပါ တယ်။
အီတလီက နောက်ဆုံးနှစ်ပွဲ ဆက်တိုက် အဝေးကွင်းနဲ့အိမ်ကွင်းမှာ သရေကျထားတာကို တွေ့နေ
ရပါ တယ်။ ဂျာမနီကိုပဲ သဘောကျပါတယ်။

ရုရှား -ဆားဘီးယား နောက်ဆုံးတွေ့ဆုံမှု
၁၀-၈-၁၁ ရုရှား ၁-၀ ဆားဘီးယား
အစဉ်အလာပိုင်းအရတော့ ရုရှားကို ဆားဘီးယား မလှန်နိုင်ပါဘူး။ ဒါပေမဲ့ ဆလဗ်မျိုးနွယ်ဝင်တွေ
အချင်းချင်း၊ အရှေ့ဥရောပနိုင်ငံအချင်းချင်း ထိပ်တိုက်တွေ့တဲ့ပွဲမို့ ပွဲကအကြိတ်အနယ် ရှိပြီး
ပြိုင်ဆိုင်မှုပြင်းထန်ပါလိမ့်မယ်။ ရုရှားနိုင်ရင်တောင် ဂိုးမပြတ်လောက် ပါဘူး။

ဒိန်းမတ် -နော်ဝေ နောက်ဆုံးတွေ့ဆုံမှု
ရ-၉-၁၁ ဒိန်းမတ် ၂-၀ နော်ဝေ

နော့ဒစ်ဘာသာစကားပြော နိုင်ငံ အချင်းချင်း ထိပ်တိုက်တွေ့ဆုံတဲ့ နော့ဒစ်ဒါဘီတစ်ခုဖြစ်ပါတယ်။
ဒိန်းမတ်ရဲ့အိမ်ကွင်းမှာ နော်ဝေတို့ တစ်ကြိမ်ပဲနိုင်ခဲ့ဖူးပါတယ်။ ဒိန်းမတ် ဟာ မော်လ်တာကို အဝေး
ကွင်းမှာ ၁-၂ နဲ့ နိုင်တဲ့ပွဲကစပြီး နောက်ဆုံး လေးပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ ဒါပေမဲ့ နော်ဝေရဲ့
နောက်ဆုံးနှစ်ပွဲ ဆက် ဆလိုဗေးနီးယားနဲ့ အိုက်စလန်ပွဲတွေရဲ့ခြေစွမ်းက စိတ်ပျက်ဖွယ်ရာ ကောင်း
ပါတယ်။ ဒိန်းမတ်ကိုပဲ ရွေးချယ်အားပေးရမှာပါ။

ပိုလန် -ဆလိုဗက်ကီးယား နောက်ဆုံးတွေ့ဆုံမှု
၂၆-၅-၁၂ ပိုလန် ၁-၀ ဆလိုဗက်ကီးယား

ဒီပွဲစဉ်ဟာလည်း အရှေ့ဥရောပ နိုင်ငံအချင်းချင်းတွေ့ဆုံတဲ့ပွဲမို့ ပြိုင်ဆိုင် မှုပြင်းထန်စရာအကြောင်း
ရှိပါတယ်။ ပိုလန်မြေပေါ်မှာ ဆလိုဗက်ကီးယားတို့ တစ်ကြိမ်နိုင်ပြီး တစ်ကြိမ်သရေကျ ခဲ့ဖူးပါတယ်။
ယူကရိန်းနဲ့ အင်္ဂလန်ကို ရှုံးပြီး ခြေစစ်ပွဲမအောင်ဖြစ်ခဲ့ရတဲ့ ပိုလန်အိမ်ကွင်းမှာ ဆလိုဗက်ကီးယား ကို
ကပ်နိုင်သွားနိုင်ပါတယ်။

အင်္ဂလန် -ချီလီ နောက်ဆုံးတွေ့ဆုံမှု
၁၁-၂-၉၈ အင်္ဂလန် ၀-၂ ချီလီ
ခြေစစ်ပွဲတိုက်ရိုက်အောင်ပြီးဖြစ်တဲ့ အင်္ဂလန်ဟာ လက်တင်အမေရိက အသင်းတစ်သင်းနဲ့ ခြေစမ်း
ပြီး ဒါဟာ လက်တင်အမေရိကအသင်းတွေရဲ့ခြေစွမ်းကို အကဲဖမ်းဖို့ကြိုးစားတာဖြစ် ပါတယ်။ ချီလီ
ဟာ နောက်ဆုံးကစားခဲ့တဲ့ ခြောက်ပွဲမှာ ဘိုလစ်ဗီးယားကို ၃-၁ အနိုင်၊ အီရတ်ကို ၆-၀ အနိုင်၊ ဗင်နီ
ဇွဲလားကို ၃-၀ အနိုင်၊ စပိန်နဲ့ ကိုလံဘီယာကိုသရေ၊ အီကွေဒေါကို ၂-၁ အနိုင်ကစားထားတဲ့အသင်း
ဖြစ် ပါတယ်။ အင်္ဂလန်သရေလောက်ပဲရလိမ့်မယ်လို့ ထင်ပါတယ်။

နယ်သာလန် -ဂျပန် နောက်ဆုံးတွေ့ဆုံမှု
၁၉-၆-၁၀ နယ်သာလန် ၁-၀ ဂျပန်
ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ပြီးတဲ့ ဥရောပဇုန်က နယ်သာလန်ဟာ အိမ်ကွင်းမှာ ဟန်ဂေရီကို ၈-၁
နဲ့ ဂိုးပြတ်နိုင်ခဲ့တာကို ဂျပန်တို့ အထူးသတိထားဖို့လိုပါလိမ့်မယ်။ ဂျပန်ဟာ ဥရုဂွေး၊ ဂွာတီမာလာ၊
ဂါနာ၊ ဆားဘီးယား၊ ဘီလာရုစ်တို့နဲ့ တောက်လျှောက် ခြေစမ်းထားပြီး အဲဒီပွဲစဉ်တွေမှာ နှစ်ပွဲနိုင်၊
သုံးပွဲရှုံး ရလဒ်ထွက်ထားပါတယ်။ အထူးသဖြင့် ဥရောပအသင်းတွေဖြစ် တဲ့ ဘီလာရုစ်နဲ့ ဆားဘီး
ယားကို အဝေး ကွင်းမှာ ဂိုးမသွင်းနိုင်ဘဲ ရှုံးခဲ့တာက ဥရောပအဆင့်ကို မမီသေးဘူးလို့ ပြဆို နေပါ
တယ်။ ဂျပန်ကို ငြင်းပယ်ရပါမယ်။

စကော့တလန် -အမေရိကန် နောက်ဆုံးတွေ့ဆုံမှု
၂၇-၅-၁၂ အမေရိကန် ၅-၁ စကော့တလန်

စကော့တလန်မြေပေါ်မှာ ၁-၁ သရေရလဒ်တစ်ခုကို အမေရိကန်တို့ ရယူနိုင်ခဲ့ဖူးပါတယ်။ လက်ရှိ
ခြေစွမ်း အရကတော့ စကော့တလန်ဟာ ခရိုအေးရှားကို နှစ်ကျော့စလုံးနိုင်ပြီး မက်ဆီဒိုးနီးယားကို
အဝေးကွင်းမှာ နိုင်ထားလို့ ခြေစွမ်းမှန်နေတယ်ဆိုနိုင်ပါ တယ်။ ဒါပေမဲ့ အမေရိကန်ဟာ ဥရောပ
တိုက်က အသင်းတစ်သင်းဖြစ်တဲ့ ဘော့စနီးယားကိုတောင် အဝေးကွင်း မှာ ၃-၄ နဲ့ အနိုင်ယူထား
လို့ အမေရိကန် ကို အားပေးရပါမယ်။

အီကွေဒေါ -အာဂျင်တီးနား နောက်ဆုံးတွေ့ဆုံမှု
၁၂-၆-၁၃
အီကွေဒေါ ၁-၁ အာဂျင်တီးနား
အခုကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ကျော့ စလုံးမှာတော့ အီကွေဒေါတို့ အာဂျင်တီးနားကို အသာမရခဲ့
ပါဘူး။ အာဂျင် တီးနားဟာ နောက်ဆုံးပွဲ ဥရုဂွေးကို ၃-၂ နဲ့ ရှုံးခဲ့တာကလွဲလို့ ကျန်ငါးပွဲ စလုံး
အမှားအယွင်းမရှိကစားနိုင်ခဲ့ တယ်။ ဒီပွဲစဉ်ဟာ သရေရလဒ်ကိုပဲ ဦးတည်နေပြီး နှစ်သင်းပေါင်း
သွင်းဂိုး ကတော့ များသွားနိုင်ပါတယ်။

အီကွေတိုရီရယ်ဂီနီ -စပိန် နောက်ဆုံးတွေ့ဆုံမှုမရှိ
အာဖရိကအသင်းတစ်သင်းနဲ့ ဥရောပ အကောင်းဆုံး၊ ကမ္ဘာ့အကောင်းဆုံး ထိပ်သီးအသင်းတစ်သင်း
တို့ ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။ အီကွေတိုရီရယ် ဂီနီဟာ ခြေစမ်းပွဲတွေမှာ ဥရောပ အသင်းတစ်သင်း
သင်းနဲ့ ခြေစမ်းထားတာမတွေ့ရပါ။ စပိန်ကတော့ ခြေစမ်းပွဲတွေမှာ အီကွေဒေါ၊ ချီလီ၊ ဘရာဇီးလ်
အစရှိတဲ့ လက်တင်အမေရိက အသင်း တွေနဲ့ ခြေစမ်းထားပါတယ်။ အီကွေ တိုရယ်လ်ဂီနီကစား
ကွက် မာကျော နိုင်ပေမယ့်လည်း နည်းစနစ်ပိုင်း ကြွယ်ဝ တဲ့စပိန်ကို မနိုင်လောက်ပါဘူး။



ဖတ်ရှုမှုအများဆုံး