ပေါင်တွင်းကြောဒဏ်ရာကြောင့် မက်ဆီ ရက်သတ္တပတ်အတော်ကြာ အနားယူရမည်

ပေါင်တွင်းကြောဒဏ်ရာကြောင့် မက်ဆီ ရက်သတ္တပတ်အတော်ကြာ အနားယူရမည်

ဘာစီလိုနာ - ဘာစီလိုနာအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီမှာ
ပေါင်တွင်းကြောဒဏ်ရကြောင့် ရက် သတ္တပတ်အတော်ကြာအနားယူရမည် ဖြစ်ကြောင်း အသင်း
က ထုတ်ပြန် ကြေညာလိုက်သည်။

ကြေညာချက် အရ မက်ဆီမှာ ခြောက်ပတ်မှ ရှစ်ပတ် ခန့်အထိ အနားယူရဖွယ်ရှိပြီး ယင်း ဒဏ်ရာ
မှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သည့် ဘက်တစ်အသင်းနှင့် ပွဲတွင် ရရှိခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် ရာသီအစပိုင်းတွင် ပေါင်တွင်းကြောနှင့် ပေါင်ကြွက်သား ဒဏ်ရာများရရှိခဲ့ပြီး ယခု
ဒဏ်ရာမှာ တတိယအကြိမ် ထပ်မံရရှိသည့် ဒဏ်ရာဖြစ်သည်။ ထို့ကြောင့် မက်ဆီမှာ ချန်ပီယံလိဂ်
အုပ်စုနောက်ဆုံးပွဲစဉ်နှစ်ပွဲဖြစ်သည့် အေဂျက်၊ ဆဲလ်တစ်အသင်းများနှင့် ကစားမည့်ပွဲများ အပါ
အဝင် ဘာစီလို နာအသင်း၏ ပွဲစဉ် ရှစ်ပွဲခန့် လွဲချော် ဖွယ်ရှိနေသည်။

"ကလပ်အသင်းဆေးအဖွဲ့က တနင်္လာ နေ့နံနက် ဆေးစစ်ချက်များအရ မက်ဆီ ရဲ့ ဒဏ်ရာက
ပေါင်တွင်းကြောအနည်း ငယ် စုတ်ပြဲသွားခြင်းဖြစ်ပြီး ခြောက်ပတ် ကနေ ရှစ်ပတ်လောက်ထိ
အနားယူဖို့ လိုအပ်ပါတယ်။ မက်ဆီရဲ့ ဒဏ်ရာကို ဘာစီလိုနာမှာပဲ ကုသမှု ပြုလုပ်မှာဖြစ် ပြီး
အဲဒီနောက် သူ့ရဲ့ မွေးရပ်မြေဖြစ် တဲ့ အာဂျင်တီးနားနိုင်ငံ ဗြူနိုအေရီးစ်မြို့မှာ ပြန်လည်အနားယူမှာ
ဖြစ်ပါ တယ်"ဟု ကလပ်အသင်းဝက်ဘ်ဆိုက် က ထုတ်ပြန်ကြေညာခဲ့သည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး